Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 31, 2015

ရွှေစက်တော် ဘုရားဖူးယာဉ် တိမ်းမှောက်၍ လေးဦးသေ ခြောက်ဦးဒဏ်ရာရ


Sunday, February 1, 2015
ပြည်ခရိုင်၊ ရွှေတောင်မြို့ နယ်အ၀င် ရန်ကုန်-ပြည်လမ်းမ ကြီးတွင် ရွှေစက်တော်ဘုရားပွဲသို့ဘုရားဖူးလာသည့် လိုက်ထရပ်ကားတစ်စီးမှ လမ်းဘေးသစ်ပင် ကို ၀င်တိုက်မိရာမှ ခရီးသည် လေးဦးသေဆုံးကာ ခြောက်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရ ရှိသည်။
ဇန်န၀ါရီ ၃၁ရက် နံနက် ၄ နာရီခွဲခန့်တွင် ရန်ကုန်-ပြည်လမ်း မကြီး၊ ရွှေတောင်မြို့နယ်အ၀င် ၀ါးလည်ရွာအနီး၌ ခရီးသွား လိုက်ထရပ်ကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ မလေးရှား ပိတောက်ပင်ကို ၀င်တိုက်ကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။အ ဆိုပါကားပေါ်တွင် ဝေါမြို့နယ်မှ ဘုရားဖူးခရီးသည် ၁၅ဦးလိုက်ပါ လာခဲ့ရာ ယာဉ်တိုက်မှုကြောင့်လူ လေးဦးသေဆုံးခဲ့ပြီး ခြောက်ဦးမှာ အတွင်းလူနာအဖြစ်တက်ရောက် ကုသခဲ့ရကြောင်း ပြည်ခရိုင်ရဲတပ် ဖွဲ့မှ သိရသည်။
‘‘အမျိုးသမီးသုံးဦးက အခင်း ဖြစ်နေရာမှာပဲ သေဆုံးသွားပြီး နောက်အမျိုးသမီးတစ်ဦးကတော့ ပြည်ဆေးရုံကြီးမှာဆုံးသွားတယ်။ ဘုရားဖူးယာဉ်ပေါ်မှာ သံဃာနှစ် ပါးလည်းပါလာပြီး တစ်ပါးက တော့ ဒဏ်ရာရခဲ့တယ်။ အရှိန်မ ထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်ကို ၀င်တိုက်တာလို့ သိရတယ်’’ဟု ပြည်ခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးကပြောသည်။
ယာဉ်တိုက်မှုကြောင့် ဝေါမြို့ နေယာဉ်မောင်းကိုရဲဝင်းအား ယာဉ်မဆင် မခြင်မောင်းနှင်မှုဖြင့် ရွှေတောင် မြို့နယ်ရဲစခန်းမှ ပြစ်မှုပုဒ်မ ၃၀၄ (က)/၃၃၈/၃၃၇ အရအမှုဖွင့် အရေးယူထားကြောင်း သိရသည်။
‘‘နယ်ဘုရားဖူးကားတွေကို ပြောချင်တယ်။ အဲဒီရွှေတောင်မြို့ အ၀င်နေရာလမ်းတွေက အကွေ့ အ၀ိုက်တွေ အတော်ဖြတ်ရတယ်။ အန္တရာယ်ကွေ့တွေရှိတယ်။ ဖြစ် လိုက်ရင် ရွှေတောင်မြို့နယ်ထဲမှာ များတယ်။ လွန်ခဲ့တဲ့လကလည်း ယာဉ်တိုက်မှုဖြစ်တာ လေးဦးသေ သွားတယ်။ လမ်းကြောင်းအထာ ကို မသိရင် အရှိန်လျှော့ပြီးဆင် ဆင်ခြင်ခြင်မောင်းကြပါလို့’’ဟု ရွှေတောင်မြို့နယ်ဒေသခံတစ်ဦး ကပြောသည်။
7Day Daily

No comments:

Post a Comment