Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 9, 2015

အိမ်ထောင်သက် (၆၉) နှစ် အတူလက်တွဲနေထိုင်ပြီး ကွယ်လွန်တော့လဲ နာရီပိုင်းလေးပဲခြားကာ အသီးသီး ခွဲခွာသွားကြတဲ့ ဇနီးမောင်နှံ

အသက် (၈၈) နှစ်ရှိ Gene Warrington ဆိုသူနဲ့ ၆၉ နှစ်လုံးလုံး အတူလက်တွဲခဲ့တဲ့ သူ့ဇနီးဖြစ်သူ Pat တို့ဟာ ဒီဇင်ဘာလ ၂၇ ရက်နေ့က နာရီပိုင်းလေးပဲခြားကာ အသီးသီး ကွယ်လွန်သွားကြရှာတယ်။

၎င်းတို့နှစ်ဦးဟာ ဆယ်ကျော်သက်အရွယ် အထက်တန်းကျောင်းကတည်းက တိတ်တိတ်ပုန်း လက်ထပ်ခဲ့ကြတဲ့ ချစ်သူတွေဖြစ်ကြတာကြောင့် Pat က အထက်တန်းအောင်မြင်ခဲ့ပါတယ်။ နောက်တော့ သူတို့နှစ်ဦး မခွဲနိုင်မခွာရက်ဖြစ်ခဲ့ကြပါတယ်။

Gene က သူ့ဇနီး မကြာခင်သေတော့မယ်ဆိုတာသိလို့… ဘဝက ပျော်စရာမကောင်းတော့ဘူးလို့ ညည်းသွားပြောဆိုခဲ့ကြောင်း သားဖြစ်သူ Phil က AP ကို ပြောပြခဲ့ပါတယ်။ သူတို့ဘဝမှာ လုပ်သမျှ တိုင်းဟာ နှစ်ယောက်အတူ ဆောင်ရွက်ခဲ့တာဖြစ်ပြီး နှစ်ဦးသားခွဲနေတာမျိုးလည်း ဘယ်တုန်းကမှ မရှိခဲ့ဘူးလို့ သိရပါတယ်။ သူ့ဇနီး ကွယ်လွန်ပြီးသွားပြီး နာရီပိုင်းအကြာမှာပဲ Gene ကလည်း ကွယ်လွန်သွားခဲ့တာပါ။

ဒီအပျက်အဖြစ်လေးက အရမ်းဝမ်းနည်းစရာကောင်းပေမယ့် အဆုံးမရှိ စိတ်ကူးယဉ်ဆန်တဲ့ ချစ်သူစုံတွဲဘဝ လက်တွေ့တကယ်ရှိကြောင်း သက်သေပြလိုက်သလိုပါပဲ။
trend myanmar

No comments:

Post a Comment