Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 19, 2014

ခွဲစိတ်စဉ် အတွင်း ထူးခြားတဲ့ အပြုအမူ ပြုလုပ်ခဲ့သူများ


                    ခွဲစိတ်မှု ပြုလုပ်စဉ်မှာ ထူးခြားတဲ့ အပြုအမူတွေကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့ရပါတယ်။ ခွဲစိတ်မှု ပြုလုပ်ကြတဲ့ လူနာအများစုဟာ မမျှော်လင့်ထာတဲ့ ဖြစ်ရပ်တွေနဲ့ ကြုံရသလို ဆရာဝန်တွေရဲ့ပေါ့ဆတဲ့ အပြုအမူတွေကြောင့်လည်း ထိတ်လန့်စရာ အပြုအမူတွေနဲ့ ရင်ဆိုင် ခဲ့ရပါတယ်။ ခွဲစိတ်မှု ပြုလုပ်စဉ် ကြုံတွေ့ရတဲ့ ထူးခြား ဖြစ်စဉ်တွေကို ပြန်လည် ဖော်ပြ ပေးလိုက်ပါတယ်။
ခွဲစိတ်စဉ် လှောင်ပြောင် ခံရခြင်း

                ၂၀၁၃ မှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက် တစ်ခုပါ။အမေရိကန် ပြည်ထောင်စု၊ လော့စ်အိန်ဂျလိစ်မှာ နေထိုင်တဲ့ အမျိုးသမီးဟာ ခွဲစိတ် ကုသမှု ပြုလုပ်နေစဉ် လှောင်ပြောင် အရှက်ခွဲ ခံရတာမို့ ဆေးရုံကို တရားစွဲမှု ပြုလုပ် ထားပါတယ်။ ဆေးရုံ ၀န်ထမ်းတွေဟာ လူနာကို မထီမဲ့မြင် ပြုလုပ်ခဲ့တာ ဖြစ်ပြီး ခွဲစိတ်စဉ်မှာလူနာရဲ့ဂုဏ်သိက္ခာ ကျအောင် ပြုမူခဲ့တယ်လို့ စွပ်စွဲ ခံခဲ့ရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လူနာဟာ ခွဲစိတ်စဉ်မှာ နှုတ်ခမ်းမွေး ဆွဲခံရခြင်းကြောင့် ဖြစ်ပါတယ်။
                       လှောင်ပြောင် ခံရသူဟာ ဆေးရုံတွေ အတွက် ဆေးပစ္စည်းတွေ ၀ယ်ယူ ပေးနေသူ ဖြစ်ပါတယ်။ သူ့ကို ခွဲစိတ်စဉ်မှာ နှုတ်ခမ်းမွေး ဆွဲပေးတဲ့ အပြင် တိတ်နဲ့ နှုတ်ခမ်းမွေး ပုံစံ ပြုလုပ်ခဲ့ပါတယ်။ဒါ့အပြင် ဘယ်ဘက် မျက်လုံးကနေ မျက်ရည်တွေ ကျနေတဲ့ ပုံစံ ဖြစ်အောင် အ၀ါရောင် ခြယ်သခဲ့ပြီး ဓာတ်ပုံ ရိုက်ကူးကာ လှောင်ပြောင်ခဲ့ခြင်း ဖြစ်ပါတယ်။
http://www.messengernewsjournal.com/General/Eventure/detail.php?id=28257

No comments:

Post a Comment