Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, December 27, 2014

ပေါင်းတရာကျေးရွာတွင် လူ ၃၀ ခန့် ၀မ်းပျက်ဝမ်းလျှောဖြစ်၊ ၁ ဦး သေဆုံး


ပြည်မြို့နယ်၊ ဘန့်ပြင်အုပ်စု၊ ပေါင်းတရာကျေးရွာမှာ လူ ၃၀ လောက် ၀မ်းပျက်၊ ၀မ်းလျှော ဖြစ်ခဲ့ပြီး ဒီဇင်ဘာ ၂၅ ရက်နေ့က အမျိုးသမီး တဦး သေဆုံးသွားခဲ့ပါတယ်။

သေဆုံးသူကအသက် ၂၅ နှစ်အရွယ် အမျိုးသမီး ဖြစ်ပြီး ဒီဇင်ဘာ ၂၄ ရက်နေ့က ၀မ်းဗိုက်ရစ်နာပြီး အန်တာကြောင့် ဆေးရုံပို့လိုက်ရပြီးနောက်   ပြည်ဆေးရုံကြီးမှာ  သေဆုံးသွားခဲ့တာပါ။

ဒါ့အပြင် ရွာထဲက လူ ၃၀ လောက်လည်း ၀မ်းပျက်ဝမ်းလျှော ဖြစ်လို့၊ ကျေးလက်ကျန်းမာရေး ဌာနက လာရောက်ဆေးပေးကုသတာတွေ လုပ်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

ဘာကြောင့်ဖြစ်တယ်ဆိုတာကိုတော့ အခုထိ မပြောနိုင်သေးဘဲ ရွာရဲ့ ကျန်းမာရေးဆရာမ ကတော့ ကူးစပ်ရောဂါ မဟုတ်ဘဲ၊ ကျေးရွာကလူအားလုံးကိုတော့ ကာကွယ်ဆေးတိုက်ထားတယ်လို့ ပြောပါတယ်။

အမျိုးသမီး သေဆုံးသွားရတဲ့ အကြောင်းရင်းကိုလည်း ဒီဇင်ဘာ ၂၉ ရက်နေ့မှ အဖြေသိရမယ် ကျေးရွာ ကျန်းမာရေးဆရာမက ဆိုပါတယ်။

ပေါင်းတရာ ကျေးရွာဟာ၊ ပြည်ကနေ ၈ မိုင်ကျော်လောက်ဝေးတဲ့  ပြည် နဲ့ ပေါင်းတလည် ကြားက ရွာကလေးဖြစ်ပြီး အိမ်ခြေ ၅၂ လုံး၊ လူဦးရေ ၃၆၇ ယောက်ရှိပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကလည်း ၀မ်းပျက်ဝမ်းလျှော တခါဖြစ်ခဲ့ဖူးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/75149

No comments:

Post a Comment