ထောင်ဒဏ်
၁၃ နှစ် ချမှတ်ခံထားရတဲ့ သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့် အပေါ်
ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေ လျှော့ပေါ့ပေးရေး ဒါမှမဟုတ် လွတ်မြောက်ရေးအတွက်
အသနားခံမှာ မဟုတ်ဘူးလို့ အဲဒီအမှုကို လိုက်ပါဆောင်ရွက်နေတဲ့ တရားလွှတ်
တော်ရှေ့နေ ဦးတင်ထွန်းက ပြောပါတယ်။ သူတို့ရဲ့ ရပ်တည်ချက်က ဘာလဲ။
ဦးဆန်းဆင့်ကို ချမှတ်ထားတဲ့ ပြစ်ဒဏ်ဟာ ဥပဒေနဲ့ ညီညွတ်မှု မရှိပေမယ့်
အဲဒီပြစ်ဒဏ်တွေ လျော့ ပေါ့ပေးဖို့ အသနားခံမှာ မဟုတ်ဘဲ ဥပဒေလမ်းကြောင်း
အတိုင်းပဲ ဆက်လုပ်မယ်လို့ သူက ဆိုပါတယ်။
ပြစ်ဒဏ်ချခံထားတာနဲ့
ပတ်သက်လို့ အယူခံတင်တာ၊ ပြင်ဆင်မှုတင်တာ၊ အထူးအယူခံ တင်တာတွေ စတဲ့
ဥပဒေကြောင်းအရ လမ်းဆုံးအောင် လျှောက်မယ်ဆိုပြီး ဦးဆန်းဆင့်နဲ့
သဘောတူထားကြတယ်လို့ ဦးတင်ထွန်းက ပြောပါတယ်။
“လျှောက်တဲ့အတိုင်းအတာမှာ ကျွန်တော်တို့ ဘယ်တော့မှ လျှော့ပေးပါ မပြောဘူး။
ဘယ်တော့မှ အသနား မခံဘူး။ ဒါ ကျွန်တော့်ရဲ့ ရပ်တည်ချက်၊ ဒီရပ်တည်ချက်ကိုလည်း
ဝန်ကြီးက ဝမ်းသာတယ်” လို့ သူကရှင်းပြပါတယ်။
မဟာဗန္ဓုလပန်းခြံလမ်းမှာရှိတဲ့ PPQ စားသောက်ဆိုင်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က ပြုလုပ်တဲ့ မီဒီယာတွေ့ဆုံပွဲမှာ သူက အခုလို ပြောဆိုခဲ့တာပါ။
အဲဒီအမှုအတွက် အယူခံခွင့်ကို မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်က
ပယ်ချထားတဲ့အတွက် တရားခံရဲ့ ဒုတိယအခွင့်အရေး အဖြစ် တရားလွှတ်တော်ချုပ်သို့
အဲဒီ ပြစ်ဒဏ်တွေ ပယ်ဖျက်၊ ပြင်ဆင်ရေးအတွက် ပြင်ဆင်မှု လျှောက်ထားမယ်လို့
ဦးတင်ထွန်းက ရှင်းပြပါတယ်။
အဲဒီလျှောက်ထားမှု မအောင်မြင်ရင် အထူးအယူခံ တင်သွင်းသွားမယ်လို့လည်း သူက ဆက်ပြောပါတယ်။
“အောက်ရုံးက ချမှတ်ထားတဲ့ အမိန့်သည် ဥပဒေနဲ့ မညီဘူး ပြင်ဆင်ပေးပါ။
ပယ်ဖျက်ပေးပါ။ ဒီလိုကျွန်တော်တို့ သုံးတယ်။ အဲဒီရောက်သွားတဲ့အခါ
ပယ်ဖျက်လို့ရတယ်။ ပြင်တယ် ဆိုတာကလည်း ဒီဟာကြီးက ၁၃ နှစ် များပါတယ် ၃
နှစ်ပဲကျခံစေ၊ အဲဒါလည်းပြင်တာပဲ” လို့ ဦးတင်ထွန်းက ပြောပါတယ်။
တပ်မတော်အစိုးရလက်ထက်မှာ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း၊ အစိုးရသစ်လက်ထက်မှာ
ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌနဲ့ သာသနာရေးဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့တဲ့
ဦးဆန်းဆင့်ကို ယုံကြည်မှု အလွဲသုံးစားလုပ်မှု ပုဒ်မ ၄၀၉ ၊
နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄(က) တွေနဲ့ အောက်တိုဘာလ ၁၇ ရက်နေ့မှာ
ထောင်ဒဏ် ၁၃ နှစ်နဲ့ ဒဏ်ငွေကျပ် တစ်သိန်း ချမှတ်ခဲ့ပါတယ်။
လက်ရှိမှာ တောင်ငူအကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရပါတယ်။
- See more at: http://thevoicemyanmar.com/index.php/news/item/4754-oss#sthash.5wkdMFmc.dpuf
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, December 14, 2014
ဦးဆန်းဆင့်ရဲ့ ပြစ်ဒဏ်အတွက် အသနားမခံဘူးလို့ သူရဲ့ ရှေ့နေပြော
ဦးဆန်းဆင့်ရဲ့ ပြစ်ဒဏ်အတွက် အသနားမခံဘူးလို့ သူရဲ့ ရှေ့နေပြော
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 14, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 14, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment