Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 11, 2015

ငါးလောင်းပြိုင်လူသတ်မှု မီဇိုရမ်တွင်ဖြစ်ပွား

အခင်းဖြစ်ပွားသည့်အိမ်
အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက် မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် ဇန်န၀ါရီလ ၉ ရက်ည ၈ နာရီခန့်က ငါးလောင်း ပြိုင် လူသတ်မှု ဖြစ်ပွားခဲ့သည်။

အိုင်ဇောလ်မြို့ Republic ရပ်ကွက်ရှိ Springfield Higher Secondary ကျောင်းအဆောက်အဦး အပေါ်ထပ်တွင် အိမ်ငှါး အဖြစ်နေထိုင်သော Pu Sangliansiama(၅၇) တို့ မိသားစုဝင် ၅ ယောက်ကို တရပ်ကွက်တည်းနေ Laltlanchhuaha(၃၇) က ဓါးချွန်ဖြင့် တစ်ယောက်ချင်းစီ ထိုးသတ်ခဲ့ခြင်း ဖြစ်သည်။

အခင်းဖြစ်ပွားပုံမှာ ဇန်န၀ါရီလ ၉ ရက် သောကြာနေ့ ည ၈ နာရီခန့်တွင် Laltlanchhuah သည် Pu Sangliansiama တို့ အိမ်ထဲသို့ သွားရောက်ပြီး ပိုက်ဆံတောင်းကာ အိမ်ရှင် Pu Siama က ရူပီးငွေ တစ်ထောင် ထုတ်ပေးပြီးနောက် ပိုက်ဆံ ထပ်ပေးရန် တောင်းခံခြင်းကြောင့် စကားများရာမှ Pu Siama ကို Laltlanchhuah က ဓါးချွန်ဖြင့် ထိုးသတ်ခဲ့ခြင်းဖြစ်သည်။

ထိုအချိန်တွင် ကြောက်လန့်ပြီး အိမ်ပြင်သို့ထွက်ပြေးရန်ကြိုးစားသော Pu Siama ၏ ညီမ Pi vanlalchhungi (၅၄) ကို အိမ် ထဲသို့ပြန်ဆွဲသွင်းကာ ဓါးချွန်ထိုးသတ်ပြီး အိမ်တံခါးမကို အထဲကနေ သော့ခတ်ထားပြီးနောက် အိပ်ခန်းထဲ သို့ ပြေးသွား သော Pu Siama ၏ ဇနီး Pi Khualthangi(၅၇) ကို Laltlanchhuaha က ဓါးဖြင့် ထပ်မံထိုးသတ်ခဲ့သည်။

ထို့နောက် Pu Siama နှင့် Pi Khualthangi တို့၏ တစ်ဦးတည်းသောသား အသက် ၅ နှစ်အရွယ် Isaac Lalrinnunga နှင့် Pu siama ၏ တူတော်စပ်သူ ၉ တန်းကျောင်းသား အသက် (၁၄) နှစ်အရွယ် Samuel Lalrinchhana တို့နှစ်ဦးကို ဓါးချွန် ဖြင့် ထပ်မံထိုးသတ်ခဲ့သည်ဟု ယနေ့ထုတ် The Aizawl Post သတင်းစာတွင်ဖော်ပြထားသည်။

ကြောက်ရွံ့ပြီး ရေချိုးခန်းထဲပုန်းအောင်းနေသော အိမ်ဖော်မ နှင့် သူငယ်ချင်းတစ်ဦးထံ အလည်သွား နေသော Pu Siama ၏ တူ Lalhriatpuia တို့နှစ်ဦးသာ အသက်ဘေးမှလွတ်မြောက်ခဲ့ကြသည်ဟု သိရသည်။

အိမ်နီးနားချင်းများသည် Pu Siama တို့အိမ်ထဲမှ အကူအညီတောင်းခံသော အော်ဟစ်သံများ ကြားသည့်အချိန်တွင် အိမ်ထဲ သို့ ပြေးဝင်ရန်ကြိုးစား ကြချိန်တွင် လူသတ်သူ Laltlanchhuah သည် ပြတင်းပေါက်မှ ခုန်ဆင်းကာ ထွက်ပြေးခဲ့သော်လည်း Springfield Higher Secondary ကျောင်းသားများက ဖမ်းဆီးခဲ့ကြသည်။

ထိုအချိန်တွင် မီဇိုရမ်ရဲများရောက်ရှိလာပြီး Laltlanchhuah ကို ဖမ်းဆီးခေါ်ဆောင်ကာ ဗဟိုထောင်သို့ ချက်ချင်းပို့ဆောင် လိုက်ပြီဟုသိရသည်။

Khonumthung News Group.
http://www.khonumthungburmese.org/?p=4740#more-4740

No comments:

Post a Comment