CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, December 9, 2014
သရုပ်ဆောင်ဆုပန်ထွာရဲ့ ပရိသတ်မသိသေးတဲ့ လျှို့ဝှက်ချက် ၁ဝချက်
သရုပ်ဆောင်ဆုပန်ထွာရဲ့ ပရိသတ်မသိသေးတဲ့ လျှို့ဝှက်ချက် ၁ဝချက်အကြောင်းကို မေးမြန်းဖြစ်ခဲ့ပါတယ်
၁) မနက်မျက်နှာသစ်တိုင်း သရဏဂုံရွတ်ပြီး သစ်ဖြစ်တယ်။
၂) မပန်ကိုးတန်းနှစ်လောက်က ထဘီကျွတ်ဖူးတယ် ကွင်းလုံးကျွတ်တာတော့မဟုတ်ဘူး။ လက်ချော်ပြီး တစ်ဝက်လောက်ပဲကျွတ်တာ။ အခုချိန်အထိ မပန် ထဘီမဝတ်တတ်ဘူး။
၃) မပန် ထဘီဝတ်တိုင်း ကြိုးချည်ပြီးဝတ်တယ်။
၎) မပန်မကြိုက်တာက မနက်မိုးလင်းရင် အိမ်မှာ အိမ်ပူအိမ်ဆူလုပ်တာ လုံးဝမကြိုက်ဘူး။အရမ်းမုန်းတယ်။
၅) မပန်က ဘယ်တော့မှ မြန်မာကားမကြည့်ဘူး။ ကိုယ်ပါတဲ့ကားလောက်ပဲကြည့်တယ်။အင်္ဂလိပ်ကား ကြည့်တာများတယ်။
၆) မပန်ဘယ်သွားသွား၊ ဘာဝယ်ဝယ် ပိုက်ဆံအိတ်ကိုင်ရတာမကြိုက်ဘူး။ ကိုင်လည်းမကိုင်ဘူး။ လုံးဝ မဖြစ်မနေမှသာ ကိုင်တာ။
၇) မပန်အလှပြင်ဆိုင်သွားပြီး အချိန်ပြည့်သွားပြင်နေလေ့မရှိဘူး။ မင်းသမီးတစ်ယောက်က ဆံပင်လေး
တွေပေါင်းနေရမယ်။
ခန္ဓာကိုယ်ကိုလည်း ပေါင်းနေရမယ်လေ။ လက်သည်းခြေသည်းလေးတွေ အမြဲလုပ်နေရမယ်။ ဒါပေမဲ့ မပန်ဘယ်တော့မှမလုပ်ဘူး။ အရမ်းပျင်းတယ်။
၈) မပန် အိမ်မြှောင်အ ရမ်းကြောက်တယ်။ အဲဒီမျက်ခွက်ကိုကြည့်ကိုမကြည့်ချင်ဘူးလို့ ပြောကြတယ်မ ဟုတ်လား။ မပန်လည်း အိမ်မြှောင်ကို ကြည့်ကိုမကြည့်ချင်ဘူး။
၉) မပန်ငယ်ငယ်ကတည်းက အခုချိန်အထိ မပန်ကိုလိုက်တဲ့သူသိပ်မရှိဘူး။ မင်းသမီးဆိုရင် တချို့က စစ်ဗိုလ်တွေ ကြိုက်ကြတယ်၊ သူဌေးသားတွေကကြိုက်ကြတယ်။ မင်းသားတွေကကြိုက်ကြတယ်။
ဒါပေမဲ့ မပန်ကို အဲဒီလိုကြိုက်တဲ့သူတစ်ယောက်မှမရှိဘူး။ မပန်ကိုအရူးအမူးဖြစ်ပြီး အတင်းလိုက်တာမျိုးမ ရှိဘူး။ သူတို့ကလည်းမကြိုက်သလို ကိုယ်ကလည်း ဘယ်သူ့ကိုမှ မကြိုက်ဘူး။
၁ဝ) မပန်မှာ ဟန်ဆောင်မှုမရှိဘူး။ ပွင့်ပွင့်လင်းလင်းနေတတ်တယ်။ မပန် ကနွဲ့ကလျတွေလည်း မလုပ်တတ်ဘူး။
သုသော်ဒီ | TheFlowerNews
သရုပ်ဆောင်ဆုပန်ထွာရဲ့ ပရိသတ်မသိသေးတဲ့ လျှို့ဝှက်ချက် ၁ဝချက်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 09, 2014
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment