Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, January 19, 2015

၂၀၁၅ ေရြးေကာက္ပြဲ ၈၈ မ်ဳိးဆက္အခ်ဳိ႔၀င္ေရာက္ရန္ အစီအစဥ္ရွိ


ျမန္မာႏိုင္ငံတြင္ေရာက္ရွိေနေသာ အေမရိကန္လက္ေထာက္ႏိုင္ငံျခားေရး ၀န္ႀကီးမစၥတာတြမ္မာလီေနစကီးႏွင့္ ျမန္မာႏိုင္ငံဆုိင္ရာအေမရိကန္သံအမတ္ ႀကီးဒဲရစ္မစ္ခ်ဲလ္တို႔ ၈၈ မ်ဳိးဆက္ၿငိမ္းခ်မ္း ေရးႏွင့္ ပြင့္လင္းလူ႔အဖြဲ႕အစည္းမွ ေခါင္းေဆာင္မ်ားႏွင့္ ေတြ႕ဆုံကာဖြဲ႕စည္း ပုံအေျခခံဥပေဒျပင္ဆင္ေရးႏွင့္ ၿငိမ္းခ်မ္း ေရးျဖစ္စဥ္မ်ားကို ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။
အေမရိကန္ႏုိင္ငံလက္ေထာက္ႏုိင္ငံ ျခားေရး၀န္ႀကီးက ႏုိင္ငံေရးျပဳျပင္ေျပာင္း လဲမႈအေျခအေနတုိင္းရင္းသားလက္နက္ ကိုင္အဖြဲ႕အစည္းမ်ားႏွင့္ အပစ္အခတ္ရပ္ စဲေရးစာခ်ဳပ္ခ်ဳပ္ဆိုရန္ လုပ္ေဆာင္ေန သည့္အေျခအေနမ်ားကို ေမးျမန္းၿပီး တုိင္းရင္းသားေရးရာကိုတာ၀န္ယူထား သည့္ဦးျမေအးကရွင္းလင္းေျပာၾကားခဲ့ ေၾကာင္း ၎င္းေတြ႕ဆုံမႈတြင္ပါ၀င္သူကိုမာကီ ကေျပာၾကားသည္။
“ကခ်င္ျပည္နယ္လက္ရွိတုိက္ပြဲေတြ ဆက္ျဖစ္ေနတဲ့အေျခအေနေတြကို ေဆြး ေႏြးပါတယ္။ ၈၈ မ်ဳိးဆက္ေတြအေနနဲ႔ ၂၀၁၅ ေရြးေကာက္ပြဲမွာပါ၀င္ႏုိင္မယ့္ အေျခအေနေတြလည္းေဆြးေႏြးပါတယ္။ ၈၈ မ်ဳိးဆက္ေတြအေပၚသူတို႔ေမွ်ာ္လင့္ ခ်က္ထားတာေတြလည္းေျပာပါတယ္။ ကၽြန္ေတာ္တို႔ဘက္ကလည္းတခ်ဳိ႕ေတြ ၂၀၁၅ ေရြးေကာက္ပြဲမွာပါတီေထာင္ၿပီး ပဲျဖစ္ျဖစ္၊တသီးပုဂ္ၢလပဲျဖစ္ျဖစ္ေရြးေကာက္ ပြဲ၀င္ေရာက္ႏုိင္တယ္လို႔ဘယ္သူဘယ္ ၀ါဆုိတာေတာ့မေျပာႏုိင္ေသးဘူးဆုိတာ ေတြ ေျပာျဖစ္ခဲ့ပါတယ္”ဟု ကိုမာကီ (ေခၚ) ကိုေက်ာ္ေက်ာ္ေထြးကဆိုသည္။
၈၈ မ်ဳိးဆက္ေက်ာင္းသားေခါင္း ေဆာင္မ်ားကို ႏုိင္ငံတကာႏွင့္ ျပည္သူ အမ်ားက NLD ပါတီၿပီးလွ်င္ ႏုိင္ငံေရး အေျပာင္းအလဲအတြက္ အဓိကတြန္းအား တစ္ခုအျဖစ္ယုံၾကည္ၾကသည္။

ေဇာ္ျမင့္
Hot News Weekly
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,
 မြန်မာနိုင်ငံတွင်ရောက်ရှိနေသော အမေရိကန်လက်ထောက်နိုင်ငံခြားရေး ဝန်ကြီးမစ္စတာတွမ်မာလီနေစကီးနှင့် မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ် ကြီးဒဲရစ်မစ်ချဲလ်တို့ ၈၈ မျိုးဆက်ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်များနှင့် တွေ့ဆုံကာဖွဲ့စည်း ပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ငြိမ်းချမ်း ရေးဖြစ်စဥ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အမေရိကန်နိုင်ငံလက်ထောက်နိုင်ငံ ခြားရေးဝန်ကြီးက နိုင်ငံရေးပြုပြင်ပြောင်း လဲမှုအခြေအနေတိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ် စဲရေးစာချုပ်ချုပ်ဆိုရန် လုပ်ဆောင်နေ သည့်အခြေအနေများကို မေးမြန်းပြီး တိုင်းရင်းသားရေးရာကိုတာဝန်ယူထား သည့်ဦးမြအေးကရှင်းလင်းပြောကြားခဲ့ ကြောင်း ၎င်းင်းတွေ့ဆုံမှုတွင်ပါဝင်သူကိုမာကီ ကပြောကြားသည်။

“ကချင်ပြည်နယ်လက်ရှိတိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့အခြေအနေတွေကို ဆွေး နွေးပါတယ်။ ၈၈ မျိုးဆက်တွေအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာပါဝင်နိုင်မယ့် အခြေအနေတွေလည်းဆွေးနွေးပါတယ်။ ၈၈ မျိုးဆက်တွေအပေါ်သူတို့မျော်လင့် ချက်ထားတာတွေလည်းပြောပါတယ်။ ကွန်တော်တို့ဘက်ကလည်းတချို့တွေ ၂၀၁၅ ရွေးကောက်ပွဲမှာပါတီထောင်ပြီး ပဲဖြစ်ဖြစ်၊တသီးပုဂ်္ဂလပဲဖြစ်ဖြစ်ရွေးကောက် ပွဲဝင်ရောက်နိုင်တယ်လို့ဘယ်သူဘယ် ဝါဆိုတာတော့မပြောနိုင်သေးဘူးဆိုတာ တွေ ပြောဖြစ်ခဲ့ပါတယ်”ဟု ကိုမာကီ (ခေါ်) ကိုကျော်ကျော်ထွေးကဆိုသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်း ဆောင်များကို နိုင်ငံတကာနှင့် ပြည်သူ အများက NLD ပါတီပြီးလျင် နိုင်ငံရေး အပြောင်းအလဲအတွက် အဓိကတွန်းအား တစ်ခုအဖြစ်ယုံကြည်ကြသည်။


ဇော်မြင့်
Hot News Weekly

No comments:

Post a Comment