Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 10, 2015

ကလေးနှစ်ယောက်စလုံးက အရည်အချင်းကိုယ်စီ ရှိတယ်လို့ပြောတဲ့ စမိုင်း

အဆိုတော်၊ သရုပ်ဆောင်စမိုင်းမှာ သမီးနှစ်ယောက်ရှိပါတယ်။ အဲဒီ သမီးနှစ်ယောက်က အသွင်မတူတဲ့ ပုံစံနဲ့အရည်အချင်း ကိုယ်စီရှိတယ်လို့ စမိုင်းကပြောပါတယ်။ ” အစ်မ သမီး နှစ်ယောက်က ညီအစ်မဆိုပေမယ့် ခံယူချက်ချင်း သိပ်မတူဘူး။ တစ်ယောက်ချင်းစီမှာ ကိုယ်ပိုင်အရည်အချင်းတွေ ရှိတယ်။ ဝါသနာကို ပြောတာမဟုတ်ဘူး။ Talent ကိုပြောတာ။ အမေဖြစ်တဲ့သူက ပိုသိတာပေါ့လေ။ Talent  ရှိအောင်လည်း တချို့တစ်ဝက်ပံ့ ပိုးပေးရတာတွေ ရှိတာပေါ့လေ။ အစ်မရဲ့ Make Up Store ဆိုင်နဲ့ ပတ်သက်တဲ့အရာတွေကို သမီးကြီးကိုသင်ပေးတယ်။ ငွေရှာရတာ ဘယ်လောက်ခက်ခဲတယ်ဆိုတဲ့အကြောင်းကို သိအောင်နားသွင်းပေးတယ်။ အစ်မဘက်က ဒီလောက် ပဲ။ သူက အရာရာကို တလေးတစား၊ ဂရုတစိုက် သေချာလုပ်တယ်၊လိုက်နာတယ်၊
အလုပ်လုပ်ရာမှာတည် ငြိမ်တယ်၊ ဒါကိုကြည့်ပြီးခန့်မှန်းနိုင်တာပေါ့ နော်။ သူဝါသနာပါတာတွေတော့ အများကြီးပဲ။ အလုပ်လုပ်တဲ့ နေရာ မှာတော်တော် လေး ကိုကြိုး စားတယ်။ ဇွဲရှိတယ်။ ပြီးတော့ တတ်သိ၊နားလည်လွယ်တယ်။ ဒါက သမီးကြီးရဲ့ အရည်အချင်းတစ်ခုပါ။ သမီးငယ်ကျတော့ ရေကူး တာကျွမ်း ကျင်တယ်လို့ပြော ရမှာပေါ့။ ငယ်ငယ်ရွယ်ရွယ်နဲ့ တော်တော်လေးကိုကျွမ်းကျင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ဝါသနာပဲဖြစ်ဖြစ်၊ Talent အပဲဖြစ်ဖြစ် ကိုယ်မွေးထားတဲ့သားသမီးတွေဆိုတော့ သူတို့ ဘာ လုပ်လုပ်နောက်က နေ တတ်နိုင်သလောက် ပံ့ပိုးပေးရ မှာပဲ။သမီးနှစ်ယောက်က အစ်မရဲ့ အနာဂတ်လေ။ အစ်မအခုလုပ်နေတာတွေလည်း ဒီသားသမီးတွေ အ တွက် ပဲ။ လူတိုင်း၊ မိဘတိုင်းက ကိုယ့်သားသမီး ထူးချွန်ထက် မြက်တာကိုပဲမြင်ချင်ကြတာလေ။ အဲဒီလိုပဲမြင်ချင်တယ်။အခု ဒီလို Talent တွေကိုယ် စီ ရှိတော့ ကျေနပ် ပီ တိဖြစ် ရ တယ်” လို့ စမိုင်း က ပြောပါတယ်။
M ဘွယ်
http://www.popularmyanmar.com

No comments:

Post a Comment