Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, December 29, 2014

လှချင်လွန်းမှု၏ သားကောင်များ

တကယ်ဆိုရင် တိုင်းပြည်ချွတ်ခြုံ ကျနေမှန်းလည်း အားလုံးအသိ။ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးရဲ့ ဆင်းရဲတွင်း နက်နေတာကို ဘယ်လို ဖြည့်ဆည်း ပေးရမလဲလို့ မတွေးကြတော့ဘူး။ ကိုယ့်စိတ်ဆန္ဒတွေကိုပဲ ရှေ့တန်းတင် လာကြတယ်။ တစ်ဦးက လက်နဲ့ရေးတယ်။ တစ်ဦးက ခြေနဲ့ဖျက်တယ်။ တစ်ဦးက အရှေ့ကို လျှောက်တယ်။ တစ်ဦးက အနောက်ကို လျှောက်တယ်။ ဆန့်ကျင်ဘက် ပဋိပက္ခ အသွင်တွေ ဆောင်လာကြတာကို တွေ့ရတယ်။

၂၀၁၀ တုန်းကတော့ တိုင်းပြည်ရဲ့ နွေဦးဟာ ဥသြငှက်ရဲ့ တေးသံနဲ့အတူ ကြည်နူးစရာတွေ ပုံဖော်နိုင်ခဲ့တယ်။ စစ်ယူနီဖောင်း တစ်ဖြစ်လဲ နိုင်ငံတော် သမ္မတကြီး နဲ့အတိုက်အခံ နိုင်ငံရေး ပါတီကြီးရဲ့ ဥက္ကဋ္ဌတို့ လက်ချင်း ချိတ်နိုင်ခဲ့တယ်။ နိုင်ငံတကာ မျက်နှာစာမှာ မောင်နှမ နှစ်ယောက်ရဲ့ အပြုံးတွေနဲ့ ဝေဆာခဲ့ကြတယ်။ ပြည်သူလူထုနဲ့တကွ တစ်ကမ္ဘာလုံးကပါ ကျေနပ် နှစ်သိမ့်ခဲ့ကြတယ်။ တိုင်းပြည် အပေါ်မှာ တင်ရှိနေတဲ့ အကြွေးတွေကို လျော်ပစ်တာ ရှိသလို တစ်ချိန်က ပိတ်ဆို့ထားတဲ့ တံခါးတွေကိုလည်း ဖွင့်ပေးခဲ့ကြတယ်။ နိုင်ငံတကာ ခေါင်းဆောင်ကြီးတွေ ကိုယ်တိုင် အိမ်သာလို့ ဧည့်လာခဲ့ကြတယ်။ ရွှေလမ်း ငွေလမ်း ဖောက်ခဲ့ကြတယ်။ စီးပွားရေး ရင်းနှီး မြှုပ်နှံမှုတွေ လှိမ့်ဝင်လာတော့မှာပဲလို့ စိတ်ကူးနဲ့ရူးခဲ့ကြရတယ်။

ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ပုံမှန်စရိုက် လက္ခဏာတွေ ပြန်ပေါ်လာတယ်။ အတ္တမာနတွေကို ရှေ့တန်း တင်လာပြန်တယ်။ အချင်းချင်း ပေါင်းစည်း ညီညွတ်ကြရမယ့် အစား တစ်ဦးနဲ့တစ်ဦး ပြစ်တင် ဝေဖန်သံတွေ ညံလာကြတယ်။ အက်ကြောင်း ထင်လာတယ်။ သပ်သျှိုသူတွေ ကြောင့်လည်း အက်ကြောင်းဟာ ပိုပြီး နက်ရှိုင်းစ ပြုလာတယ်။ အခုဆိုရင် ပဋိပက္ခ အခြေအနေဟာ ဆိုးသထက် ဆိုးလာတယ်။ ဘယ်လောက် အထိ ဆိုးလာသလဲဆိုရင် ““လွှတ်တော်ထဲကို တပ်မတော် စစ်ကြောင်းတွေ ရောက်လာတော့မှာလား”” ဆိုတဲ့ အတွေးမျိုး အထိ စိုးရိမ် ထိတ်လန့်လာကြတယ်။

ဒီမိုကရေစီ ခိုင်မာနေတဲ့ ထိုင်းနိုင်ငံမှာလို အာဏာ သိမ်းမှုတွေ ဖြစ်လေမလားလို့ စိုးရိမ်နေကြရပြီ။ ထိုင်းနိုင်ငံ မှာတောင် အာဏာ သိမ်းမှုတွေ ဖြစ်လာသေးရင် ဒီမိုကရေစီ သက်တမ်း နုနယ်သေးတဲ့ မြန်မာနိုင်ငံမှာ အာဏာသိမ်းမှု မဖြစ်ပါဘူးလို့ ဘယ်သူမှ အာမမခံနိုင်ကြပါဘူး။ အချိန်မရွေး အာဏာသိမ်းမှု ထပ်ပြီး ဖြစ်နိုင်ပါတယ်။ နောက်ကြောင်း မပြန်ပါဘူးလို့ ဘယ်လောက်ပဲ ကတိတွေ ပေးထား ပေမယ့်လည်း အခြေအနေနဲ့ အချိန်အခါ အလျောက် နောက်ကြောင်းပြန်ဖို့ ၀န်မလေးတဲ့ သူတွေ ရှိနေပါသေးတယ်။ အဲဒါကြောင့် ဒီမိုကရေစီ သန္ဓေသားဟာ အချိန်မရွေး ပျက်ကျ နိုင်ပါသေးတယ်။

ပြည်သူလူထု တစ်ရပ်လုံးကလည်း ဒါကိုပဲ စိုးရိမ်နေကြတာပါ။ စစ်အုပ်ချုပ်မှု အောက်က ရုန်းထွက်ခါစပဲ ရှိသေးတယ်။ ဒီမိုကရေစီ အလေ့အကျင့်တွေ ကောင်းကောင်း မရသေးပါဘူး။ ပြည်သူလူထုကလည်း ဒီမိုကရေစီရဲ့ အရသာကို ကောင်းစွာ မခံစားရသေးသလို အုပ်စိုးသူ လူတန်းစားကလည်း ဒီမိုကရေစီတောင်းဆိုမှုတွေကို စိတ်ရှည် သည်းခံနိုင်စွမ်း မရှိသေးပါဘူး။ အဲဒီလို နားလည်မှုတွေ လွဲမှားနေသေးတဲ့ ကြားကာလမှာ အချိန်မရွေး နောက်ကြောင်း ပြန်ပြီး လှည့်သွားနိုင်ပါတယ်။

စဉ်းစားကြည့်လေ။ မြန်မာနိုင်ငံဟာ နှစ်ပေါင်း (၆၀) ကျော် ပဋိပက္ခ သံသရာဝဲမှာ လည်နေခဲ့ရတယ်။ တိုင်းပြည် အေးချမ်းမှု မရှိခဲ့လို့လည်း ပြည်သူလူထုရဲ့ လူနေမှု ဘ၀ နိမ့်ကျခဲ့ရတယ်။ မ.ဆ.လ တစ်ပါတီစနစ်နဲ့ တိုင်းပြည်ကို အဖတ်ဆယ် ခဲ့ကြပေမယ့်လည်း တိုင်းပြည်ဟာ ဖွတ်သထက် ညစ်ခဲ့ရပြန်တယ်။ တိုင်းပြည် ချောက်ထဲကျဖို့ လက်နှစ်လုံး အလိုမှာ ကယ်တင် လိုက်ရပါတယ် ဆိုတဲ့ စစ်အစိုးရ လက်ထက်မှာလည်း သယံဇာတတွေသာ တက်တက် ပြောင်သွားတယ်။

တိုင်းပြည်ရဲ့ ဆင်းရဲတွင်းက နက်မြဲ နက်နေခဲ့ပြန်တယ်။ အရပ်သား အစိုးရ တက်လာရင်ဖြင့် တိုင်းပြည်ရဲ့ စီးပွားရေး ပြန်လည် ဦးမော့ လာနိုင်ကောင်းရဲ့ဆိုတဲ့ အတွေးနဲ့ စိတ်ကူးယဉ် အိပ်မက် မက်ခဲ့ကြပေမယ့်လည်း လမ်းခုလတ်မှာ ရှေ့မတိုး နောက်မဆုတ် နိုင်ငံရေး အခြေအနေတွေနဲ့ ကြုံလာရ ပြန်တယ်။ ဟော - အခုများဖြင့် နောက်ကြောင်း ပြန်ဖို့ အချက်ပေး ခေါင်းလောင်း သံတွေကိုတောင် ကြားနေရ ပြီ။ ပြည်သူလူထု ကတော့ ခေါင်းဆောင်ကြီးတွေရဲ့ လက်ခုပ်ထဲက ရေလိုပဲ။ သွန်ချင်သလိုသွန်၊ မှောက်ချင် သလို မှောက်။ သူတို့ လုပ်သမျှ ခံနေရတဲ့ ဘ၀မျိုးတွေပါ။

ပြည်သူတွေက အဖြူရောင်ကို နှစ်သက်ပေမယ့် ခေါင်းဆောင်ကြီးတွေက အမည်းရောင်ကိုမှ နှစ်သက် နေကြသလား ... မပြောတတ်တော့ပါဘူး။ ပြည်သူလူထုက ငြိမ်းချမ်းရေးကို မြတ်နိုးပါတယ်လို့ တဖွဖွ ပြောနေတဲ့ကြားက တိုင်းရင်းသား လူငယ်လေးတွေ ဆီကို ဗုံးဆံတွေ ကြဲပစ်ခဲ့ပြန်တယ်။ နဂိုရှိရင်းစွဲ ယုံကြည်မှုတွေ ထပ်ပြီး ပြိုကွဲ ပျက်စီး သွားရပြန်တယ်။ အချင်းချင်း သံသယ အတွေးတွေ ပိုပြီးပွားများ လာကြတယ်။ အမှန်တကယ် ငြိမ်းချမ်းရေးကို လိုချင်တာမှ ဟုတ်ပါလေစလို့ အတွေး ပွားစရာ ဖြစ်လာတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ကျင်းပ နေပေမယ့်လည်း ပြည်သူလူထုရဲ့အမြင်မှာတော့ ““ မီးစတစ်ဖက် ရေမှုတ် တစ်ဖက်”” လို့ပဲ မြင်လာကြတယ်။ ဒီအမြင် ဒီအတွေးတွေဟာ တိုင်းပြည် ပြန်လည် တည်ဆောက်ရေး အတွက်တော့ ကြီးစွာသော အနှောင့် အယှက်တွေ ဖြစ်ကောင်း ဖြစ်သွားနိုင်ပါတယ်။

ဒီနေရာမှာ ဘုရားရှင်ရဲ့ အဆိုတစ်ရပ်ကို သုံးသပ် ကြည့်စေချင်ပါတယ်။

သဂါထာဝဂ္ဂ သံယုတ် ပါဠိတော်၊ သတ္တိဝဂ်၊ သတ္တိသုတ်၊ သာဝတ္ထိနိဒါန်းမှာ ““ထိုနတ်သားသည် တစ်ခုသော နေရာ၌ ရပ်တည်ကာ မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏။ လှံဖြင့် အထိုးခံရသော သူကဲ့သို့ လည်းကောင်း၊ ဦးခေါင်း၌ မီးလောင် ခံရသော သူကဲ့သို့ လည်းကောင်း၊ ရဟန်းသည် ကာမဂုဏ်၌ တပ်စွန်းမှု ““ ရာဂ ”” ကိုပယ်ရန် သတိနှင့် ပြည့်စုံသည် ဖြစ်၍ နေရာ၏ ”” ဟု (လျှောက်၏ )။

မည်သည့် နေရာကို ကြည့်လိုက် ကြည့်လိုက် ကြော်ငြာများကို မြင်တွေ့ရမည်ဖြစ်သည်။ ဆိုးလ်မြို့ရှိ မည်သည့် နေရာကိုပဲ သွားသွား ခွဲစိတ်ပြုပြင်ပြီး ရုပ်ရည် လှပအောင်လုပ်ဖို့ တိုက်တွန်း နေသည့် ကြော်ငြာများကို မြင်တွေ့ကြရမည်။ကြွယ်ဝ ချမ်းသာသူများ ရှိနေသည့် ဂန်းနမ် ရပ်ကွက်တွင်တော့ အဆိုးဆုံးပင်။ ရပ်ကွက်တွင်းရှိ နံရံတိုင်းတွင် အလှအပ အတွက် ခွဲစိတ်ပြုပြင်ဖို့ တိုက်တွန်း ထားသည့် ကြော်ငြာများ ရှိနေသည်။

ကြော်ငြာများကို ရထားပေါ်တွင်လည်း တွေ့ရမည်။ ဘတ်စ်ကားပေါ်တွင်လည်း တွေ့ရမည်။ လျှော့ဈေးနှင့် မျက်နှာခွဲစိတ် ပြုပြင်ပေးမည်။ ရင်သားပိုမို လှပလိုပါသလား ခွဲစိတ် ပြုပြင်လိုက်ပါ။ အရွယ် တင်စေရန် ခွဲစိတ် ပြုပြင်ကြပါ။ လှချင်စိတ် တစ်ခုတည်းသာ ရှိပါစေ ကျွန်ုပ်တို့က လှပလာစေရန် အာမခံပါသည် အစရှိသည့် ကြော်ငြာများကို မြင်တွေ့ကြရပါမည်။

အမျိုးသမီးများ အတွက်သာ မဟုတ်။ အမျိုးသားများ ကိုပင်မချန် ပစ်မှတ် ထားခဲ့သည်။ မေးရိုး ကားလွန်း နေပါသလား ခွဲစိတ် ပြုပြင်လိုက်ပါ။ မျက်နှာကို ပြုပြင် ပြောင်းလဲလိုက်ရုံနဲ့ ဘ၀ပါ ပြောင်းသွားစေမည်ဟု ကြော်ငြာ တစ်ခု၌ ဤသို့ပင် ရေးထားသည်။

မိုးအေးလာတိုင်း မေးစေ့က နာတတ်ကြောင်း မိတ်ဆွေ အမျိုးသမီး တစ်ဦးက ပြောသည်။ ယင်းအမျိုးသမီးမှာ နှာခေါင်း ပြုပြင်ဖို့ အလှပြုပြင်ရေး ဌာနသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။ အထဲရောက်တော့ မေးစေ့လေးပါ ပြင်လိုက်လျင် ပိုလှသွားမည်ဟု စည်းရုံးမှုနှင့် ကြုံရသည်။ သူကိုယ်၌ကလည်း ပိုလှချင်သူမို့ များစွာ စည်းရုံးစရာပင် မလို။ နှာခေါင်းသာမက မေးစေ့ကိုပါ ပုံစံပြောင်း ပစ်လိုက်သည်။ အကျိုးဆက်မှာ ပိုလှသော မေးစေ့လေး ရှိလာခဲ့သည်။ သို့သော် မိုးအေးတိုင်း နာကျင်တတ်သည်။ သူကတော့ မမှတ်။ အခုဆိုလျင်လည်း ရင်သားခွဲစိတ် ပြုပြင်ရန် တာစူနေပြန်သည်။

တောင်ကိုရီးယား နိုင်ငံတွင် မိဘများက သားသမီးများ အားပေးသော လက်ဆောင်မှာ ပညာအမွေ တစ်ခုတည်း မဟုတ်ပါ။ မျက်ရစ်ဖော်ရန် ငွေကြေး ထုတ်ပေးခြင်းကိုလည်း လက်ဆောင်အဖြစ် သတ်မှတ် ထားသည်။ မျက်ရစ်လေး နှင့် မျက်လုံးလေး ပိုကျယ်လာလျင် အာရှသူ မဆန်တော့ဘဲ အနောက်တိုင်းသူ ပိုဆန်လာမည်ဟု သူတို့က ယူဆကြသည်။ ကိုရီးယား မျက်လုံးမှာ သူတို့အမြင်တွင် လှကိုမလှ။

ရထားပေါ်တွင် ကပ်ထားသည့် ကြော်ငြာ များကလည်း အားပေး အားမြှောက် လုပ်ကြပြန်သည်။ ကိုယ့်ရုပ်ရည် အပေါ် ယုံကြည်မှု ရှိခြင်းကြောင့် အပြု သဘောဆောင်သော စွမ်းရည်များ ထွက်ပေါ်လာပြီး ပျော်ရွှင်မှုများ ရရှိစေမည်ဟု ကြော်ငြာ တစ်ခုက ရေးသားထားသည်။ ဓားတစ်ချောင်း၏ အသွားတွင် ပျော်ရွှင်မှုကို အလွယ်တကူ ရရှိနေကြခြင်း ဖြစ်သည်။

ပျော်ရွှင်မှုများကို ဒီနေရာတွင် တစ်စခန်း ရပ်ပါမည်။ မပျော်ရွှင်မှုများ အကြောင်း ဆက်ပြောပါမည်။ မျက်နှာများကို ဖြစ်သလို ခွဲစိတ် ပြုပြင်ပေးခဲ့သည့် ဆရာဝန်များအား လူနာများ သို့မဟုတ် သူတို့ ကိုယ်သူတို့ ခွဲစိတ်မှု၏ သားကောင်များအဖြစ် ပြောဆို နေသူများက တရားစွဲဆိုမှုများ ရှိနေခဲ့ပြီ ဖြစ်သည်။ ပတ်တီးများ ခွာလိုက်ချိန်တွင် လူမျက်နှာကို မမြင်ရ၊ ဂြိုဟ်သား တစ်ဦး သို့မဟုတ် မိစ္ဆာ တစ်ကောင်၏ မျက်နှာထက်ပင် ပိုမို ဆိုးရွားသော မျက်နှာ တစ်ခုကို မြင်လိုက်ရကြောင်း လူနာတစ်ဦးက ပြောဆိုခဲ့သည်။

ပြဿနာမှာ မျက်နှာခွဲစိတ် ပြုပြင်ရေး လုပ်ငန်းသည် ၀င်ငွေကောင်းလွန်းသောကြောင့် အရည်အသွေး မမီသည့် ဆရာဝန်များက ငွေရလိုဇောဖြင့် ၀င်ရောက် လုပ်ကိုင်နေခြင်း ဖြစ်သည်။ ထို့ပြင် ခွဲစိတ် ပြုပြင်မှုကို အဓိက ဘာသာအဖြစ် မလေ့လာခဲ့သည့် ဆရာဝန်များသည် ငွေတစ်ခုတည်းကြောင့် ခွဲစိတ်ပြုပြင်သည့် နယ်ပယ်ကို ၀င်ရောက် နေကြပြန်သည်။ တစ်နည်း ဆိုရလျင် ခွဲစိတ်မှုများကို တချို့ဆရာဝန်များက လုပ်ကိုင်နေကြခြင်း ဖြစ်သည်။ ကြော်ငြာတွင် ဖော်ပြ ထားသည်မှာ နာမည်ကျော် ဆရာဝန် ဖြစ်သည်။ လူနာကို မေ့ဆေး ပေးပြီးသည်နှင့် နာမည်ကျော် ဆရာဝန်က ခွဲစိတ်ခန်းထဲက ထွက်သွားပြီ ဖြစ်သည်။ ကျန်တာကို အခြား ဆရာဝန်များက ဆက်လက် ပြုလုပ်ကြသည်။

အဆိုးဆုံးမှာ မခွဲစိတ်မီနှင့် ခွဲစိတ်ပြီးနှင့် ပတ်သက်သည့် ဓာတ်ပုံများကိုက ခွဲစိတ်ခန်း ၀င်နေရခြင်း ဖြစ်သည်။ တစ်နည်း ဆိုရလျင် ယင်းဓာတ်ပုံများကို ဖိုတိုရှော့ဖြင့် ပြုပြင်ပြီး ကြော်ငြာနေခြင်း ဖြစ်သည်။

ယင်းကြောင့် ကိုရီးယား ပလပ်စတစ်ဆာဂျင်များ အသင်းက ဆရာဝန်များနှင့် ကြော်ငြာ လုပ်ငန်းများနှင့် ပတ်သက်ပြီး စည်းမျဉ်း တင်းကြပ်ရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိပြီး နယ်ပယ် ကျယ်ပြန့်သော လုပ်ငန်း တစ်ခုကို မဟုတ်တာ လုပ်သူများကြောင့် နာမည် ပျက်မခံနိုင်ကြ။

သို့သော် အသင်းမှာ မနိုင်သော တိုက်ပွဲကို တိုက်ခိုက်နေရခြင်း ဖြစ်သည်။ အကြောင်းမှာ ခွဲစိတ် ပြုပြင်ခြင်းသည် လွန်စွာ ၀င်ငွေကောင်းသော လုပ်ငန်း ဖြစ်နေခြင်း ဖြစ်သည်။ ဂန်းနမ် ရပ်ကွက်တွင် မျက်လုံးလှပရေး ပုံဖော်လိုပါက ကိုရီးယားဝမ်ငွေ (၁ဒသမ ၇ ) သန်း ကုန်ကျမည် ဖြစ်သည်။ မိနစ် (၃၀) သာကြာ အချိန်ယူရမည်။ ငွေလည်း သန်းချီရမည်။ အခြေအနေများ ဆိုးရွားလာသောကြောင့် ကိုရီးယား စားသုံးသူ အေဂျင်စီက လူနာ (၁၀၀၀) ကျော်ကို စစ်တမ်း ကောက်ယူပြီး အခြေအနေကို လေ့လာခဲ့ရသည်။

စစ်တမ်း ဖြေဆိုသူ (၇၀) ရာခိုင်နှုန်းက ရုပ်ရှည် ပိုမို လှပစေရန် ခွဲစိတ်မှု ခံယူခဲ့သည်ဟု ပြောဆိုခဲ့သည်။ (၁၄ ဒသမ ၅) ရာခိုင်နှုန်းက အလုပ်အကိုင် ရရှိဖို့ သို့မဟုတ် ရာထူး တိုးဖို့အတွက် အကျိုးရှိမည်ထင်ပြီး ခွဲစိတ် ပြုပြင်ခဲ့သည်ဟု ပြောဆိုခဲ့သည်။

လူကြိုက် အများဆုံး ခွဲစိတ် ပြုပြင်မှုမှာ မျက်ရစ်ဖော်ခြင်း ဖြစ်သည်။ (၆၇ ဒသမ ၈) ရာခိုင်နှုန်းက ယင်းအတွက် ခွဲစိတ် ပြုပြင်ခဲ့သည်ဟု ပြောကြသည်။ (၃၂ ဒသမ ၃) ရာခိုင်နှုန်း ကလည်း ရလဒ်များမှာ စိတ်ကျေနပ်စရာ မကောင်းကြောင်း ပြောဆိုခဲ့သည်။

တောင်ကိုရီးယား အလှမယ်ဟောင်း တစ်ဦးမှာလည်း ရင်သားကြီးထွား လာစေရန် ခွဲစိတ်ပြုပြင်ရင်း ဒုက္ခတွေ့ခဲ့ရသည်။ ရောဂါပိုးဝင်မှုများ ရှိခဲ့ပြီးနောက် အဆုံးတွင်တော့ အလှမယ်ဟောင်းမှာ ရင်သား တစ်ဘက်ကြီး တစ်ဘက်သေးဖြင့် ကျေနပ်ခဲ့ရသည်။

မလှချင်က ခွဲစိတ်မှု မအောင်မြင်ခြင်း အတွက် ဆရာဝန်များကို အပြစ် တင်သော်လည်း ကိုယ့်ကိုယ် ကိုယ်တော့ အပြစ်မတင်ခဲ့။ ခွဲစိတ် ပြုပြင်ခြင်း ဆိုသည်မှာ စွဲလမ်းမှု တစ်ခုနှင့် ဆင်တူကြောင်း၊ မျက်လုံးကို လုပ်ပြီးလျှင် နှာခေါင်းကိုလည်း လုပ်ချင်လာကြောင်း ဟု သူကပြောသည်။

““အင်းပြီးတော့ ဆရာဝန်တွေ ကလည်း မခွဲစိတ်ဘဲတောင် အတော် လှနေပြီလို့လည်း မပြောကြဘူးလေ”” ဟု သူက မကျေမနပ်ဖြင့် ပြောဆိုခဲ့သည်။

Source:BBC

No comments:

Post a Comment