Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, December 27, 2014

ရင်ဂိုမဲပေးပိုင်ခွင့်မရ

ရန်ကုန်တိုင်းစည်ပင်သာယာရေး ကော်မတီရွေးကောက်ပွဲတွင် အလယ်ရွှေဂုံ တိုင်ရပ်ကွက် ဗဟန်း မြို့နယ်နေတွင်ထိုင်သူ အနုပညာရှင် ဂီတအဆိုတော် ရေဂိုက ဆန္ဒမဲပေးရန် ယနေ့ညနေ ၂နာရီ၄၅ မိနစ်တွင် သွားရောက်ပေး ဆောင် သော်လဲမဲပေးခွင့်မရရှိခဲ့ ကြောင်းသိရသည်။ အဆိုပါကိစ္စနဲပပတ်သက်ပြီး ရင်ဂိုကို ပေါ်ပြူလာနယူးမှ ဆက်သွယ်မေးမြန်းခဲ့သည်။

မေး- ဦးရင်ဂိုမဲပေးပိုင်ခွင့်မရဘူးဆိုတာ ဟုတ်ပါသလား။

ဖြေ- ဟုတ်တယ်။ ညနေ၂ နာရီ ၄၅မိနစ် မှာဦးနေထိုင်တဲ့ အလယ်ရွှေဂုံ တိုင်ရပ်ကွက် ဗဟန်းမြို့နယ်က မဲရုံကိုရောက်သွားခဲ့ပါတယ်။ ခြံဝ ရောက် ရောက်ခြင်းမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဦးရင်ဂိုကိုပြောတယ်။ မဲပေးဖို့ ခင်ဗျားမပါဘူးဆိုပြီးပြန်ခိုင်းတယ်။ အဲဒီအပြင် ဘေးကကလေး ကိုပြောသ လိုလိုဘာလိုလိုနဲ့ မိုက်မိုက်ရိုင်းရိုင်းကိုပြောတယ်။ ရှင်းပြနေတာနားမ လည် ဘူး လားပြာတယ် ။ဒါတွေထားပါ သူ့ဟာသူဘာပြောပြောပါ။

မေး- ဦးရင်ဂိုက မဲကိုဘာကြောင့်ပေးခွင့်မရတဲ့အကြောင်းကိုရော မေးခဲ့သ လား။

ဖြေ- ကျွန်တော်ဘက်က ဘာကြောင့်ပေးခွင့်မရတာလဲ ဖြေရှင်းခိုင်းတော့ ဦးတို့က ရက်ကွက်ထဲမှာ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေဒီရပ်ကွက် ဒီနားက လူတွေ စိတ်မ၀င်စားမှုမရှိလို့ပြောတယ်။ ကျွန်တော်က ပြည်သူတစ်ယောက်ပဲ။ ကျွန်တော်တိုင်းပြည်ကောင်းဖို့ လုပ်မယ့် လူတစ်ယောက်ကို ကြိုက်တဲ့လူကို ရွှေးထည့်နိုင်တယ်။ ဘာလို့ပေးမထည့်တာလဲမေးတော့ သူကပြောတယ် “ကျွန်တော်က ၂ လလောက် ကတည်းက လုပ်နေရပါတယ် စည်ပင်သာယာက စာရွှက်ကိုရမှ” ဘာညာတွေ မဟုတ်တာလျှောက်ပြောနေတယ်လေ။ဦးက မီဒီယာတွေ ကိုခေါ်လိုက်တော့ရောက်လာကြတယ် ။ အဲဒီရပ်ကွက်အုပ် ချုပ်ရေးမှူးကိုဖြေခိုင်းတော့လဲ အလုံးလုံးအထွေးထွေးတွေပဲပြောတယ်။ သူ့နာမည်တော့ကျွန်တော်မသိဘူး ။ လူကတော့ ၀၀တုပ်တုပ်ပုံစံပါ။ တစ်အိမ်မှာ တစ်ယောက်ဆိုလို့ ဦးတစ်ယောက်တည်းသွားတာပဲ။

မေး- ယခုကိစ္စနဲ့နိုင်းယှဉ်ပြီး ခုလိုဒီမိုကရေစီလမ်းကြောင်းသွားနေတဲ့အခါမှာ တရားမျှတမှုနဲ့ ပွင့်လင်းမြင်သာမှု နည်းနေသေးတဲ့အပေါ်ကိုရော ဘယ်လို သုံးသပ်မိပါသလဲ။

ဖြေ- တခြားရပ်ကွက်၊ တခြားလူတွေကို ပြောတာမဟုတ်ပါဘူး။ ဦးနဲ့ထိပ် တိုက် တွေ့တဲ့ ဦးနေထိုင်တဲ့ အလယ်ရွှေဂုံ တိုင်ရပ်ကွက် ဗဟန်းမြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုပဲပြောတာပါ။ ဒီလိုလူမျိုးတွေရှိလို့ရှင်ရင် တိုင်းပြည်က စုတ်ပြတ်သပ်နေအုံးမှာပဲ။ ဘယ်နည်းနဲ့မှကောင်း လာစရာ မရှိဘူးလို့ မြင်တယ်။ ဦးရင်ဂိုတို့က ကိုယ့်လိပ်ပြာကိုယ်လုံတယ်။ ကိုယ့်သီချင်းကိုယ်ဆိုပြီး ထမင်းစားရတဲ့ လူတွေပါ။ ဘာမှ မကောင်းမှုမလုပ်ဘူး။ အဲဒါသွားပြောတော့ သူတို့ကိုယ်သူတို့ Volunteer လို့ပြောတယ်။ Volunteer လားရပ်ကွက်အုပ်ချုပ်နေတဲ့လူတွေ။ တစ်ကယ်လုပ်တယ်ဆိုရင် ထွက်ခဲ့စမ်းပါ။ ကျွန်တော်က ဘယ်သူ့အကျိုးကျေးဇူးကြောင့်မှမဟုတ်ဘူး တိုင်းပြည်ကောင်းဖို့ မဲသွားထည့်တာ ဒါကိုလက်မခံဘူး။

ပန်း ကြာ မုံ

No comments:

Post a Comment