Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, December 30, 2014

တစ်ကြိမ်အားသွင်းရုံဖြင့် ကီလိုမီတာ ၆၅၀ ခန့်မောင်းနှင်နိုင်မည့် Tesla ကားမော်ဒယ်လ်သစ် Roadster 3.0 ထုတ်လုပ်





Tesla ကားကုမ္ပဏီသည် ဒီဇင်ဘာ ၂၅ ရက်က ၄င်းတို့၏ Roadster 3.0 ပုံစံသစ်ကို ယခင်က ထုတ်လုပ်ခဲ့သည့် မော်ဒယ်ထက် နှစ်ဆပို၍ အသုံးခံသော ဘက်ထရီ တပ်ဆင်ထားကာ ကီလိုမီတာ ၆၅ဝ ခန့်ကို ဆက်တိုက် မောင်းနှင် နိုင်မည် ဖြစ်ကြောင်း ကုမ္ပဏီ တည်ထောင်သူ Elon Musk ကိုယ်တိုင် ၄င်း၏ တွစ်တာပေါ်မှ တစ်ဆင့် ကြေညာခဲ့သည်။

ကုမ္ပဏီပိုင်ရှင် Elon Musk ၏ ကြေညာချက် အရ ၄င်းတို့၏ Roadster 3.0 မော်ဒယ်၏ ဘက်ထရီမှာ အလွန် ကောင်းမွန်သဖြင့် လော့စ်အိန်ဂျလိစ်မြို့ မှ ကီလိုမီတာ ပေါင်း ၆၅ဝ ခန့် ကွာဝေးသည့် ဆန်ဖရန်စစ်စကို မြို့သို့ တစ်ကြိမ် အားသွင်းရုံဖြင့် မောင်းနှင်နိုင်မည် ဖြစ်ကြောင်း သိရသည်။ Tesla ကုမ္ပဏီမှ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက ၄င်းတို့၏ Roadster ကားမော်ဒယ် အသစ်က အဆိုပါ ကဲ့သို့ ဘက်ထရီ ခံနိုင်ရည် မြင့်မား ရခြင်းမှာ Output 70 kWh ရှိသည့် တိုးတက်မှု ပြုလုပ်ထားသော လစ်သီယမ် အိုင်းယွန်း ဘက်ထရီ များကြောင့် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

Tesla ၏  Roadster ကားမော်ဒယ် အသစ်တွင် တရွတ်တိုက် ဆွဲမှုနှုန်း ၁၅ ရာခိုင်နှုန်း လျော့ကျသွားစေရန် AeroKi တပ်ဆင်ထားကြောင်း၊ တာယာ ပွတ်တိုက်အား ၂ဝ ရာခိုင်နှုန်းခန့် တိုးတက်မှု ရှိလာစေရန် ပုံစံသစ် ရေးဆွဲ ထားကြောင်း သိရသည်။

ထို့ကြောင့် Elon Musk တို့၏ Roadster 3.0 ကားများမှာ ဈေးကွက်တွင် ရောင်းချနေသည့် လျှပ်စစ်စွမ်းအင်သုံး ကားများအနက် ဘက်ထရီ ခံနိုင်ရည် အမြင့်ဆုံးရှိသည့် ကားဖြစ်လာပြီး ပိုမို ကောင်းမွန်သော အနာဂတ်တစ်ခု အတွက် ဓာတ်ဆီ ကားများကို အစားထိုးကာ အသုံးပြု သွားနိုင်မည့် ဖြေရှင်းချက် တစ်ခုလည်း ဖြစ်လာကြောင်း သိရသည်။

အဆိုပါ Tesla ၏ Roadster 3.0 ကားသစ်များကို ၂ဝ၁၅ ဇန်နဝါရီ အစောပိုင်းတွင် ဆန်ဖရန်စစ်စကို မှ လော့စ်အိန်ဂျလိစ် သို့ ဆက်တိုက် မောင်းနှင်မှုများ စမ်းသပ်ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

Tesla Roadster 3.0 package prototype announced with 400-mile possibilities

#PyiChitThar

No comments:

Post a Comment