Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, December 20, 2014

ကင်မွန်းစခန်းအနီး ပိုလန်နိုင်ငံသူတစ်ဦး အဓမ္မပြုကျင့်ခံရ


ကျိုက်ထီးရိုးတောင်ခြေ ကင်မွန်းစခန်းအနီးတွင် ကမ္ဘာ လှည့်ခရီးသွား ပိုလန်နိုင်ငံသူ တစ်ဦး အဓမ္မပြုကျင့်ခံခဲ့ရသော ကြောင့် ကျူးလွန်သူကိုဖမ်းဆီးစစ် ဆေးနေကြောင်း ဒေသခံ ရဲ တပ်ဖွဲ့မှ သတင်းရရှိသည်။



ဒီဇင်ဘာ ၂၀ ရက် နံနက်က ကင်မွန်းစခန်းအနီးတွင်ရှိသည့် ကင်မွန်းချောင်းဘေးတစ်နေရာ ၌ အသက် (၂၂) နှစ်အရွယ် အမျိုးသားတစ်ဦးက ပိုလန်နိုင်ငံ သူကို အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ် ကြောင်း ကင်မွန်းချောင်းရဲစခန်း မှ ရဲအရာရှိတစ်ဦးကပြောသည်။
‘‘နိုင်ငံခြားသူက ဓာတ်ပုံ လိုက်ရိုက်ရင်း လူတွေနဲ့ ဝေးတဲ့ နေရာရောက်သွားတာဗျ။ အဲဒီ မှာ ကျပန်းအလုပ်သမားတစ် ယောက်က ကျူးလွန်တာ။ ကာ ယကံရှင်ကိုယ်တိုင် အမှုလာဖွင့် တာပါ။ နေ့ချင်းပဲ ဖမ်းမိပါတယ်’’ ဟု အဆိုပါ ရဲအရာရှိကပြော သည်။ အမှုနှင့် ပတ်သက်၍ မှုခင်းဆရာဝန်ထံတွင် သွေးစစ် ချက်တောင်းခံထားပြီး စွပ်စွဲဖမ်း ဆီးခံရသည့် အမျိုးသားကို ပြစ် မှုပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ထား သည်။
နိုင်ငံခြားသူ အဓမ္မကျူးလွန် ခံရခြင်းမှာ မြန်မာနိုင်ငံတွင် ဖြစ် တောင့်ဖြစ်ခဲအမှုဖြစ်ပြီး ပြီးခဲ့ သည့်နှစ် အနည်းငယ်အတွင်း ပုဂံတွင် ဂျပန်နိုင်ငံသူ တစ်ဦး အဓမ္မပြုကျင့် အသတ်ခံရသည့် အမှု နောက်ဆုံးဖြစ်ပွားခဲ့ကာ ဖြစ် စဉ်တိုင်းတွင် တစ်ဦးတည်း လည် ပတ်သူများဖြစ်နေကြောင်း နေပြည်တော် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့ ရဲအရာရှိတစ်ဦးက သုံးသပ်သည်။
Nature Dream ခရီးသွား လုပ်ငန်း မန်နေဂျင်းဒါရိုက်တာ ဒေါ်စံပယ်အောင်က ကျိုက်ထီးရိုး ကဲ့သို့ ကမ္ဘာလှည့်ခရီးသွားများ အလည်အပတ်များသောနေရာ၌ တစ်ဦးတည်းလာသော Single Traveller များအတွက် ဟိုတယ် ခရီးဝန်ကြီးဌာနနှင့် ဟိုတယ်လုပ် ငန်းရှင်များအသင်းက ပညာပေး အစီအစဉ်များ ရှိသင့်ကြောင်း အကြံပြုသည်။
7Day Daily

No comments:

Post a Comment