Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, December 28, 2014

ISIS စစ်သွေးကြွ များနှင့် ပူးပေါင်းရန် ဆီးရီးယားနိုင်ငံကူး လက်မှတ်အတုဖြင့် ထွက်ခွာမည့် သူများကို အင်ဒိုနီးရှားအစိုးရဖမ်းဆီး


ဆီးရီးယားနိုင်ငံ အတွင်းရှိ ISIS စစ်သွေးကြွ များနှင့် ပူးပေါင်းရန် ကြိုးပမ်းခဲ့သူ ခြောက်ဦးကို အင်ဒိုနီးရှား အာဏာပိုင်များက ဂျကာတာ မြို့တော်ရှိ နိုင်ငံတကာ လေဆိပ်တွင် ဒီဇင်ဘာ ၂၇ ရက်က ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသူ များတွင် အမျိုးသား ၊ အမျိုးသမီးစုံတွဲ တစ်တွဲပါဝင်ပြီး ၄င်းတို့နှင့် အတူ အသက် ၁ဝ နှစ်အရွယ် ကလေး တစ်ဦးလည်း ပါဝင်ကြောင်း ၊ ၄င်းတို့ အားလုံးသည် ဆီးရီးယား နိုင်ငံသို့ သွားရောက်ရန် နိုင်ငံကူး လက်မှတ်များကို အတုလုပ်၍ နိုင်ငံအတွင်းမှ ထွက်ခွာရန် ကြိုးပမ်းခဲ့ကြောင်း ဝန်ခံ ပြောကြား ခဲ့သည်။

ယင်းနောက် အာဏာပိုင်များ သည် ၄င်းတို့ကို ငွေကြေး ထောက်ပံ့ ပေးလျက် ရှိသူများကိုပါ ဖမ်းဆီး ထိန်းသိမ်းနိုင် ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ဆီးရီးယားနိုင်ငံ အတွင်းရှိ ISIS စစ်သွေးကြွ များနှင့် ပူးပေါင်းနိုင်ရေး အတွက် ပြည်ပသို့ ထွက်ခွာရန် ကြိုးပမ်းခဲ့သူ အရေအတွက်မှာ အင်ဒိုနီးရှား နိုင်ငံတွင် ပိုမိုတိုးမြင့် လာခဲ့ပြီး လက်ရှိအချိန်တွင် ဆီးရီးယားနှင့် အီရတ်နိုင်ငံ အတွင်းရှိ ISIS စစ်သွေးကြွ များနှင့် ပူးပေါင်းလျက် ရှိသည့် အင်ဒိုနီးရှားနိုင်ငံသားဦးရေ ၅ဝဝ ကျော်အထိ မြင့်တက်လာပြီ ဖြစ်ကြောင်း ယင်းနိုင်ငံ အာဏာပိုင်များက ပြောကြား ခဲ့သည်ဟု သိရသည်။

#PyiChitThar

No comments:

Post a Comment