Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, December 16, 2014

ရန်ကုန်နည်းပညာတက္ကသိုလ် (COE) ကို ၂၀၂၂ခုနှစ်တွင် တစ်ကမ္ဘာလုံးမှ အသိအမှတ်ပြုခံရရေး ဆောင်ရွက်သွားမည်

 


ရန်ကုန်၊ ဒီဇင်ဘာ ၁၅-ရန်ကုန်နည်းပညာတက္ကသိုလ်(COE) ကို ၂၀၂၂ ခုနှစ်တွင် တစ်ကမ္ဘာလုံးမှ အသိအမှတ်ပြုခံရရေး ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့အသိအမှတ်ပြုခြင်းခံရရန်အတွက် ရန်ကုန်နည်းပညာတက္ကသိုလ် သည် ကာလတိုရည်မှန်း ချက်၊ ကာလရှည်ရည်မှန်းချက်သတ်မှတ်ချက်များအဖြစ် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် ပြည်တွင်းရှိ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း၏အသိအမှတ်ပြု စိစစ်သည့် အဖွဲ့မှ အသိအမှတ်ပြုလက်မှတ်ရရှိစေရန် ကနဦး ခြေလှမ်းအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်နည်း ပညာတက္ကသိုလ်မှ ထုတ်ပြန်ထားသည်။

ရန်ကုန်နည်းပညာတက္ကသိုလ် ၏ ဒုတိယခြေလှမ်းအဖြစ် ၂၀၁၈ခုနှစ် တွင် တက္ကသိုလ်ရှိ အင်ဂျင်နီယာ/ ဗိသုကာဘွဲ့ကြို သင်တန်းများ၏ ၅၀ ရာခိုင်နှုန်းသည် အာရှပစိဖိတ်ဒေသ အသိအမှတ်ပြုခံရသည့်သင်တန်းများပေါ် ထွက် လာစေရေးနှင့် ကျန် ၅ဝရာခိုင်နှုန်းကို ၂၀၂ဝပြည့်နှစ်တွင် အသိအမှတ်ပြု ခံရရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

''၂၀၂၂မှာ တစ်ကမ္ဘာလုံးက အသိအမှတ်ပြုခံရရေးကို ဆောင် ရွက်သွားမှာပါ။ လက်ရှိမှာ ISO 9001;2008 ရအောင်ယူဖို့လုပ်နေ ပြီ။ အားလုံး အဆင်ပြေ တယ်ဆိုရင် ဒီနှစ်မကုန်ခင် ရပါမယ်။ နိုင်ငံတကာ အသိအမှတ်ပြုခံရဖို့ သွား တဲ့အဆင့် ငါးဆင့်မှာ တစ်ခုဖြစ်တဲ့ဒီလက်မှတ် ရဖို့ လုပ်နေတာဖြစ်ပါတယ်''ဟု ရန် ကုန်နည်းပညာတက္ကသိုလ်၊ မြို့ပြ အင်ဂျင်နီယာဌာနမှ ပါမောက္ခဌာန မှူးဒေါက်တာဉာဏ်မြင့်ကျော်က ပြောသည်။

ISO 9001;2008 လက်မှတ်ရရှိရန်အတွက် လိုအပ်နေမှုများကို ဖြည့် ဆည်းပေးရန်ပြည့်စုံသော အရည် အသွေးရှိ စီမံခန့်ခွဲမှုစနစ် QMS ကို ရန်ကုန်နည်းပညာတက္ကသိုလ်မှ ကျင့်သုံးသွားမည်ဖြစ်ကြောင်း၊ အရည် အသွေးစီမံခန့်ခွဲမှုစနစ်များစဉ်ဆက် မပြတ်တိုးတက်နေစေရန်နှင့် ကျောင်း သားကျောင်းသူများ၏လိုအပ်ချက်နှင့် ကိုက်ညီမှုရှိသော လုပ်ငန်းများဖြစ်စေ ရန်ကိုလည်း တက္ကသိုလ်၏အရည် အသွေးမူဝါဒကို တိကျစွာ ချမှတ်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

''အရည်အသွေးရှိစီမံခန့်ခွဲမှု စနစ် QMS ကို ကျွန်တော်တို့သေချာလုပ်နေ ပြီ။ ကျောင်းသားရယ်၊ ဆရာရယ်၊ သင်ရိုးညွှန်းတမ်းရယ်၊ ဌာနတွေကို တစ်ခုပြီး တစ်ခု အသိ အမှတ်ပြုခံရဖို့ ဆက်လက်လုပ်ဆောင် သွားမယ်''ဟု ဒေါက်တာ ဉာဏ်မြင့် ကျော်ကထပ်မံပြောသည်။

''ဒီကျောင်းဟာ နောက်ဆို ရင် အင်ဂျင်နီယာ ပညာရေးနဲ့ ပတ်သက်ရင် ဦးဆောင်မယ့် တက္ကသိုလ် တစ်ခုဖြစ်လာမှာပါ''ဟု ရန်ကုန်နည်းပညာတက္ကသိုလ် ၏အရည်အသွေး ကြီးကြပ်မှု ကော်မတီ သိပ္ပံနှင့်နည်း ပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး(ငြိမ်း) ဦးညီလှငယ်က ပြောကြားသည်။

ရန်ကုန်နည်းပညာတက္ကသိုလ် ကို ၁၉၆၁ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၅ရခုနှစ်တွင် ရန်ကုန်စက်မှုတက္ကသိုလ်အဖြစ် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

ATK
#Democracytoday

No comments:

Post a Comment