မြန်မာနိုင်ငံက ငါးခြောက်တွေမှာ ဓာတု ပိုးသတ်ဆေးတွေ ထည့်သွင်း ထားကြောင်း အာဏာပိုင်တွေက ဓာတ်ခွဲ စစ်ဆေး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ဒီပိုးသတ်ဆေး တွေက စားသုံးသူတွေအပေါ် အန္တရာယ် ပိုးသတ်ဆေး မျိုးတွေ ဖြစ်ပြီး
ကလိုရိုဖောင်း ခေါ် ယင်မနားဆေး တွေ သုံးတာ အဓိက တွေ့ရတယ်လို့ စားသုံးသူ
ကာကွယ်ရေး အသင်း ဥက္ကဋ္ဌဌ ဦးဗအုပ်ခိုင်က ပြောပါတယ်။
ဧရာဝတီ မြစ်ဝကျွန်းပေါ်၊ ရခိုင်၊ တနင်္သာရီ စတဲ့ ကမ်းရိုးတန်း ဒေသ ငါးခြောက်
လုပ်ငန်း လုပ်ကိုင် သူတွေက ငါးခြောက် ကို မလှန်းခင် ထဲက ဒီပိုးသတ်ဆေး
စိမ်တာမျိုးတွေ ရှိတယ်လို့ သူက ပြောပါတယ်။
ဒီလို ယင်မနားဆေး သုံးတဲ့ ငါးခြောက် တွေကို စားရင် ကင်ဆာ ရောဂါ
အမျိုးမျိုး၊ အာရုံကြော ထိခိုက်၊ ကိုယ်တခြမ်းသေ လေဖြတ်တဲ့ ဝေဒနာတွေ ခံစား
ရနိုင်တယ်လို့ ရှင်းပြ ပါတယ်။
ဆေးမတို့တဲ့ ငါးခြောက်တွေနဲ့ ဆေးတို့တဲ့ ငါးခြောက်တွေ အမြင် အားဖြင့် ခွဲရ
ခက်ပေမယ့် ယင်နားတာ ယင်အုံတာ မတွေ့ရတဲ့ ငါးခြောက် ဆိုရင် မစားကြဖို့
ဦးဗအုပ်ခိုင်က သတိပေး ပါတယ်။
ဒီပိုးသတ်ဆေး တွေ သုံးလာတာ ဆယ်နှစ် ကျော် လောက် ရှိနေပြီး ခုမှ စားသုံးသူ
တွေ ဘက်က သတိပေး တိုင်တန်း လာလို့ အစားအစာ နဲ့ ဆေးဝါး ထိန်းချုပ်ရေး
အဖွဲ့ကို တိုင်ကြားပြီး ဈေးထဲက ငါးခြောက်တွေ ယူပြီး စစ်ဆေးမှ ပိုးသတ်ဆေး
သုံးကြောင်း တွေ့ရတယ် လို့ ပြောကြား သွားပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/burma/2014/12/141201_dried_fish_chemical
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, December 1, 2014
ငါးခြောက်မှာ ဓာတု ပိုးသတ်ဆေး ထည့်
ငါးခြောက်မှာ ဓာတု ပိုးသတ်ဆေး ထည့်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 01, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 01, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment