Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, December 20, 2014

၄၃၆ ပြင်ဆင်ရေး ဗီနိုင်းကို ဒေသအာဏာပိုင်ကဖြုတ်ခိုင်း


Sunday, December 21, 2014
လဟယ်မြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ချိတ်ဆွဲထားသည့် ၄၃၆ ပြင်ဆင်ရေး ဗီနိုင်းကို ဒေသဦးစီးဥက္ကဋ္ဌက ဖြုတ်ခိုင်းကြောင်း လဟယ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးလော်ယုံက ပြောကြားသည်။
၄၃၆ ပြင်ဆင်ရေးဆိုင်းဘုတ် ကို အစိုးရရုံးဝင်းအနီး မသင့်လျော်ဟုဆိုကာ ပါတီအတွင်းရေးမှူး အိမ်ခြံစည်းရိုး၌ ချိတ်ဆွဲထားသည့်၄၃၆ပြင်ဆင်ရေးဗီနိုင်းကို ဒီဇင်ဘာ ၂၀ရက်တွင် လူတစ်ဦးအား ဖြုတ်ခိုင်းခဲ့ကြောင်း သတင်းရရှိသည်။
‘‘ဗီနိုင်းကို လူတစ်ယောက် လွှတ်ပြီး လာဖြုတ်ခိုင်းတယ်။ ဘာကြောင့်ဖြုတ်ခိုင်းတာလဲသွားမေး တော့ ခင်ဗျားတို့ရုံးရှေ့မှာတော့ မလုပ်နဲ့လေလို့ပြောတယ်။ စကားတွေအချေအတင်ဖြစ်ပြီး ကျွန် တော့်ကို ရုံးကိုလိုက်ခဲ့ဖို့အတွက် ပြောပြီးထွက်သွားတယ်’’ဟု ဦးလော်ယုံက ပြောသည်။
၄၃၆ ပြင်ဆင်ရေးဆိုင်းဘုတ် ချိတ်ဆွဲထားသည့် ပါတီအတွင်း ရေးမှူးအိမ်သည် အစိုးရအဖွဲ့ရုံး ၀င်းအနီးတွင် ရှိနေခြင်းဖြစ်သော် လည်း အစိုးရရုံးများနှင့် ကားလမ်း တစ်ဖက်ခြမ်းတွင် တည်ရှိနေ ခြင်းသာဖြစ်သည်ဟု ဆိုသည်။‘‘ကျွန်တော်တို့က အစိုးရရုံး ၀င်းကို ကျူးကျော်ပြီး သွားလုပ် တာမဟုတ်ဘူး။ ရုံးရှေ့မှာဖြစ် ဖြစ်၊ ရုံးနောက်မှာဖြစ်ဖြစ်ပါတီ ရဲ့ တာဝန်ရှိသူရဲ့ အိမ်မှာလုပ်တာ။ အစိုးရရုံးကို သွားကျူးကျော်တာ မဟုတ်ဘူး’’ဟု ဦးလော်ယုံက ပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ဒေသဥက္ကဋ္ဌသို့ ဆက်သွယ်မေး မြန်းခဲ့ရာ ‘‘အင်န်အယ်လ်ဒီရုံးတည်ထားတဲ့နေရာမှာ ဒီဆိုင်းဘုတ်တွေပြုတာ၊ တပ်တာ ကြော်ငြာတွေကပ်တာ ဘာမှမပြောလိုဘူး။ သို့သော်အစိုးရအဖွဲ့ရုံးရှေ့တည့်တည့်မှာ ဆိုင်းဘုတ်ကြီးကြီးပြောပြော၊ သေးသေးပြောပြော၊ကိုယ့်အီးစီအိမ်ပဲပြောပြော မလုပ်သင့်ဘူးပေါ့။ ကျွန်တော်အနေနဲ့ အင်န်အယ်လ်ဒီကိုဘာမှ ကန့်ကွက်တာ မရှိပါဘူး’’ဟု ဥက္ကဋ္ဌ ဦးရှုစံကြူးက ပြောသည်။
ပုဒ်မ ၄၃၆ ကို ၂၀၁၅ အလွန်မှသာ ပြင်ဆင်ရန် ပြည်ထောင်စုလွှတ်တော်က ပြောထားပြီးဖြစ် ၍ ၄၃၆ ပြင်ဆင်ရေးသည် လွှတ် တော်အတွင်း၌ လုပ်ရမည့်ကိစ္စ သာဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံကို ကျော်လွန်ပြီး လုပ်ဆောင်ခြင်း နှင့် တည်ဆဲဥပဒေအရ ညီညွတ် မှုမရှိသည့်ကိစ္စရပ်များတွင် တည် ဆဲဥပဒေအရ တားမြစ်နိုင်ကြောင်း ၎င်းကပြောကြားသည်။
နာဂဒေသရှိ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီ၏ လုပ် ဆောင်ချက်များအပေါ် နှောင့် ယှက်ဟန့်တားမှုအမျိုးမျိုးရှိနေပြီး ဗီနိုင်းဖြုတ်ခိုင်းသည့် အဆင့်သည် ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်းဖြစ်ကြောင်း ပါတီဥက္ကဋ္ဌက ပြော သည်။
7Day Daily

No comments:

Post a Comment