Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 13, 2015

ဗုဒ္ဓရုပ်ပွားတော်ပုံကို မသင့်လျော်သည့် ဒီဇိုင်းရေးဆွဲမှုနှင့် ပတ်သက်သော သက်သေခံ ဓာတ်ပုံများ တရားရုံးပယ်ချ


ရန်ကုန် ဇန်နဝါရီ ၁၂

ဗုဒ္ဓရုပ်ပွား တော်ပုံကို မသင့် လျော်သည့် ဒီဇိုင်း ရေးဆွဲမှုနှင့်ပတ် သက်၍ တရားခွင်တွင် အမှုဖွင့် အရေးယူ ခံထားရသူ ဆိုင်အထွေ ထွေမန်နေဂျာ Mr.Philip ၏ သက် သေနှစ်ဦး တင်သွင်းသည့် ဓာတ်ပုံ သုံးပုံမှာ ယင်းအမှု၏ အကြောင်း အရာနှင့် သက်ဆိုင်မှု မရှိခြင်းကြောင့် ဗဟန်းမြို့နယ်တရား ရုံးက ပယ်ချခဲ့ ကြောင်း သိရသည်။

အထက်ပါအမှုနှင့် ပတ်သက်၍ ယနေ့နံနက်ပိုင်းတွင် ဗဟန်းမြို့နယ် တရားရုံး၌ စတုတ္ထအကြိမ်မြောက် ရုံးထုတ်စစ်ဆေးစဉ် အဆိုပါနိုင်ငံ ခြားသား၏ သက်သေနှစ်ဦးဖြစ်သူ ဇနီးနှင့်သူငယ်ချင်းအနက်မှ ဇနီး ဖြစ်သူက ရန်ကုန်မြို့ လူစည်ကား ရာနေရာများရှိ ဗုဒ္ဓရုပ်ပွားပုံတော် များ ရောင်းချနေသည့် မြင်ကွင်း ဓာတ်ပုံအား သက်သေအဖြစ် မြို့ နယ်တရားရုံးသို့ တင်သွင်းခဲ့ရာ မြို့ နယ်တရားသူကြီးက အဆိုပါ ဓာတ်ပုံများမှာ လက်ရှိစစ်ဆေး လျက်ရှိသော အမှုကိစ္စနှင့်အကြောင်း အရာ သက်ဆိုင်မှု မရှိခြင်းကြောင့် ပယ်ချခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။

အဆိုပါအမှုကိစ္စအား ယခုလ ၂၂ရက်တွင်ဗဟန်းမြို့နယ်တရားရုံး ၌ ပုဒ်မ ၂၉၅၊ ၂၉၅(က)တို့နှင့် ဆက်စပ်တရားစွဲဆိုခံထားရသူ သုံး ဦးအနက်မှ ဆိုင်ပိုင်ရှင်ကိုထွန်းသူ ရိန်နှင့် မန်နေဂျာကိုထွဋ်ကိုကိုလွင် ၏ သက်သေများကို စစ်ဆေးသွား မည်ဖြစ်သည်။

၂ဝ၁၄ခုနှစ် ဒီဇင် ဘာ ၁ဝ ရက်က ဗဟန်းမြို့နယ် ရွှေတောင်ကြား(၂)ရပ်ကွက် ရွှေ တောင်ကြား လမ်းတွင်ဖွင့်လှစ်ထား သည့် V-Gastar Bar စားသောက် ဆိုင်၌ ဗုဒ္ဓရုပ်ပွားပုံတော်အား V-Gastro Bar , Buddha-Bar ဟု ရေးသားကာ နားကြပ်တပ်ဆင်ခဲ့မှု နှင့်ပတ်သက်၍ ဆိုင်ပိုင်ရှင်ကိုထွန်း သူရိန်၊ မန်နေဂျာထွဋ်ကိုကိုလွင်နှင့် အထွေထွေမန်နေဂျာ Mr.Philipတို့အား ဗဟန်းမြို့နယ် မြို့မရဲစခန်း ကအမှုဖွင့်အရေးယူခဲ့ခြင်းဖြစ်သည်။

မျိုးမင်းပိုင်
The Union Daily
http://uniondaily.net/News/DetailView.aspx…

No comments:

Post a Comment