Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 19, 2014

ခွဲစိတ်စဉ် အတွင်း ထူးခြားတဲ့ အပြုအမူ ပြုလုပ်ခဲ့သူများ


                    ခွဲစိတ်မှု ပြုလုပ်စဉ်မှာ ထူးခြားတဲ့ အပြုအမူတွေကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့ရပါတယ်။ ခွဲစိတ်မှု ပြုလုပ်ကြတဲ့ လူနာအများစုဟာ မမျှော်လင့်ထာတဲ့ ဖြစ်ရပ်တွေနဲ့ ကြုံရသလို ဆရာဝန်တွေရဲ့ပေါ့ဆတဲ့ အပြုအမူတွေကြောင့်လည်း ထိတ်လန့်စရာ အပြုအမူတွေနဲ့ ရင်ဆိုင် ခဲ့ရပါတယ်။ ခွဲစိတ်မှု ပြုလုပ်စဉ် ကြုံတွေ့ရတဲ့ ထူးခြား ဖြစ်စဉ်တွေကို ပြန်လည် ဖော်ပြ ပေးလိုက်ပါတယ်။
ခွဲစိတ်ထားတဲ့ ကလီစာတွေကို  လူမှုကွန်ရက် ပေါ်တင်ခြင်း

                လူမှုကွန်ရက်ကို ပုံမှန် မပာုတ်တဲ့ နည်းလမ်းနဲ့ အသုံးပြုပါက မဖြေရှင်းနိုင်တဲ့ အကျိုးဆက်နဲ့ ရင်ဆိုင်ရ နိုင်ပါတယ်။၂၀၁၄၊ အောက်တိုဘာမှာ ရုရှားနိုင်ငံက သူနာပြု ဆရာမ တစ်ဦးဟာ ခွဲစိတ်ထားတဲ့ လူနာရဲ့ ကလီစာတွေ ကိုကိုင်ပြီး ဓာတ်ပုံရိုက်ကာ လူမှုကွန်ရက်မှာ တင်ခဲ့ပါတယ်။
                       အသက်(၂၀) နှစ် အရွယ် ယာလာလိုဗာဟာ ပျှော်ရွှင်စေလိုတဲ့ သဘောနဲ့ လုပ်ခဲ့ပေမယ့် ဆေးဝန်ထမ်း တစ်ဦး လိုက်နာရမယ့် ကျင့်ဝတ်တွေကို ဖောက်ဖျက်ခဲ့ခြင်း ဖြစ်ပါတယ်။ ခွဲစိတ်မှု ပြုလုပ်ခဲ့သူဟာ ကိုယ့် ကိုယ်ကိုယ် သတ်သေသွားတဲ့ အသက် (၁၆) နှစ် အရွယ် မိန်းကလေး ဖြစ်ပြီး မှုခင်းစစ်ချက်အရ ခွဲစိတ်ခဲ့ခြင်း ဖြစ်ပါတယ်။ ယာလာလိုဗာဟာ ဒီအပြုအမူကြောင့် အရေးယူခြင်း ခံခဲ့ရပါတယ်။ 
http://www.messengernewsjournal.com/General/Eventure/detail.php?id=28262

No comments:

Post a Comment