Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 19, 2015

ကမာ့္ဘဘဏ်၏ နောက်ဆုံးထုတ်ပြန်သော စာရင်းဇယားအရ.. ကမာ့္ဘနိုင်ငံပေါင်း (၂၁၅) နိုင်ငံတွင် ချမ်းသာ/ဆင်းရဲဇယားတွင်မြန်မာသည် (203) ဖြစ်၏။



စစ်အာဏာရှင်များက အသွင်အမျိုးမျိုးပြောင်းပြီး အုပ်ချုပ်ခဲ့ရာ
နှစ်ငါးဆယ် ကျော်ကြာပြီးနောက် မြန်မာနိုင်ငံသည်
ကမာ့္ဘအဆင်းရဲဆုံး နိုင်ငံအဖြစ်သို့ ရောက်ရှိ သွားခဲ့လေ၏။
ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံဖြစ်မည်ဟု ကြွေးကြော်ကတိပေး ခဲ့ရာနှစ် ၅၀ ကြာသောအခါ ခေတ်နောက်ကျန် ဘက်စုံချွတ်ခြုံကျသောနိုင်ငံအဖြစ်သို့ ရောက်ခဲ့ရလေ၏။
ကမာ့္ဘဘဏ်၏ နောက်ဆုံးထုတ်ပြန်သော စာရင်းဇယားအရကမာ့္ဘနိုင်ငံပေါင်း (၂၁၅) နိုင်ငံတွင် ချမ်းသာဆင်းရဲဇယားတွင်မြန်မာသည် (203) ဖြစ်၏။
အောက်မှ စရေတွက်လျှင် အဆင့် ၁၂ ဖြစ်၏။အရှေ့တောင်အာရှနိုင်ငံ(၁၀)နိုင်ငံတွင် နံပါတ် (၁၀)ဖြစ်၏။
ကမ္ဘောဒီးယား၊ လာအိုတို့ထက်ပိုဆင်းရဲ၏။အာရှတိုက်တွင် အဆင်ရဲဆုံးနိုင်ငံဖြစ်၏။
အာရှတွင် ဒုတိယအဆင်းရဲ ဆုံးဆိုသောဘင်္ဂလားဒေ့ရှ်နိုင်ငံသည်ပင်
မြန်မာ့ထက် အဆင့်ငါးဆယ်မြင့်နေ၏။ထိုစာရင်းဇယားအရ အီသီယိုးပီးယား၊ ဆိုမားလီးယား
စသည်ဆင်းရဲမွဲတေသော နိုင်ငံများသည်ပင် မြန်မာထက်အဆင့်မြင့်သည်ဟုဆို၏။
ထိုသို့သောနိုင်ငံများသည် ပင် မြန်မာထက်ချမ်းသာသည်ဟု ဆိုနေ၏။ရှက်ဖွယ်ကောင်းလှ၏။
ယခုတွက်ချက်သည့်နည်းမှာ G.D.P (Per Capiat Income) ကို တွက်ချက် ခြင်းဖြစ်၏။
ဝင်ငွေကို လူဦးရေနှင့်စား၍ရသော အဖြေသာဖြစ်၏။အကြမ်းဖျဉ်း အဖြေသာ ဖြစ်ပေသည်။
ယနေ့ကမ္ဘာတွင် တွက်ချက်သောနည်းမှာH.D.Iနည်း (Human Develop- -ment Index) ဖြစ်၏။
လူတစ်ယောက်ချင်းသည် တစ်နှစ်ဝယ်လိုအား ဒေါ်လာ သုံးသောင်း၊ပညာသင်စရိတ် ဒေါ်လာခြောက်ထောင်၊ လူသက်တမ်း ရှစ်ဆယ်ဟု
စံထား၏။ထို့ထက်နိမ့်ကျလာသည်နှင့်အမျှ ဆင်းရဲသားစာရင်းဝင်လာ၏။
ထိုတွက် ချက်နည်းဖြင့် တွက်ချက်လျှင် မြန်မာသည် အဆင့် 203 ပင်မမှီနိုင်ပေ။
ယနေ့ကမ္ဘာ့စီးပွားရေးအဆင့်ကို တန်းမှီသည်ဟုဆိုနိုင်သော
အာရှနိုင်ငံများ ဖြစ်သည့် ဂျပန်၊ တောင်ကိုရီးယား၊ မကာအို၊ စင်္ကာပူ
တို့သည်တစ်ချိန်က မြန်မာ့ နောက်တွင်ရှိခဲ့၏။
ယခုစစ်အာဏာရှင်များက ခေတ်မှီဖွံ့ဖြိုးတိုးတက်သောနိုင်ငံ တော်ကြီးတည်ထောင်ကြသောအခါမှ မြန်မာ
သည်ထိုနိုင်ငံများ၏ နောက်တွင် ကျန်ခဲ့ရုံသာမကကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ ဖြစ်ခဲ့ရလေသည်။
(လွင်သန္တာစိုး)
https://www.gfmag.com/global-data/economic-data/the-poorest-countries-in-the-world

No comments:

Post a Comment