Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, December 24, 2014

နောက်ကျတဲ့ အချိန် Taxi စီးရင် သတိထားရမယ့် ၅ ချက်

နောက်ကျတဲ့ အချိန် Taxi စီးရင် သတိထားရမယ့် ၅ ချက် တစ်ချို့ တစ်ယောက်တည်း

Taxi မစီးရဲဘူး၊ တစ်ချို့ကြတော့ စီးရမှာကို စိုးရိမ်နေကြတယ်။ အထူးသဖြင့် ကတော့ အမျိုးသမီး အများစု ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် သတိထားရမယ့် အချက် ၅ ချက်ကို ဖော်ပြပေးလိုက် ရပါတယ်။

(၁) ဒရိုက်ဘာ၏ နောက်တည့်တည်မှာ ထိုင်ပါ

ဒရိုက်ဘာ နောက်တည့်တည့်မှာ ထိုင်ခြင်းအားဖြင့် ကားတံခါးကို အလွယ်တကူ ဖွင့်လို့ ရမယ့်နေရာက သင်၏ အန္တရာယ်ကျ ရောက်မူကို ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။

(၂) အလယ်မှာ မထိုင်မိစေနဲ့

အလယ်မှာ ထိုင်ခြင်းက အလွယ်တကူ ကားပေါ်မှ ဆင်းဖို့အတွက် အခက်အခဲ တစ်ခုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အလယ်ဘက်မှာ ထိုင်ခြင်းကို ရှောင်ပါ။

(၃) လွယ်အိတ်များနှင့် ပစ္စည်းများကို ကိုယ်နှင့်မကွာရှိပါစေ

တစ်ချို့က Taxi ပေါ်ရောက်ပြီ ဆိုတာနဲ့ လွယ်အိတ်နှင့် အခြားပစ္စည်းများကို ဘေးသို့ ချထားလေ့ရှိပါတယ်။ အဲလို ချထားခြင်းအားဖြင့် Taxi ပေါ်မှ ဆင်းတဲ့ အခါမှာ မေ့ကျန်ခဲ့နိုင်ပါတယ်။

(၄) အရမ်းမူးနေတဲ့ ဒရိုက်ဘာကို ရှောင်ပါ

ဒီအချက်ကိုတော့ သင်လည်း သိပြီးသားပါ။ အရမ်းမူးနေတဲ့ ဒရိုက်ဘာဟာ သင်၏ အသက်အန္တရာယ်ကို Save မဖြစ်စေနိုင်ပါဘူး။ အဲဒီ အတွက်ကြောင့် ဖြစ်နိုင်ရင် အရမ်းမူးနေသော ဒရိုက်ဘာကို ရှောင်ပြီး ငှားပါ။

(၅) နောက်ထပ်လူတင်ခွင့် မပြုပါနဲ့

တစ်ချို့ ဒရိုက်ဘာတွေဟာ ခွင့်ပြုချက် တောင်းကြပေမယ့် တစ်ချို့ ဒရိုက်ဘာ များကတော့ လူနောက်ထပ် တင်ခွင့်ကို ခွင့်ပြုချက် မတောင်းကြပါဘူး။ ဖြစ်နိုင်ရင် နောက်ထပ် လူတင်ခွင့်ကို ခွင့်မပြုပါနဲ့။

ဖော်ပြပါ ဆောင်းပါသည် ခရီးသည် ဘက်မှနေ၍ ရေးသားထားခြင်းဖြစ်ပြီး Taxi သမားတိုင်း မကောင်းဘူးလို့ ဆိုလိုခြင်း မဟုတ်ပါဘူး။ ခရီးသည် တစ်ဦးတစ်ယောက် အတွက် အရေးပေါ် အခြေအနေ ကားငှားစီးတဲ့ အခါမှာ အသက်အန္တရာယ်ကို Save ဖြစ်စေရန် ရည်ရွယ်၍ ဖော်ပြခြင်းသာ ဖြစ်ပါတယ်။

ကျော်လင်းနိုင်

No comments:

Post a Comment