Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 11, 2015

မြန်မာဘက်က သွင်းလာသည့် စိတ်ကြွဆေးများ ရေလယ်ကျွန်းတွင် ဖမ်းမိ



မြန်မာဘက်က တင်သွင်းလာတဲ့ ယာမ စိတ်ကြွဆေးပြား ၈ သောင်း၊ ကျပ်ငွေ သိန်း ၄၀ နဲ့အတူ လူ ၂ ဦးကို ဇန်န၀ါရီလ ၁၁ ရက် မနက်စောစောက ရေလယ်ကျွန်းမှာ ဖမ်းမိလိုက်ကြောင်း တာ့ခ်ခရိုင်၊ မဲဆောက်မြို့ ထိုင်းရဲအရာရှိတဦးက ပြောပါတယ်။

မနက် ၆ နာရီလောက်က မြ၀တီမြို့ဘက်က လာသူ လူငယ် ၃ ဦးကို မဲဆောက်အ၀င် ရေလယ်ကျွန်းမှာ ထိုင်းအာဏာပိုင်တွေက စစ်ဆေးတဲ့အခါ တဦးက ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။ ကျန် ၂ ဦးဖြစ်တဲ့ မောင်မင်းကို၊ စိုင်းကိုကို တို့နဲ့အတူ စိတ်ကြွဆေးတွေ ဖမ်းမိခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မကြာခင် ထိုင်းရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းမယ်လို့ ရဲအရာရှိက ပြောပါတယ်။

သတင်းဓာတ်ပုံ – စောဖိုးစီ

By ဒီဗွီဘီ
http://burmese.dvb.no/archives/76679

No comments:

Post a Comment