ဒီဇင်ဘာလ ၂၆ ရက် ၂၀၁၄
သျှမ်းပြည်မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ်နေ မြန်မာ နိုင်ငံသားများက
တရုတ်နိုင်ငံ ရွှေလီမြို့အထိ ကုန်ပစ္စည်းများ ကိုယ်တိုင်သယ်ယူ
ပို့ဆောင်နိုင်ရန်အတွက် ကြိုးစားနေကြာင်း ကားဆရာများ အသိုင်းအဝိုင်း
ကပြောဆိုပါသည်။
မြန်မာဘက်ခြမ်းမှ ကားများ မူစယ်မြို့ တစ်ဘက်ခြမ်းရှိ အခွန်မဲ့
ကုန်သွယ်ရေးဇုံ ဖြစ်သော ဂျေကောင်မြို့ အထိ သာ တရုတ်အာဏာပိုင်များက
ဝင်ခွင့်ပြုထားသည်ဖြစ်ရာ ရွှေလီမြို့အထိ ၀င်ရောက်လိုပါက တရုတ် အာဏာပိုင် ထံ
တရုတ် ယွမ် သောင်းဂဏန်း (မြန်မာကျပ် ၁၀ သိန်းအထက်) ကားများ ပေါင်နှံထားရ
သည်ဟုဆိုသည်။
တရုတ်နိုင်ငံဘက်ခြမ်းမှ ကားများမှာမူ မြန်မာနိုင်ငံဘက်ခြမ်း နမ့်ခမ်း၊
မူစယ်၊ ၁၀၅ မိုင် အထိ အာမခံငွေကျပ် ၅၀၀၀ ခန့် သွင်းလျှင်
လွှတ်လွှတ်လပ်လပ်မောင်းနှင်နိုင်းမျှတမှုမရှိကြောင်း မူစယ်ဒေသခံ စိုင်းအောင်
ကဆို သည်။
“ကျနော်တို့ ဘက်ခြမ်းဆိုရင် ရွှေလီမြို့ဒေသခံပိုင် ကားတွေ
တရုတ်နိုင်ငံဘက်ခြမ်းက မန်စီ၊ ထိန်ချုံ၊ ခွန်းမင် ဘက်က ကုန်တင်ကားတွေ
ကြိုက်သလိုဝင်ထွက်မောင်းနှင်နေကြတယ်။ ကျနော်တို့ဘက်က ကားတွေကျ တော့
ဂျေကောင်အထိ ပဲ ပေးဝင်တယ်ဆိုတော့ ဒါတော့မတရားဘူးလေ၊ လူကြီးက ကလေးကို
အနိုင်ကျင့်နေ သလိုဖြစ်နေပြီ လို့ ကျနော်မြင်မိတယ် ”ဟု ၄င်းကပြောသည်။
တရုတ်နိုင်ငံ ရွှေလီမြို့အထိ ၀င်ရောက်မောင်းနှင်လိုသည့် ရည်ရွယ်ချက်မှာ
မြန်မာနိုင်ငံဘက်မှဒေသခံများ၏ ခြံထွက် အသီးအနှံများကို
မိမိကိုယ်ပိုင်ကားများဖြင့် တိုက်ရိုက်သယ်ဆောင်ရောင်းဝယ်လို သောကြောင့်
ဖြစ် သည်ဟု နမ့်ခမ်းမြို့ ကျားဖြူပါတီဝင်တစ်ဦး ကဆိုသည်။
“ရွှေလီမြို့အထိ မောင်းနှင်နိုင်အောင် လွှတ်တော်ထဲမှာလဲ တင်ပြပေးဖို့
သျှမ်းသံတော်ဆင့်သတင်းဌာန ကနေ ပြည်သူ့လွှတ်တော်အမတ်တွေကို တောင်းဆိုပါတယ်။”
ဟု ၄င်းကပြော သည်။
တရုတ် နိုင်ငံ ရွှေလီမြို့သည် မူစယ်မြို့နှင့် ၂ မိုင်ခန့်သာကွာဝေးပြီး
မြန်မာနိုင်ငံဘက်ခြမ်းမှ အများဆုံး သွားရောက်အလုပ်လုပ်ကိုင်ကြသည်။
တရုတ်ဘက်ခြမ်းမှကားများသည် မြန်မာနိုင်ငံသို့ တရားမဝင်နည်းလမ်းဖြင့်
အများဆုံးဝင်ရောက်ပြီး တရားဝင် ၀င်ရောက်သောကား
နဲပါးကြောင်းဒေသခံများကပြောသည်။
ထို့အပြင် မူစယ်-နမ့်ခမ်း ကား လမ်းမ သည်လည်း တရုတ်နိုင်ငံဘက်မှ
တန်ပိုတင်ဆောင်လာသော ကုန် ကားများကြောင့် လမ်းများဆိုးဝါး
စွာပျက်စီးနေကြောင်း တရုတ်-မြန်မာနယ်စပ်နေ ဒေသခံများကပြောဆိုပါသည်။
သျှမ်းသံတော်ဆင့်/ စိုင်းတိုင်း
https://www.facebook.com/Panglong.burmese
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, December 26, 2014
တရုတ်နိုင်ငံ ရွှေလီမြို့အထိ ကိုယ်ပိုင်ယာဉ်များဖြင့် ဝင်နိုင်ရန် နယ်စပ်နေ ဒေသခံများ တောင်းဆို
တရုတ်နိုင်ငံ ရွှေလီမြို့အထိ ကိုယ်ပိုင်ယာဉ်များဖြင့် ဝင်နိုင်ရန် နယ်စပ်နေ ဒေသခံများ တောင်းဆို
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 26, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 26, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment