People မဂ္ဂဇင်းသည် တစ်နှစ်တာ အတွင်း ဆွဲဆောင်မှု အရှိဆုံး အမျိုးသားများကို
နှစ်စဉ်နှစ်တိုင်း ရွေးချယ်ခဲ့ရာ ဒီဇင်ဘာ ၁၈ ရက်တွင် ကျင်းပခဲ့သည့် People
Magazine Awards ဆုပေးပွဲတွင် ဆွဲဆောင်မှု အရှိဆုံး အမျိုးသမီး ကဏ္ဍသစ် ကို
ထပ်မံထည့်သွင်း၍ ချီးမြှင့်ခဲ့ သဖြင့် အဆိုပါ ဂုဏ်ပုဒ်ကို ပထမဆုံး
ရရှိခဲ့သူမှာ မော်ဒယ် Kate Upton ဖြစ်ကြောင်း သိရသည်။
People
မဂ္ဂဇင်း၏ ဆွဲဆောင်မှု အရှိဆုံး အမျိုးသမီးအဖြစ် ပထမဆုံးအကြိမ် သတ်မှတ်ခြင်း
ခံလိုက်ရသည့် Kate Upton ၂၂ နှစ်သည် မော်ဒယ်လ် သရုပ်ဆောင် တစ်ဦး ဖြစ်ပြီး
၂ဝ၁၄ ခုနှစ် အစောပိုင်းတွင် သရုပ်ဆောင် Cameron Diaz, Leslie Mann
တို့နှင့်အတူ အချစ်ဟာသ ဇာတ်မြူး The Other Woman ကို ရိုက်ကူးခဲ့သည်။ Kate
Upton ၏ ဆုကို ကြေညာပေး ရာတွင် သရုပ်ဆောင် Eric Dane က Kate Upton သည်
ဆွဲဆောင်မှု ရှိရသည့် အကြောင်းရင်း များစွာ ရှိကြောင်း၊ သူမ ဆွဲဆောင်မှု
ရှိရသည့် အကြောင်းရင်း အချို့မှာ စတိုင်၊ အလုပ်အကိုင်၊ အောင်မြင်မှု၊
ဟာသဉာဏ်၊ ကိုယ်ပိုင် အရည်အသွေးများ အပြင် ရုပ်ဆင်း အသွင်အပြင် တို့ကြောင့်
ဖြစ်ကြောင်း ပြောကြားခဲ့သည်။
People မဂ္ဂဇင်းက ၂ဝ၁၄ ခုနှစ်အတွက်
ရွေးချယ် လိုက်သည့် ဆွဲဆောင်မှု အရှိဆုံး အမျိုးသားမှာ Thor မင်းသား Chris
Hemsworth ဖြစ်ကြောင်း သိရသည်။
#PyiChitThar
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, December 20, 2014
People မဂ္ဂဇင်းက ဆွဲဆောင်မှုအရှိဆုံး အမျိုးသမီးအဖြစ် Kate Upton ကို ပထမဆုံးအဖြစ် ရွေးချယ်
People မဂ္ဂဇင်းက ဆွဲဆောင်မှုအရှိဆုံး အမျိုးသမီးအဖြစ် Kate Upton ကို ပထမဆုံးအဖြစ် ရွေးချယ်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 20, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 20, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment