Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, December 28, 2014

ပြင်သစ်နိုင်ငံတွင် ဆီးနှင်းများထူထပ်စွာ ကျရောက်မှုကြောင့် ခရီးသည် ထောင်ပေါင်းများစွာ သောင်တင်ပြီး လမ်းပိတ်ဆို့ မှုများဖြစ်ပွား





ပြင်သစ်နိုင်ငံရှိ Alps တောင်တန်း ဒေသတွင် ဒီဇင်ဘာ ၂၇ ရက် နံနက် အစောပိုင်းက ဆီးနှင်းများ ထူထပ်စွာ ကျရောက်မှုကြောင့် နှင်းလျှောစီး သမားများ၊ ယာဉ်မောင်းများ နှင့် ခရီးသည် ထောင်ပေါင်းများစွာ သောင်တင် နေပြီး လမ်းပိတ်ဆို့မှုများ ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။

အဆိုပါ ဆီးနှင်းထူထပ်စွာ ကျရောက်မှုကြောင့် ၄င်းနိုင်ငံ အရှေ့တောင်ပိုင်းရှိ ချန်ဘာရီ လေဆိပ်၌ ဒီဇင်ဘာ ၂၇ ရက်က ခရီးသည် ၂ဝဝဝ ခန့် သောင်တင်ခဲ့ပြီး လမ်းမများပေါ်၌ ယာဉ်အစီးရေ ၁၅ဝဝဝ ခန့် ပိတ်မိ နေခဲ့ကြောင်း သိရသည်။

နိုင်ငံအတွင်းရှိ အချို့ဒေသ များ၌ ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ် နေသောကြောင့် ဒေသခံများကို ခရီးသွားလာခြင်းများ မပြုလုပ်ရန် အာဏာပိုင်များက တိုက်တွန်းခဲ့သည် ဟု သိရသည်။ ထို့ပြင် အာဏာပိုင် များသည် သောင်တင်နေသော ခရီးသွားများနှင့် နှင်းလျှောစီး သမားများအတွက် ဆာဗွားစီရင်စု အတွင်းရှိ မြို့နယ် ၂ဝ ခုတွင် ယာယီ အဆောက်အအုံများ ဆောက်လုပ် ခဲ့သည်ဟု သိရသည်။

အဆိုပါ ရာသီဥတု ဆိုးရွားမှုအတွင်း အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦး မောင်းနှင်လာသော ကားသည် ဘယ်လက်ဒွန်တောင် ရှိ ချောက်အတွင်းသို့ ထိုးကျ သွားခဲ့ပြီး ၄င်းမှာ သေဆုံးသွား ခဲ့ကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment