Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 29, 2015

လူသတ်၊ စစ်အကျဉ်းထောင်ဖောက် တရားခံ (၂) ဦး ရွှေဘိုတွင် ဖမ်းမိ


မုံရွာ

ပြီးခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့သော မန္တလေးနန်းတွင်း စစ် အကျဉ်းထောင်ဖောက် လူသတ် ထွက်ပြေးမှုတွင် ပါဝင် ခဲ့သည့် တရားခံများ အနက်မှ နှစ်ဦး ကို ဇန်န၀ါရီလ (၂၈) ရက်နေ့၊ နံနက် (၁၀) နာရီခွဲ အချိန်တွင် ရွှေဘိုခရိုင် ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ ခဲ့ကြောင်း သတင်း ရရှိသည်။ တပ်မတော်နဲ့ ဆိုင်တဲ့ အတွက် တပ်မတော် ရွှေဘို တပ်ဖွဲ့ကို လွှဲပြောင်းပေးလိုက် ပါတယ် ဟု ရွှေဘိုခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး ခင်မောင်လတ်က The Messenger Media သို့ ပြောသည်။

အဆိုပါ တရားခံများကို ရွှေဘိုမြို့၊ ချီပါစုရပ်၊ မင်းကုန်းရွာ အနီးတွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပြီး၊ တရားခံ နှစ်ဦးကို ဖမ်ဆီးနိုင် ခဲ့ကာ၊ တရားခံ တစ်ဦးမှာ ထွက်မြောက်သွား ခဲ့ကြောင်း အဆိုပါ ဌာနမှ သတင်း ရရှိသည်။  မန္တလေး နန်းတွင်း စစ်အကျဉ်းထောင် အတွင်း လူသတ်မှုတွင် ပြစ်မှု ကျူးလွန်သူ ထောင်သား ရှစ်ဦးသည် ကတ်ကြေးကို အသုံးပြုကာ အချက်ပေါင်း များစွာ ထိုး၍ သတ်ဖြတ်ခဲ့ခြင်း ဖြစ်ပြီး၊ သေဆုံးသူ ထံမှ ငွေသုံးသိန်းကျပ်ကို ယူဆောင် ကာ ထွက်ပြေးသွား ခဲ့ခြင်း ဖြစ်ကြောင်း  သိရသည်။

ဇန်န၀ါရီလ (၂၄) ရက်နေ့ညက ဖြစ်ပွားခဲ့သည့် အဆိုပါ ဖြစ်စဉ်တွင် ပြစ်မှု ကျူးလွန်သူ များသည် နန်းမြို့ရိုး ထွက်ပေါက် မုခ်များမှ ထွက်ကြခြင်း မဟုတ်ဘဲ၊ နန်းတွင်း၏ ရာဟု ထောင့်ပြာပြသာဒ်၏  အရှေ့ဘက်၊ ဒုတိယမြောက် ပြအိုးပေါ်မှ တစ်ဆင့် စောင်များကို ကြိုးအဖြစ် အသုံးပြု ဆင်းကာ ကျုံးရေပြင်ကို ကူး၍ ထွက်ပြေးသွား ခဲ့ခြင်း ဖြစ်ကြောင်း မန္တလေး နန်းတွင်းတွင် နေထိုင်သူ တစ်ဦး ထံမှ သိရသည်။ ယင်းကဲ့သို့ တရားခံ နှစ်ဦးဖမ်းဆီးရ မိခဲ့သည့် အတွက် ထွက်ပြေး လွတ်မြောက်ဆဲ တရားခံ ခြောက်ဦး ကျန်ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။  အဆိုပါ တရားခံ များကို ဖမ်းဆီးရမိရေး အတွက် တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တို့ ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

လင်းလင်းမောင်
Messenger News Journal
http://www.messengernewsjournal.com/news/Local/detail.php?id=30789

No comments:

Post a Comment