ဗိုလ်ရှုခံအခမ်းအနားမှ အပြန် အမြန်လမ်းပေါ်တွင် ကားမှောက်ပြီး ဒဏ်ရာရခဲ့သော
ကချင်တက္ကသိုလ်ကျောင်းသူများကိုကချင်ပြည်နယ်ဝန်ကြီးချုပ်က လေယာဉ်ဖြင့်
ပြန်လည်ခေါ်ဆောင်သွားကြောင်း သတင်း ရရှိသည်။
နေပြည်တော်တွင် (၆၇)
နှစ် မြောက် လွတ်လပ်ရေးနေ့ ဗိုလ်ရှု ခံအခမ်းအနားတက်ခဲ့ပြီး ကချင်
ပြည်နယ်သို့ ပြန်သွားသော တက္က သိုလ်ကျောင်းသား သုံးဦးနှင့် ကျောင်းသူ ၄၉
ဦးတို့ စီးလာသည့် ရွှေစင်စင်္ကြာ မှန်လုံယာဉ်သည် ဇန်န၀ါရီ ၅ ရက် နံနက် ၈ နာရီ
ခန့်က တံတားဦးမြို့နယ်အတွင်း အမြန်လမ်းပခုံးများ ပြုပြင်နေ သော
ကရိန်းယာဉ်တစ်စီးကိုကျော်တက်စဉ် ၀င်တိုက်မိပြီး လမ်းဘေး တမာပင်ကို
ထပ်မံတိုက်ခဲ့ခြင်း ဖြစ်သည်။
‘‘ဒါရိုင်ဘာက အိပ်ငိုက်ပြီး
ကရိန်းကားကို နောက်က၀င် ဆောင့်တာပဲ။ ဖြစ်ဖြစ်ချင်း ဒဏ် ရာရတဲ့သူတွေကို
တံတားဦး ဆေးရုံပို့ပေးခဲ့တာ။ တံတားဦးမှာက ဓာတ်မှန်ရိုက်တဲ့ စက်မရှိလို့
မန္တ လေးဆေးရုံကြီးပို့ခဲ့ရသေးတယ်။ အခုတော့ သက်သာလို့ ကချင် ၀န်ကြီးချုပ်က
လေယာဉ်နဲ့ ပြန် ခေါ်သွားပြီ’’ဟု စကားအင်းအမြန် လမ်းရဲစခန်းမှ တာဝန်ကျရဲအရာ
ရှိတစ်ဦးက ပြောသည်။
ယာဉ်တိုက်မှုကြောင့် ရွှေစင်
စင်္ကြာယာဉ်မောင်းသေဆုံးခဲ့ပြီး ကရိန်းယာဉ်မောင်းနှင့် ယာဉ်
နောက်လိုက်တို့လည်း ဒဏ်ရာ များရရှိခဲ့သည်။ ရွှေစင်စင်္ကြာ ယာဉ်ပေါ်ပါလာသည့်
မြစ်ကြီးနား မြို့မှ တက္ကသိုလ်ကျောင်းသူ ကိုး ဦးအား တံတားဦးဆေးရုံမှ တစ်
ဆင့် မန္တလေးဆေးရုံကြီး၌ ဆေး ကုသပေးခဲ့သည်။
http://7daydaily.com/story/28807#.VKyr2Xs9THR
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, January 6, 2015
ဗိုလ်ရှုခံအပြန်ယာဉ်တိမ်းမှောက်ခဲ့သော ဒဏ်ရာရ တက္ကသိုလ်ကျောင်းသူ ကိုးဦးကို ကချင်ပြည်နယ်ဝန်ကြီးချုပ် လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်
ဗိုလ်ရှုခံအပြန်ယာဉ်တိမ်းမှောက်ခဲ့သော ဒဏ်ရာရ တက္ကသိုလ်ကျောင်းသူ ကိုးဦးကို ကချင်ပြည်နယ်ဝန်ကြီးချုပ် လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 06, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 06, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment