ရန်ကုန်၊ ဒီဇင်ဘာ ၂
အုပ်ချုပ်ရေး အဖွဲ့ဝင်များ၏ အကျင့်ပျက် ခြစားမှုနှင့် ပတ်သက် ၍
မြန်မာသံတော်ဆင့် ဂျာနယ် အတွဲ(၃)၊ အမှတ်(၃၆)၌ မင်းသီဟ (လက်ပံတန်းသား)ဟူသော
ကလောင်အမည်ဖြင့် ““နိုင်ငံသား တစ်ဦး အတွက် ဥပဒေဆိုတာ ဘာလဲ”” သတင်းဆောင်း
ပါး ရေး သားဖော်ပြခဲ့ မှုနှင့် ပတ်သက်၍ လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့မှူး
ရဲမှူး ဖုန်းမြင့်က တရားလိုပြုလုပ်၍ သတင်းမီဒီယာ ဥပဒေပုဒ်မ ၂၅ (ခ) ဖြင့်
တရားစွဲဆို ထားကြောင်း တရားစွဲခံရသူ မြန်မာသံတော်ဆင့် ပဲခူးတိုင်း သတင်း
တာဝန်ခံ ဦးသန်းမြတ်စိုးက ဒီဇင်ဘာလ ၁ ရက်နေ့တွင် ပြော သည်။
မြန်မာသံတော်ဆင့် သတင်းဂျာနယ်ပါ ကိုသန်းမြတ်စိုး၊ ကလောင်အမည်
မင်းသီဟ(လက်ပံတန်းသား)၏ ““နိုင်ငံသား တစ်ဦးအတွက် ဥပဒေဆို တာဘာလဲ””
ဆောင်းပါးတွင် ဒေသခံ ရဲတပ်ဖွဲ့ဝင်များ၏ တရားမ၀င် လုပ်ဆောင်ချက်များနှင့်
ပတ်သက်သည့် ရေးသား ဖော်ပြချက်များ ပါဝင်ခဲ့ရာ ထိုသို့ရေးသားမှုများက
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည့်အတွက်ဟုဆိုကာ
ယခုကဲ့သို့ တရားစွဲဆိုခြင်း ဖြစ်သည်။
““မြန်မာသံတော်ဆင့် ဂျာနယ်မှာပါတဲ့ ဖော်ပြချက်နဲ့ ပတ်သက်ပြီး
စွဲတဲ့သဘောပေါ့။ ပုဂ္ဂိုလ်ရေး အနေအထား အတိုင်းအတာတော့ ကျွန်တော်
သန်းမြတ်စိုးဆိုတာ ပါမှမပါတာ။ မင်းသီဟ (လက်ပံတန်းသား) ဆိုတာပဲ ပါတာကိုး””
ဟု ပဲခူးတိုင်း သတင်းတာဝန်ခံ ကိုသန်းမြတ်စိုးက ပြောသည်။ မီဒီယာဥပဒေဖြင့်
တရား စွဲဆိုကြောင်း အကြောင်းကြားစာကို နိုဝင်ဘာ(၂၈) ရက်က လက်ပံတန်းမြို့နယ်
တရားရုံးက ပေးပို့ခဲ့ခြင်း ဖြစ်ကာ ပထမဆုံးအကြိမ် ရုံးချိန်းကို ဒီဇင်ဘာ
(၅)ရက်တွင် ချိန်းဆိုထားသည်။
တရားစွဲဆိုမှုနှင့် ပတ်သက်၍ ““ပုဂ္ဂလိက ဆိုရင်တော့ ပုဒ်မ(၅၀၀) နဲ့
သွားမှာပေါ့။ ပုဂ္ဂလိက မပါဘဲ တပ်ဖွဲ့ဆိုတဲ့ အသုံးအနှုန်းမျိုး
သုံးထားတာပေါ့နော်။ အဖွဲ့အစည်းကို ဒါတွေ မပေးရဘဲနဲ့ ပေးရတယ်ဆိုတဲ့ နယ်ထိန်း
In-charge က ပေးရတယ်ဆိုတဲ့ သဘောမျိုး သူရေးထားတယ်လေ။ တိုင်းဒနတို့၊ SB
တို့၊ စသုံးလုံးတို့၊ စီအိုင်ဒီတို့ ခွဲတမ်းပေးရတယ်။ ရဲအခြေခံက
ခွဲတမ်းပေးရတယ်။ အဲဒီမှာထည့်ပြီး ရေးထားတာရှိတယ်။ ဒီအဖွဲ့အစည်းတွေကို
တကယ်လည်း မပေးရဘဲနဲ့ နယ်ထိန်း In-charge ကလည်း မပေးရဘဲနဲ့ သူက ပေးရတယ်
အဲဒီလို ရေးထား တာ တွေ့ရတဲ့အတွက် အဖွဲ့အစည်းကို သိက္ခာချပါတယ်ဆိုတဲ့
သဘောမျိုးနဲ့ ကျွန်တော်တို့က စွဲတဲ့သဘောပါ”” ဟုလက်ပံတန်း
မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဖုန်းမြင့်က မြန်မာသံတော်ဆင့် သို့ ပြောသည်။
ဦးသန်းမြတ်စိုး၏ ဆောင်းပါးကို ဂျာနယ်တွင် ဖော်ပြပြီးနောက် နိုဝင်ဘာ ၁၇
ရက်နေ့တွင် ပဲခူးတိုင်း တပ်ဖွဲ့မှူး၏ စေခိုင်းချက်အရ အုတ်ဖိုမြို့နယ်မှူးက
ဦးဆောင်ပြီး ကြို့ပင်ကောက် စခန်းမှူး၊ အိုးသည်ကုန်း စခန်းမှူး
တို့ပါဝင်သည့် စစ်ဆေးရေး အဖွဲ့ကလည်း ဦးသန်းမြတ်စိုးကို
ခေါ်ယူမေးမြန်းမှုများ ပြုလုပ် ခဲ့သေးသည်။
အဆိုပါအမှုတွင် တရားလို ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ““တရားလိုမှာကျတော့
ကျွန်တော်တို့က အဖွဲ့အစည်း နဲ့ ဆိုင်တာဆိုတော့ ကျွန်တော်တို့
မြို့နယ်အပေါ်မှာ အခြေခံရေးထားတော့ ကျွန်တော်ကတော့ ဒီမှာ ဆိုတော့ အဖွဲ့အစည်း
မှာ မြို့နယ်မှူးဆိုတော့ အကြီးအကဲ ဖြစ်သွားတာပေါ့ဗျာ။ ကျွန်တော့်အနေနဲ့
အဖွဲ့အစည်းရဲ့ ကိုယ်စားသဘောမျိုး ကျွန်တော် စွဲရတာပါ””ဟု လက်ပံတန်းမြို့နယ်
ရဲတပ်ဖွဲ့မှူး ရဲမှူးဖုန်းမြင့်က မြန်မာ သံတော်ဆင့်သို့ ပြောသည်။
ယခုကဲ့သို့ မြန်မာသံတော်ဆင့် သတင်းဂျာနယ်၏ ပဲခူးတိုင်း သတင်းတာဝန်ခံ
ဦးသန်းမြတ်စိုး တရားစွဲဆို ခံရခြင်းသည် မြန်မာသံတော်ဆင့် သတင်းဌာနအတွက်
မီဒီယာဥပဒေဖြင့် ဒုတိယအကြိမ်မြောက် စွဲဆိုခံရခြင်း ဖြစ်သည်။
ဦးသန်းမြတ်စိုးသည် တပ်မတော် အစိုးရလက်ထက် လက်ပံတန်းမြို့နယ်
ကြံ့ခိုင်ရေးအသင်း စတင် ဖွဲ့စည်းသည်မှ အတွင်းရေးမှူးတာဝန် နှစ်ရှည်လများ
တာဝန်ယူခဲ့ကာ နုတ်ထွက်ခဲ့ ပြီးနောက် မြန်မာသံတော်ဆင့် ဂျာနယ်တွင်
ကြံ့ခိုင်ရေး အောက်ခြေ အကျင့်ပျက်ခြစားမှုများ၊ ယခင်အစိုးရ လက်ထက်
လူကြီးခရီးစဉ်တွင် ပဲခူးတိုင်းသို့ လာရောက်ခဲ့သော ကုမ္ပဏီကြီးအချို့
ငွေသားမပါသော စက္ကူပုံးခွံ အလွတ်များ လှူဒါန်းခဲ့ခြင်းစသော
သတင်းဆောင်းပါးများ နှင့်ကြံ့ခိုင်ရေး လွှတ်တော်ကိုယ်စားလှယ် အချို့၏
လုပ်ရပ်များကို ရေးသားခဲ့သူလည်း ဖြစ်သည်။
မြန်မာသံတော်ဆင့်တွင် NLD ပါတီ တာဝန်ရှိသူမှ သမ္မတကိုဝေဖန် ပြောကြား ခဲ့သော
အင်တာဗျူးကို ထည့်သွင်း ဖော်ပြခဲ့ခြင်းကြောင့် ပြန်ကြားရေး ၀န်ကြီးဌာနမှ
မြန်မာသံတော်ဆင့်အယ်ဒီတာချုပ် အပါအ၀င် ဖြန့်ချိရေး ၀န်ထမ်းအထိ(၁၁) ဦးကို
သမ္မတ၏ ဂုဏ်သိက္ခာ ထိခိုက်စေသည်ဟူသည့် စွပ်စွဲချက်ဖြင့် သတင်း မီဒီယာဥပဒေ
ပုဒ်မ ၂၅(ခ) ဖြင့် ဂျာနယ်ဝန်ထမ်း အစုလိုက် အပြုံလိုက်ကို ပထမဆုံး
တရားစွဲဆို ထားမှုကြောင့် အမှုရင်ဆိုင် နေရဆဲဖြစ်သည်။
MH-0030
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, December 5, 2014
ရဲတပ်ဖွဲ့ကို ခွဲတမ်းများ ပေးရကြောင်း ရေးသား၍ မြန်မာသံတော်ဆင့်၏ ပဲခူးတိုင်းသတင်းတာဝန်ခံ မီဒီယာဥပဒေဖြင့် တရားစွဲခံရ
ရဲတပ်ဖွဲ့ကို ခွဲတမ်းများ ပေးရကြောင်း ရေးသား၍ မြန်မာသံတော်ဆင့်၏ ပဲခူးတိုင်းသတင်းတာဝန်ခံ မီဒီယာဥပဒေဖြင့် တရားစွဲခံရ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 05, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 05, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment