Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, December 30, 2014

အီရန်နိုင်ငံက စစ်ရေးလေ့ကျင့်ခန်းတွင် ဝေဟင်နှင့် မြေပြင်ပစ်မှတ်များကို ပစ်ခတ်နိုင်သည့် အသေခံဗုံးခွဲ တိုက်ခိုက်ရေး မောင်းသူမဲ့လေယာဉ် အသုံးပြ



အီရန်နိုင်ငံ၏ တောင်ပိုင်းနှင့် အရှေ့တောင်ပိုင်း ဒေသများ၌ ပြုလုပ်လျက် ရှိသော ၆ ရက်ကြာ စစ်ရေး လေ့ကျင့်ခန်းတွင် အီရန် တပ်မတော်က အသေခံဗုံးခွဲ တိုက်ခိုက်ရေး အမျိုးအစား မောင်းသူမဲ့ လေယာဉ်များကို အသုံးပြု၍ လေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း အီရန် တပ်မတော် မြေပြင်တပ်ဖွဲ့၏ အကြီးအကဲ ဗိုလ်မှူးချုပ် Ahmad -Reza Pourdastan က ပြောကြားသည်ဟု ဒီဇင်ဘာလ ၂၇ ရက်နေ့ Xinhua သတင်းတစ်ရပ် အရ သိရသည်။

အဆိုပါ အသေခံဗုံးခွဲ တိုက်ခိုက်ရေး မောင်းသူမဲ့ လေယာဉ်သည် ဝေဟင်နှင့် မြေပြင်ပစ်မှတ် များကို ပစ်ခတ်ရာတွင် အသုံးပြု နိုင်ကြောင်း၊ မြေပြင်တပ်ဖွဲ့ အနေဖြင့် ခေတ်မီ အသေခံဗုံးခွဲ တိုက်ခိုက်ရေး မောင်းသူမဲ့ လေယာဉ် အမျိုးအစား အသစ်အား ထုတ်လုပ် ခဲ့ပြီး Ra'ad 85 ဟု အမည်ပေး ထားကြောင်း၊ ၄င်း မောင်းသူမဲ့ လေယာဉ်အား အသုံးပြုရန် မြေပြင်တပ်ဖွဲ့၏ စီမံ ဆောင်ရွက်မှုအား ၂ဝ၁၃ ခုနှစ် စက်တင်ဘာလ ကတည်းက စတင်ခဲ့ကြောင်း Ahmad -Reza Pourdastan က ပြောကြား ခဲ့သည်။

အဆိုပါ မောင်းသူမဲ့ လေယာဉ်သည် ရွေ့လျားနိုင်သော ဗုံးတစ်လုံး ကဲ့သို့ ရွေ့လျားပစ်မှတ် နှင့် ပုံသေပစ်မှတ် များကို ဖျက်ဆီးနိုင်စွမ်း ရှိကြောင်း၊ ယခု ပြုလုပ်ဆဲ စစ်ရေးလေ့ကျင့်ခန်း ၌ မြေပြင်တပ်ဖွဲ့ အနေဖြင့် မောင်းသူမဲ့ လေယာဉ်များအား လေ့ကျင့်မှု ၂ ရပ်တွင် အသုံးပြုခဲ့ပြီး ပထမ လေ့ကျင့်မှု အဆင့်အား ရန်သူလေယာဉ် အနေဖြင့် လည်းကောင်း၊ ဒုတိယ လေ့ကျင့်မှု အဆင့်အဖြစ် မိတ်ဖက် လေယာဉ် အဖြစ် လည်းကောင်း အသုံးပြု ပျံသန်းစေခဲ့ကြောင်း ၄င်းက ထပ်လောင်း ပြောကြား ခဲ့ကြောင်း သိရှိရသည်။

#PyiChitThar

No comments:

Post a Comment