Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, December 27, 2014

Miss Universe Myanmar 2014 သျှားထွဋ်အိန္ဒြာ၏ National Costume


Miss Universe Myanmar 2014 သျှားထွဋ်အိန္ဒြာသည် National Costume ကို မြန်မာနိုင်ငံတွင် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် ဒေသအဖြစ် ပထမဦးဆုံး အသိအမှတ် ပြုခြင်းခံရသည့် ပျူမြို့ များအနက် ဗီဿနိုးမြို့ ကို အုပ်ချုပ်ခဲ့သည့် ပန်ထွာဘုရင်မ၏ ၀တ်စုံမြင့် ယှဉ်ပြိုင်သွားမည် ဖြစ်ပါသည်။

ပန်ထွာဘုရင်မ ပေါ်ပေါက်ခဲ့သည်မှာ အေဒီ ၂ ရာစုခန့် က ဖြစ်သောကြောင့် ပန်ထွာဘုရင်မ၏ ၀တ်စုံ အစစ်ပစံအား ကိုးကားနိုင်မည့် မှတ်တမ်းများ နည်းပါးသည့်အတွက် သမိုင်းနောက်ခံ ၀တ္တုများနှင့် ပန်းချီးကားများမှ ကိုးကား ဖန်တီးထားခြင်း ဖြစ်ပါသည်။

အထူးသဖြင့် ယခုဝတ်စုံ ဒီဇိုင်းနှင့် စစ်ထွက် သရုပ်ဖော်ဟန်အား ပန်းချီဆရာကြီး မောင်ကျော်ညွန့် ၏ ပန်ထွာပန်းချီကားမှ ကိုးကားထားခြင်း ဖြစ်ပါသည်။

Miss Universe Myanmar 2014 သျှားထွဋ်အိန္ဒြာ၏ National Costume ကို ဒီဇိုင်နာ မပုံ့ (My Favourite) မှ ဖန်တီး ချုပ်လုပ်ပေး ထားခြင်း ဖြစ်ပြီး မကိုဋ်နှင့် ခါးစည်းတွင် သဘာဝ မိုးကုတ်တွင်းထွက် ကျောက်မျက်များကို မန္တလေးမှ ကြေးပညာရှင်များမှ ပြုလုပ်ပေးထားခြင်း ဖြစ်ကြောင်း Miss Universe Myanmar Organization သတင်းထုတ်ပြန်ချက် အရသိရပါသည်။

BY THIT HTOO LWIN

No comments:

Post a Comment