ကွာလာလမ်ပူ
ဆန်တူတွင် မြန်မာစီးပွားရေး လုပ်ငန်းရှင် ပိုင်ရှင်တဦးကို ပြန်ပေးဆွဲ
အသတ်ခံရမှုနဲ့ ပတ်သက်ပြီ သံသရှိသူ ၂ ဦးကို မလေးရှား ရဲတပ်ဖွဲ့မှ
ဖမ်းဆီးလိုက်ပြီ လွန်ခဲ့တဲ့လ နိုဝင်ဘာ ၁၂ ရက်နေ့က Pusat Bandar Utara
Sentulရှိ အသတ်ခံရတဲ့သူ၏ နေထိုင်ရာ စားသောက်ဆိုင်သို့ အမည်မသိ လူ ၎
ဦးကနေပြီ အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင်သွား ခဲ့ပြီနောက် သေဆုံးနေတဲ့
အလောင်းကို လမုပင် ခြေရင်ရှိ ရွှံ့ဗွက်နေရာတွင် မြေမြုပ်ထားပစ်ခဲ့ပြီ
အသတ်ခံရသူ၏ အလောင်းအား ယခုလ ဒီဇင်ဘာ ၁ ရက်နေ့က တွေ့ရှိခဲ့တာဖြစ်တယ်
ထိုအသတ်ခံရသူမှာ အသက် ၃၀ နှစ်အရွယ်ဖြစ်ကြောင်း ဒီဇင်ဘာ ၈ ရက်နေ့ ဘားနားမာ
သတင်းစာမျက်နှာတွင် ရေးသား ဖော်ပြထားသည်။
ဒီလူသတ်သမား သံသယရှိသူ၂
ဦးက စင်္ကာပူဘက်သို့ ထွက်ပြေး တိမ်းရှောင်ရန် စင်္ကာပူနယ်စပ်ဂိတ်နေရာတွင်
ဒီဇင်ဘာ ၃ ရက်နေ့က လူသတ်သမား ၂ ဦးကို တွေ့ရှိခဲ့ပြီနောက် လူသတ်သမား ၂
ဦးကို နယ်စပ်ဂိတ်နဲ့ခပ်လှမ်းလှမ်းတဲ့နေရာက ဖမ်းဆီးခဲ့တာဖြစ်တယ် သူတို့ရဲ့
နောက်ကွယ်မှာ လူဆိုး ဂိုဏ်ခေါင်းဆောင်တွေနဲ့ ပါဝင်ပတ်သက်မှုရှိနေကြောင်း
အသတ်ခံရတဲ့အမှုကို ဆက်လက် စုံစမ်းဖော်ထုတ် ပြုလုပ်သွားမည်ဟု ရဲအရာရှိ ACP R.
Munusamyက ပြောဆိုသွားသည်။
ပထမဆုံး လူသတ်သမားအုပ်စုထဲက
ဖမ်းမိတဲ့လူသတ်သမားကို နယ်မြေခံ ရဲတပ်ဖွဲ့မှ နိုဝင်ဘာ ၂၀ ရက်နေ့က ကလန်
Bantingနေရာတွင် ဖမ်းမိခဲ့တာဖြစ်ပြီ ဖမ်းမိတဲ့ အသက် ၄၁ နှစ်အရွယ်ရှိ
လူသတ်သမားကို ရဲစစ်ဆေးရေးစခန်သို့ လွဲပြောင်းပေးပြီခဲ့နောက် ၁၂ ရက်ကြာမှာ
လူသတ်မှုကို ဆက်လက်စုံစမ်းခဲ့တာဖြစ်သည်။
လူသတ်မှုရဲ့ နောက်ကွယ်
ချုပ်ကိုင်ထားတဲ့လူတွေက လူသတ်သမား ၄ ဦးကို သေနတ်နဲ့ တခြားလက်နက်တွေ
အသုံးပြုရန် ထုတ်ပေးပြီ မြန်မာစီးပွားရေးလုပ်ငန်းပိုင်ရှင်ကို
ဒီလက်နက်တွေနဲ့ ချိန်ရွယ်ပြီတော့ ကားနဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်သည်။
အခင်းဖြစ်တဲ့နေ့ မြန်မာစီးပွားရေးလုပ်ငန်းပိုင်ရှင် ခေါ်ဆောင်သွားစဉ်
ဒီနိုင်ငံသား ဇနီးဖြစ်သူ၊ သူ၏ ၅ နှစ်အရွယ်ကလေး နှင့်
ဆိုင်မှာလာစားတဲ့ဧည့်သည် ၆ ယောက်တို့က မြင်တွေ့ခဲ့ရတာဖြစ်ပြီ သို့သော်
အဲဒီပိုင်ရှင်က သူ့ကိုယ် ကူညီမဲ့သူ မရှိလို့ ခေါ်ဆောင်သွားခြင်း
ခံရတာဖြစ်သည်။
သူ့ ယောက်ျားကို ဖမ်းဆီးခေါ်ဆောင်သွားပြီနောက် ညနေ ၆
နာရီတွင် ခေါ်ဆောင်သွားတဲ့လူတွေက ဖုန်းဆက်သွယ်လာခဲ့ပြီ ဖုန်းဆက်လာတဲ့သူက
မလေးရင်းဂစ် ၂ မီလီလျံကို ဘန်ကောက်ဘဏ်သို့ လွဲပြောင်းထည့်ပေးရန်
သူ့မိန်းမကို ပြန်ပြောဆိုခဲ့ပြီ တကယ်လို့ အဲဒီငွေပမာဏ မပေးနိုင်ရင် နင့်
ယောက်ျား အသက် အန္တရာယ်ရှိသည်ဟု ခြိမ်းခြောက်ပြောဆိုသွားခဲ့သည်။
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, December 17, 2014
မြန်မာလုပ်ငန်းပိုင်ရှင်တဦး ပြန်ပေးဆွဲ အသတ်ခံရမှုနဲ့ ပတ်သက်ပြီး လူဆိုးဂိုဏ်းအုပ်စုကို မလေးရှား ရဲတပ်ဖွဲ့မှ ဖမ်းဆီး
မြန်မာလုပ်ငန်းပိုင်ရှင်တဦး ပြန်ပေးဆွဲ အသတ်ခံရမှုနဲ့ ပတ်သက်ပြီး လူဆိုးဂိုဏ်းအုပ်စုကို မလေးရှား ရဲတပ်ဖွဲ့မှ ဖမ်းဆီး
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 17, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 17, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment