ယနေ့(ဒီဇင်ဘာ
၂၇) ညနေတွင် ကျင်းပမည့်
ရုပ်ရှင်ထူးချွန်ဆုပေးပွဲဖွင့်လှစ်ပေးရမည့်ရွှေကြယ်ကိုသယ်ဆောင်မည့်နတ်သမီးအဖြစ်
ပါဝင်ခွင့်ရရှိ သောကြောင့် ဂုဏ်ယူမိကြောင်း ခိုင်သဇင်ယုဝါကပြောသည်။
‘‘ညီမပေးတဲ့ကြယ်နဲ့ဖွင့်ရ မှာဆိုတော့ ရင်လည်းအရမ်းခုန် တယ်။
ကြောက်လည်းကြောက် တယ်။ ညီမအပေါ်မှာလည်းမူ တည်နေတယ်။ ညီမအမှား
အယွင်းတစ်ခုခုလုပ်လို့မရဘူး။ ရွှေရုပ်တုကိုယ်စား ကိုယ်တိုင်ဝင်
လုပ်ရတဲ့အပေါ်မှာဝမ်းလည်းသာ တယ်’’ဟု ၎င်းကပြောသည်။
ယခင်က
အကယ်ဒမီရွှေကြို (အကယ်ဒမီဗန်းကိုင်)အဖြစ် ရွေးချယ်ခံရန် လျှောက်လွှာတင်ခဲ့
သော်လည်း လူရွေးသည့်ရက်တွင် စင်ကာပူသို့ ရောက်နေသော ကြောင့်
မပါဝင်ဖြစ်ခဲ့ကြောင်း ၎င်းကဆိုသည်။
ရွှေကြိုအဖြစ်ပါဝင်ခွင့်မရခဲ့
သော်လည်း မြန်မာ့ရုပ်ရှင်ထူးချွန် ဆုပေးပွဲအခမ်းအနား၏ ကဏ္ဍ တစ်ခုတွင်
ပါဝင်ခွင့်ရရှိခဲ့သော ကြောင့် ကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူ မိကြောင်း
ခိုင်သဇင်ယုဝါကပြော သည်။
‘‘ထိုင်မသိမ်းကတော့ အရင်
ကလည်းဝတ်ဖူးပါတယ်။ ဒါပေမဲ့ ခေါင်းဆောင်းတွေ၊ နတ်သမီး အပြင်အဆင်တွေက ပထမဆုံး
ဝတ်တာဆိုတော့ အထူးအဆန်း တော့ဖြစ်ပါတယ်။ နောက်ပြီး
နတ်သမီးနေရာမှာပါဝင်ခွင့်ရတာ က အရမ်းလည်းတာဝန်ကြီးတယ် လို့ခံစားရပါတယ်’’ဟု
နတ်သမီး ဝတ်စုံဝတ်ရသည့်ခံစားချက်ကို ပြောပြသည်။
http://7daydaily.com/story/27988#.VJ39_P8JAA
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, December 26, 2014
ရွှေကြယ်သယ်မယ့် နတ်သမီး ခိုင်သဇင်ယုဝါ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 26, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 26, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment