Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 15, 2015

ရက် ၆၀ အထိ တုံ့ပြန်မှုမရှိပါက သပိတ်မှောက်ဆန္ဒပြမှုများ ကျောင်းသားများဆက်လုပ်သွားမည်


Friday, January 16, 2015
အမျိုးသားပညာရေး ဥပဒေကို သပိတ်မှောက်ဆန္ဒပြခဲ့ ကြသည့် တက္ကသိုလ်ကျောင်း သားများက အစိုးရ၊ တာဝန်ရှိသူ များနှင့် တွေ့ဆုံညှိနှိုင်းရန် တောင်းဆိုထားသည့် ရက် ၆၀ ပြည့်မည့် ဇန်န၀ါရီ ၁၆ ရက်အထိ တုံ့ပြန်မှု ကို စောင့်ဆိုင်းသွားမည်ဖြစ်ပြီး တွေ့ဆုံညှိနှိုင်းခြင်း မပြုပါက သပိတ်မှောက်ဆန္ဒပြမှုများ ဆက် လက်လုပ်ဆောင်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။
လက်ရှိ အတည်ပြုပြဋ္ဌာန်း ထားသည့် အမျိုးသားပညာရေး ဥပဒေတွင် ဗဟိုချုပ်ကိုင်မှုများ ပါဝင်နေခြင်း၊ ကျောင်းသား၊ ပြည်သူကို အခြေမခံခြင်းနှင့် ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းခွင့်မရရှိခြင်းတို့ကြောင့် တက္ကသိုလ် ကျောင်းသားများက ၂၀၁၄ နိုဝင်ဘာ ၁၄ ရက်မှစတင်၍ လေးရက်ကြာ သပိတ်မှောက်ဆန္ဒပြခဲ့သည်။ ရက်ပေါင်း ၆၀ အတွင်းအစိုးရနှင့်တာဝန်ရှိသူက သပိတ်မှောက်ကျောင်းသားထုအား လာရောက်စေ့စပ်ညှိနှိုင်းခြင်း တစ်စုံတစ်ရာမျှ မပြုလုပ်ပါက လက်ရှိပြုလုပ်လျက်ရှိသော သပိတ်မှောက်ဆန္ဒပြုမှု ပုံစံထက် ပိုမိုပြင်းထန်၊ ကျယ်ပြန့်၊ ကြီးမားသည့် သပိတ်တိုက်ပွဲများ ဖော်ဆောင်တုံ့ပြန်သွားမည်ဟု ကြေညာ၍ သပိတ်မှောက်ဆန္ဒပြမှုကို ခေတ္တရပ်ဆိုင်းခဲ့သည်။
‘‘ရက် ၆၀ ပြည့်တဲ့ ရက်အ ထိ တွေ့ဆုံညှိနှိုင်းဖို့ ကမ်းလှမ်း လာရင် လက်ခံမယ်။ မနက်ဖြန် ရက် ၆၀ ပြည့်မယ့်ရက်အထိ စောင့်မယ်။ ရက် ၆၀ ကျော်သွား ရင်တော့ ကျွန်တော်တို့ကြေညာ ထားတဲ့အတိုင်းပဲ ဆက်လုပ်သွား မှာပါ။ ၆၁ ရက်မြောက်တဲ့နေ့ ဇန်န၀ါရီ ၁၇ ရက်ကျရင် ရှေ့ ဆက်လုပ်မယ့်လုပ်ငန်းစဉ်တွေကို သတင်းစာရှင်းလင်းပွဲ ပြုလုပ် သွားပါမယ်။ ရက် ၆၀ အလွန်မှာ လာပြီး ကမ်းလှမ်းခဲ့ရင်လည်း လက်ခံမလား၊ လက်မခံဘူးလား ဆိုတာကို သတင်းစာရှင်းလင်း ပွဲကျရင် ရှင်းလင်းသွားပါမယ်’’ ဟု သပိတ်မှောက်ဆန္ဒပြရာတွင် ဦးဆောင်ခဲ့သည့် ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင် ကော်မတီဝင်ကိုဇေယျာလွင်က ပြောသည်။
အစိုးရ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းရန် တောင်းဆို ထားသည့် ရက် ၆၀ အတွင်း အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ဆန္ဒပြရာတွင် ဦး ဆောင်ပါဝင်သည့် ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှုဦးဆောင် ကော်မတီအနေဖြင့် ကော်မတီ၏ လှုပ်ရှားမှုလုပ်ငန်းစဉ်များ၊ စာတမ်းဖတ်ပွဲများ၊ ဆန္ဒဖော်ထုတ်ပွဲများနှင့် အမျိုးသားပညာရေးဥပဒေကန့်ကွက်လှုပ်ရှားမှုများကို ပြုလုပ်ခဲ့သည်။
ဒီမိုကရေစီ ပညာရေးလှုပ် ရှားမှု ဦးဆောင်ကော်မတီအနေ ဖြင့် ရက် ၆၀ အတွင်း လှုပ်ရှားမှု၊ ရက် ၆၀ အလွန် လှုပ်ရှားမည့်အစီ အစဉ်နှင့် နောက်ဆုံးအဆင့် တောင်းဆိုဆွေးနွေးမည့် အချက် များကို ဇန်န၀ါရီ ၁၇ ရက်တွင် ပုဇွန်တောင်မြို့နယ်ရှိ ရန်ကုန် နိုင်ငံရေးသိပ္ပံကျောင်း၌ သတင်း စာရှင်းလင်းပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီက အမျိုးသားပညာ ရေးဥပဒေကို မကျင့်သုံးရသေးမီ ပြင်ဆင်ရန် တောင်းဆိုခြင်းသည့် အဆင့်တစ်ခုကို ကျော်နေကြောင်း ၂၀၁၄ နိုဝင်ဘာ ၁၈ ရက်က သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။
သမ္မတ၏ သဘောထားမှတ် ချက် ၂၅ ချက်ဖြင့် ပြန်လည်ပေးပို့ လိုက်သည့် အမျိုးသားပညာရေး ဥပဒေမူကြမ်းကို ပြည်ထောင်စု လွှတ်တော်၌ဆွေးနွေးခဲ့ပြီး ဒုတိယအကြိမ်ပြန်လည်ပေး ပို့လိုက်သည့်အမျိုးသားပညာရေး ဥပဒေကို နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး၍ စက်တင်ဘာ ၃၀ ရက်စွဲဖြင့် အတည်ပြုခဲ့သည်။
အမျိုးသားပညာရေးဥပဒေကိုကျောင်းသားများက ၂၀၁၄ နိုဝင်ဘာလတွင် သပိတ်မှောက်နေစဉ်(ဓာတ်ပုံ - နစ်ကီ)
7Day Daily

No comments:

Post a Comment