Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 10, 2015

ပြည်မြို့တွင် တောင်ပြိုကျမှုကြောင့် ၁ ဦး သေဆုံး

သတင်းဓာတ်ပုံ – မင်းညို
ပဲခူးတိုင်း၊ ပြည်မြို့က မြေကြီး သယ်ယူ နေမှုတွေ ပြုလုပ်တဲ့ နေရာမှာ တောင်ပြိုပြီး မြေပိမိတဲ့ အတွက် စက်မောင်း သမားတဦး သေဆုံးခဲ့ပါတယ်။

ဇန်န၀ါရီ ၁၀ ရက်နေ့ မနက် ၁၁ နာရီလောက်က၊ ပြည်မြို့ စင်္ကြန်တောင် တောရဖုန်းတော်ကြီး စာသင်ကျောင်းဘေးက တောင်ကို ဖြိုရင်း ရုတ်တရက် တောင်ပြို ကျခဲ့တာပါ။

တောင်ပြိုကျမှုကြောင့် မြေဖြိုနေတဲ့ စက်မောင်းသမား ကိုဆန်းနိုင်ဦးအပါအဝင် မြေသယ်ယူမယ့် ထော်လာဂျီစက်တစီးလည်း မြေကြီးပိမိခဲ့တယ်လို့ ရတနာမာန်အောင်ရပ်ကွက် ရာအိမ်မှူး ဦးဖိုးထူးက ပြောပါတယ်။

ကိုဆန်းနိုင်ဦးဟာ အသက် ၄၂ နှစ်အရွယ်ရှိပြီး စည်တော်မင်္ဂလာရပ်ကွက်မှာ နေထိုင်သူဖြစ်ပါတယ်။

မြေတူးနေတုန်း ရုတ်တရက် မြေပိပြီး တောင်အောက်မှာ ပျောက်သွားလို့ ပတ်ဝန်းကျင်က လုပ်ဖော်ကိုင်ဖက်တွေ ဒေသခံ ပရဟိတ အဖွဲ့တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ ရောက်လာပြီး မြေကြီးတွေကို ဝိုင်းဝန်းဖယ်ရှားခဲ့ကြပါတယ်။

၁ နာရီကျော်လောက်အကြာမှာ မြေအောက်ပိနေတဲ့ ကိုဆန်းနိုင်ဦးကို အသက်ရှင်ကယ်ထုပ်နိုင်ခဲ့ပေမယ့် ပြည်ဆေးရုံကြီးကို ပိုဆောင်စဉ် လမ်းခရီးမှာ သေဆုံးသွားပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/76594

No comments:

Post a Comment