Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 19, 2014

ပီကာဆိုကို ရိုက်ခဲ့တဲ့ ကင်မရာ ဈေးအကြီးဆုံး အဖြစ် သတ်မှတ်ခံရ



အေသင်အောင်
                ကင်မရာ တစ်လုံး တန်ဖိုးက ဒေါ်လာ (၂ ဒသမ ဂ) သန်းအထိ ရှိပါတယ်။ ဒီကင်မရာကို ဂျာမနီ အခြေစိုက် Leica ကထုတ်လုပ်ခဲ့တာ ဖြစ်ပြီး မော်ဒယ်က M3D အမျိုးအစား ဖြစ်ပါတယ်။ ရှေးပောာင်း ကင်မရာ အမျိုးအစား ဖြစ်ပေမယ့် တန်ဖိုးထား သိမ်းဆည်းလို တာကြောင့် ဈေးအမြောက် အမြားပေး ၀ယ်ယူခဲ့ခြင်း ဖြစ်ပါတယ်။ ဒီကင်မရာကို ကိုင်ဆောင်သူ ကလည်း နာမည်ကြီး အမေရိကန် ဂျာနယ်လစ် ဒေးဗစ် ဒေါက်ဂလပ်စ် ဒန်ဂန် ဖြစ်ပါ တယ်။ ဒေါက်ဂလပ်စ်ပာာ နာမည်ကျော် အနုပညာရှင် ပီကာဆိုရဲ့ ဓာတ်ပုံတွေကို ပုံဖော် ရိုက်ကူးခဲ့ သူလည်း ဖြစ်ပါတယ်။ ပီကာဆိုကို ဒီကင်မရာနဲ့ ရိုက်ပေး ခဲ့တာ ဖြစ်ပြီး ဒီအချက်က တန်ဖိုးမြင့်တက် သွားစေတာ ဖြစ်ပါတယ်။ ကင်မရာကို သြစတြီးယား နိုင်ငံမှာ လေလံတင် ရောင်းချခဲ့ခြင်း ဖြစ်ပါတယ်။ ဒေါက်ဂလပ်စ်ပာာ အမေရိကန်နဲ့ ဗီယက်နမ် စစ်ပွဲ မှာလည်း သွားရောက် သတင်းရယူခဲ့ ပါတယ်။ ဒေါက်ဂလပ်စ်ပာာ ပီကာဆိုနဲ့ အလွန် ရင်းနှီးပြီး ပီကာဆို ဓာတ်ပုံပေါင်း(၁၀၀)နီးပါး ရိုက်ကူးခဲ့ ပါတယ်။ ဒီကင်မရာ အမျိုးအစားကို (၂၅) လုံးသာ ထုတ်လုပ်ခဲ့ပြီး လက်ရှိ အချိန်မှာ (၁၂) လုံးသာ ကျန်ပါတော့ တယ်။ ဒီကင်မရာကို စပေးတဲ့ ကြမ်းခင်းဈေးက ယူရို (၁၅၀၀၀၀) ရှိခဲ့ပါတယ်။ ဒီကင်မရာပာာ စီးပွားရေး အတွက် ထုတ်လုပ် ရောင်းချတဲ့ ကင်မရာတွေထဲ မှာ ဈေး အကြီးဆုံး ဖြစ်ခဲ့တာပါ။ ကင်မရာနဲ့ ပတ်သက်တဲ့ နောက်ထပ် စံချိန် တစ်ခုက အမေရိကန် နိုင်ငံသား ရစ်ချတ်ပာာ မတူညီတဲ့ ကင်မရာ အမျိုး အစား ပေါင်း (၈၉၄) လုံးစုဆောင်းပြီး စံချိန် တင်ထားတယ်လို့ သိရပါတယ်။
http://www.messengernewsjournal.com/General/Eventure/detail.php?id=28284

No comments:

Post a Comment