Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 13, 2015

တောင်သမန်အင်းအတွင်းရှိ လယ်ယာမြေများ တစ်ဧက ကျပ်သိန်း ၂၀၀၀ ခန့် ဈေးပေါက်

အမရပူရမြို့နယ်၊ တောင် သမန်အင်းအတွင်းမှ လယ်ယာ မြေများကို တရုတ်လူမျိုးများနှင့် မန္တလေးမြို့ခံ လုပ်ငန်းရှင်များက တစ်ဧကလျှင်ကျပ်သိန်း ၂၀၀၀ ခန့်ဖြင့် ၀ယ်ယူနေကြောင်း သတင်း ရရှိသည်။

လွန်ခဲ့သည့် တစ်နှစ်ခန့်မှ စတင်၍ တောင်သမန်အင်းအ တွင်းရှိ လယ်ယာမြေများကို လုပ် ငန်းရှင်များက ၀ယ်ယူနေကြခြင်း ဖြစ်ပြီး လက်ရှိအချိန်တွင် တစ် ဧကကျပ်သိန်း ၂၀၀၀ ခန့် ဈေး ပေါက်နေသည်ဟု အိမ်ခြံမြေအ ကျိုးဆောင်များက ဆိုသည်။

‘‘အခုမှ ၀ယ်ချင်တယ်ဆိုရင် တော့ နောက်ကျသွားပြီ။ အင်းထဲ က မြေတွေက လုပ်ငန်းရှင်တွေ၊ ၀ယ်ရောင်းတွေလက်ထဲ ရောက် သွားပြီ။ အဓိက၀ယ်ကြတာက တရုတ်တွေဆိုပေမယ့် မျက်နှာ စိမ်းတရုတ်တွေ မဟုတ်ဘူး။ မန္တ လေးက မြေလုပ်ငန်းလုပ်တဲ့ တ ရုတ်တွေက ၀ယ်ကြတာ’’ ဟု မန္တ လေးမြို့ ရွှေမန္တလေး အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးနေ လင်းအောင်က ပြောသည်။

တောင်သမန်အင်းအနီးရှိ မြေဧက ၃၀၀ ခန့်ပေါ်တွင် လုပ် ငန်းရှင်တစ်ဦးက အိမ်ရာစီမံကိန်း ဖော်ဆောင်မည်ဟူသော သတင်း ထွက်လာပြီးနောက် အင်းအတွင်း မှ မြေယာများ ဈေးမြင့်တက်လာ ခြင်းဖြစ်သည်ဟု ဦးနေလင်း အောင်က ဆိုသည်။

ထို့ပြင် မြို့ပေါ်ရှိ အိမ်ခြံမြေ များ ၀ယ်ယူရာတွင် အခွန် ဆောင်ရပြီး လယ်ယာမြေများ ၀ယ်ယူရာတွင် အခွန်မဆောင် ရသည့်အတွက် လယ်ယာမြေ ဥပဒေ ထွက်ပေါ်လာပြီးနောက် လုပ်ငန်းရှင်များက လယ်ယာ မြေများ ၀ယ်ယူကြခြင်းဖြစ်သည် ဟု ၎င်းက ပြောသည်။

တောင်သမန်းအင်းဧရိယာ မှာ မြေဧကတစ်ထောင်ခန့် ကျယ် ၀န်းပြီး အင်းမြေဧရိယာ၏ သုံးပုံ နှစ်ပုံခန့်မှာ မူရင်းမြေနှင့် ကိုင်းမြေ များဖြစ်သည်။ အင်းရေကျချိန် ပေါ်ထွက်လာသည့် မြေယာများ ကို အမရပူရမြို့နယ် တောင်သ မန်ကျေးရွာအုပ်စု၊ ဟင်္သာကျေး ရွာအုပ်စု၊ ဘုံးအိုးကျေးရွာအုပ်စု၊ ရွှေဂွမ်းထုပ်ရပ်ကွက်နှင့် ဆင်စွယ် ပွတ်ရပ်ကွက်တို့မှ ဒေသခံတောင် သူများက သီးနှံစိုက်ပျိုးလုပ်ကိုင် ကြသည်။ လက်ရှိအချိန်တွင် ဒေ သခံတောင်သူများ ပိုင်ဆိုင်သည့် လယ်ယာမြေဧက ၂၅၀ ခန့်ကို လယ်ယာမြေလုပ်ပိုင်ခွင့် လက် မှတ်ပုံစံ (၇) များ ထုတ်ပေးထား ပြီး အခြားမြေများမှာ အင်းပိုင် မြေများဖြစ်သည်ဟု မန္တလေးတိုင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးမြင့်သန်းက ပြီးခဲ့သည့် ဒီဇင် ဘာလကပြုလုပ်ခဲ့သည့် မန္တလေး တိုင်းဒေသကြီး လွှတ်တော်တွင် ပြောသည်။

လွန်ခဲ့သည့် ခြောက်လခန့် ကတည်းက တောင်သမန်အင်း အတွင်းရှိ မြေယာများအရောင်း ၀ယ်ဖြစ်နေသည်ကို ကြားသိရပြီး ဒေသခံတောင်သူများအား မြေ ယာများ ရောင်းချခြင်းမပြုရန် အ သိပေးစည်းရုံးနေရသည်ဟု အမရ ပူရမြို့နယ် လွှတ်တော်ကိုယ်စား လှယ်တစ်ဦးက ပြောသည်။

လယ်ယာမြေ၀ယ်ယူသည့် လုပ်ငန်းရှင်များက မြေယာလုပ် ပိုင်ခွင့်လက်မှတ် ပုံစံ (၇) များကို သာ ရယူထားကြပြီး တောင်သူ များကို ပုံမှန်အတိုင်း သီးနှံစိုက်ပျိုးခွင့် ပေးထားသည်ဟုဆိုသည်။

မန္တလေးမြို့ပတ်လည်ရှိ လယ်ယာမြေများကို တရုတ်လူ မျိုးများနှင့် စီးပွားရေးလုပ်ငန်းရှင် များက အများအပြားဝယ်ယူထား ကြရာ မကြာမီနှစ်များအတွင်း မြေယာပိုင်ဆိုင်မှု ပြဿနာများ ဖြစ်ပေါ်နိုင်ကြောင်း မန္တလေးမြို့ခံ အချို့က ပြောသည်။
http://7daydaily.com/story/29285#.VLUT0Xs9THR

No comments:

Post a Comment