ဘူးသီးတောင်မြို့နယ်၊ ရွာမကျေးရွာအနီးတွင် ဘင်္ဂါလီအမျိုးသားတစ်ဦးက ဘင်္ဂါလီ အမျိုးသမီးတစ်ဦးအား ခေါင်းဖြတ်သတ်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း
သတင်းရရှိသည်။
ယင်းလူသတ်မှုသည်ယခုလ၄ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး
ခေါင်းဖြတ်အသတ်ခံရသူမှာ အသက် ၁၅နှစ်အရွယ် ဘင်္ဂါလီ
အမျိုးသမီးတစ်ဦးဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယင်းနေ့ နေ့လည်ပိုင်းတွင် ရွာမဘင်္ဂါလီကျေးရွာနေ မယာစမိန် (အသက် ၁ ၅နှစ်) (ဘ)အီမန်ဟူဆောင်းသည် သူမ၏ အဖွားဖြစ်သူနှင့်အတူ မိမိတို့နေထိုင်ရာ ရွာအနီးတောစပ်တွင် ထင်းရှာဖွေနေခဲ့ကြသည်။
ထိုသို့ ရှာဖွေနေစဉ် အမည်မသိသူ ဘင်္ဂါလီတစ်ဦးသည်
ဓားမတစ်ချောင်းကိုင်ဆောင်ကာ ပြေးလာပြီး မယာစမိန်ကို ရုတ်တရက် ဝင်ခုတ်ရာဦးခေါင်း ပြတ်ထွက်သွားခဲ့ပြီး ၁ဝပေ အကွာအထိ လွင့်စင်ထွက်သွားခဲ့သည်ဟု သိရှိရသည်။
“သေဆုံးသူရဲ့ အလောင်းကို ဦးခေါင်းသပ်သပ်၊ ခန္ဓာကိုယ်သပ်သပ် ၁ဝပေလောက်အထိ ကွာပြီးတွေ့ပါတယ်။ အဲဒီရွာနား တောစပ်က လယ်ကန်သင်းဘေးမှာ တွေ့ခဲ့ရတာပါ၊ အဲဒီတရားခံကိုတော့ ရွာသားတွေအကူအညီနဲ့ လက်နက်နဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။
သူအသုံးပြုခဲ့တဲ့ ဓားကတော့ သစ်သားအရိုးတပ် တစ်တောင် ကျော်ကျော်ရှည်တဲ့ ဓားမကြီးပါ။ သူ့ကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ တောင်ဘဇာရဲစခန်းကိုလွှဲအပ်ခဲ့ပါတယ်” ဟု စစ်ဆေးခဲ့သူ ရဲအရာရှိကပြောသည်။
တရားခံမှာ နေရပ်လိပ်စာမသိ(စုံစမ်းဆဲ) ဂျူဘိုင် (အသက် ၂၂နှစ်) ဖြစ်ပြီး
မည်သည့် အကြောင်းအရာကြောင့် လူသတ်မှုကျူးလွန်ခဲ့ကြောင်း သက်ဆိုင်ရာကဆက်လက် စစ်ဆေးနေဆဲဖြစ်ပြီး စိတ်မနှံ့သောကြောင့် စိတ်ဖေါက်ပြန်ပြီးပြစ်မှုကျူးလွန်ခြင်းဖြစ်နိုင်ကြောင်း ပဏာမ စုံစမ်းမှုများအရ သိရှိရသည်။
အဆိုပါလူသတ်မှု သတင်းကြောင့် ပြည်သူများ အနည်းငယ်ထိတ်လန့်မှု ရှိခဲ့ပြီး
မြို့နှင့် အလှမ်းဝေးသော ကျေးရွာများတွင် နေ့ချင်းပြန် တာဝန်ထမ်းဆောင်ရသော ဝန်ထမ်းများမှာလည်း လမ်းခရီးကို
စိုးရိမ်မှုများရှိကြောင်း ပြောဆိုကြသည်။
"သူတို့ အချင်းချင်းတောင် ဒီလိုဖြစ်နေမယ်ဆို ကျွန်မတို့ စိုးရိမ်ပါတယ်။ ဒါမျိုး မဖြစ်ဘူးလို့ မပြောနိုင်ဘူး၊ ကြောက်တာပေါ့" ဟု ဘင်္ဂါလီကျေးရွာသို့ နေ့စဉ် စာသင်ရန်သွားရောက်နေရသည့် ကျောင်းဆရာမတစ်ဦးကပြောသည်။
တရားခံကို ဖမ်းဆီးရမိထားပြီးဖြစ်၍ အခြားရည်ရွယ်ချက်ကြောင့်
ပြစ်မှုကျူးလွန်ခြင်း မဖြစ်နိုင်သဖြင့် စိုးရိမ်စရာ မရှိကြောင်း
လုံခြုံရေးတာဝန်ရှိသူများက ပြောသည်။
ပုံ - ခေါင်းဖြတ် အသတ်ခံရသည့် ဘင်္ဂါလီအမျိုးသမီးအား သင်္ဂြိုဟ်ရန် ရွာသားများသယ်ဆောင်သွားစဉ်။
Rakhine News Agency
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, December 8, 2014
ဘူးသီးတောင်တွင် ဘင်္ဂါလီအမျိုးသားတစ်ဦးက ဘင်္ဂါလီအမျိုးသမီးတစ်ဦးအား ခေါင်းဖြတ်သတ်
ဘူးသီးတောင်တွင် ဘင်္ဂါလီအမျိုးသားတစ်ဦးက ဘင်္ဂါလီအမျိုးသမီးတစ်ဦးအား ခေါင်းဖြတ်သတ်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 08, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 08, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment