Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, December 20, 2014

ခေတ်ဟောင်းလက်နက်များဖြင့် ရိုက်ကူးခွင့်မရသေး၍ ဒေါ်အောင်ဆန်းစုကြည်ထံ အကူအညီတောင်း

ရန်ကုန်- ဗိုလ်ချုပ်အောင်ဆန်း အသုံးပြုခဲ့သော လက်နက်အမျိုး အစားအစစ်များဖြင့် ဗိုလ်ချုပ်ရုပ် ရှင်ဇာတ်ဝင်ခန်း ရိုက်ကူးနိုင်ရန် သက်ဆိုင်ရာသို့ တောင်းခံထားရာ ရိုက်ကူးမည့်အချိန်အထိ အသုံးပြု ခွင့် မရရှိသေး၍ ဒေါ်အောင်ဆန်း စုကြည်ထံ အကူအညီတောင်းထားကြောင်း ဒါရိုက်တာမင်းထင်ကိုကိုကြီးက ပြောသည်။
‘‘လက်နက်အစစ်တွေနဲ့ ရိုက်ကူးခွင့်တင်ထားတာ မကျသေး ဘူး။ အဲဒါကြောင့် ဒေါ်အောင် ဆန်းစုကြည်ကို အကူအညီ တောင်းထားတယ်’’ဟု ဒါရိုက် တာမင်းထင်ကိုကိုကြီးက ပြော သည်။
ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးရေး မစတင်မီ ပရိသတ်စိတ်ဝင်စားမှု ရရှိရန် Teaser ရိုက်ကူးခြင်းကို အောက်တိုဘာအတွင်းက စတင် ခဲ့ပြီး ဗိုလ်ချုပ်နှစ်(၁၀၀)ပြည့် မွေး နေ့အမီ ရုပ်သံလိုင်းများမှ အခမဲ့ပြသနိုင်ရေးစီစဉ်နေခြင်း ဖြစ်သည်။
ဒုတိယTeaser ရိုက်ကူးမှု ကို ဒီဇင်ဘာ ၁၉ ရက်တွင် ပြု လုပ်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း နှင့်ပြောက်ကျားရဲဘော်များ ဂျပန်တော်လှန်ရေးအတွက် တောတွင်းနေရာတွင် စခန်းချနေထိုင်သည့် အခန်းကို ရိုက်ကူးခဲ့သည်ဟု ဗိုလ် ချုပ်အောင်ဆန်းရုပ်ရှင်၏ တရား ၀င်ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ရေးသားထားသည်။
ယင်းဇာတ်ဝင်ခန်းကို ယခင်က ဒီဇင်ဘာလဆန်းတွင် ရိုက် ကူးရန် စီစဉ်ခဲ့သော်လည်း လက် နက်အသုံးပြုခွင့် မရရှိ၍ ဒီဇင်ဘာ၁၉ ရက်သို့ ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်သည်။
‘‘ဒီဇာတ်ဝင်ခန်းမှာ လက် နက်ပါပေမယ့် အစစ်မဟုတ်ရင် လည်း အဆင်ပြေတာကြောင့် ရိုက်ကူးခဲ့တာပါ။ လုပ်ကြံတဲ့အခန်းကတော့ အနီးကပ်ရိုက်ပြရမှာ ဆိုတော့ လက်နက်အစစ်မှ အဆင်ပြေမှာ’’ဟု ဒါရိုက်တာမင်းထင် ကိုကိုကြီးက ပြောသည်။
ဗိုလ်ချုပ်လုပ်ကြံခံရသည့် ဇာတ်ဝင်ခန်းအတွက် အတွင်းဝန် ရုံးကို ရိုက်ကူးခွင့်ပေးထားသော် လည်း ယင်းဇာတ်ဝင်ခန်းတွင် အသုံးပြုခဲ့သည့် လက်နက်အမျိုး အစား အစစ်များဖြင့် ရိုက်ကူးခွင့် မရရှိသေးသောကြောင့် ကြန့်ကြာ နေခြင်းဖြစ်သည်ဟု ၎င်းကပြော သည်။ ထို့ပြင် အောက်တိုဘာ အတွင်းက ရိုက်ကူးခဲ့သော Teaser တွင် အမှားအယွင်းများပါဝင် သဖြင့် ဒီဇင်ဘာ ၂၄ နှင့် ၂၅ ရက်တွင် ပြန်လည်ရိုက်ကူးသွားမည်ဟု ၎င်းကဆိုသည်။
ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရိုက်ကူးရေးကို ၂၀၁၂ ဖေဖော်ဝါရီ ၁၃ ရက်တွင် စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀)ပြည့် မည့် ၂၀၁၅ တွင် ရုံတင်ပြသနိုင်ရန် ရည်ရွယ်ခဲ့သော်လည်း ယခုအချိန်အထိ ရုပ်ရှင် စတင်ရိုက်ကူး မည့် အချိန်ကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။
7Day Daily

No comments:

Post a Comment