Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, December 28, 2014

အနမ်းမပေးရသတိပေး စတစ်ကာများ အလုပ်မဖြစ်

ရန်ကုန် – ရန်ကုန်မြို့တွင်း ပြေး ဆွဲလျက်ရှိသော မီးရထားများတွင် စုံတွဲများမဖွယ်မရာမပြုလုပ်ကြ ရန် သတိပေးစတစ်ကာများဖြင့်တားမြစ်ထားသော်လည်းမဖွယ်မရာအပြုအမူများလျော့ကျသွား ခြင်းမရှိကြောင်း
မြန်မာ့မီးရထား မှ သတင်းရရှိသည်။
အထူးရထားများနှင့် ရိုးရိုး ရထားများတွင် သတိပေးတားမြစ်ချက်အနေဖြင့် ဆေးလိပ်မသောက်ရ၊ အမှိုက်မပစ်ရဟူ၍ ရုပ်ပုံစတစ် ကာများအပြင် စုံတွဲများ အနမ်းမ ပေးရဟု အဓိပ္ပာယ်ရှိသည့် စတစ် ကာများကပ်ထားသော်လည်း စုံ တွဲများလိုက်နာမှုမရှိကြောင်း မြန် မာ့မီးရထားမှ အင်ဂျင်နီယာ ဦး ၀င်းစိုးက ပြောသည်။
‘‘သတိပေးစာ မကပ်ခင်နဲ့ ကပ်ပြီးတော့လည်း မထူးပါဘူး။ အများစုက ကျောင်းသားအရွယ် လေးတွေလေ၊ ရထားပေါ်မှာက လက်မှတ်စစ်တွေအပြင် တခြား စစ်ဆေးရေးအဖွဲ့ဆိုတာ မရှိဘူး။ ကျွန်တော်တို့ကလည်း စက်ခေါင်း ခန်းကနေ ခွာလို့ရတာမဟုတ်ဘူး။ မီးရထားစီးပြည်သူတချို့ စည်း ကမ်းမလိုက်နာလို့ စစ်ဆေးဖို့ အဖွဲ့ဖွဲ့ရမလိုဖြစ်နေပြီ’’ဟု ဦးဝင်းစိုးက ပြောသည်။
‘‘တားမြစ်စတစ်ကာတွေ သာ ကပ်ထားတာ။ တချို့လူငယ် စုံတွဲတွေဆို ဘုန်းကြီး၊ သီလရှင် ရှေ့မှာေ
တာင် မဖွယ်မရာအပြုအ မူတွေလုပ်နေတုန်းပဲ။ အထူးမီးရ ထားတွေက သူတို့ရဲ့ ချိန်းတွေ့တဲ့ နေရာတစ်ခုလိုတောင် ဖြစ်နေ တယ်’’ဟု မင်္ဂလာဒုံမှ မထွေးထွေး ၀င်းက ပြောသည်။
အင်းစိန်မှ ရန်ကုန်ဘက်သို့ နေ့စဉ်အထူးရထားစီးလေ့ရှိသည့် အသက် (၃၅)နှစ်အရွယ် ဦးစစ်နိုင်ကလည်း‘‘အရင်ရိုးရိုးရထားတွေ တုန်းက အတွဲတွေစီးတာသိပ်မများဘူး။
အခုအထူးအဲကွန်းရထားကျမှ စုံတွဲတွေစီးတာများတယ်။ သူတို့က လူမြင်ရာမှာတောင် အနေအထိုင်တွေ မဆင်ခြင်ကြတော့ ရ ထားပေါ်မှာပါလာတဲ့ လူကြီးလူ ငယ်တွေ စိတ်အနှောင့်အယှက်ဖြစ်ရတယ်။ ရထားတစ်တွဲစီမှာ အတွဲသုံးလေးတွဲလောက် အမြဲလိုလိုပါတယ်’’ဟု ပြောသည်။
သတိပေးတားမြစ်ချက် မ လိုက်နာသူများကို အရေးယူမှု မပြုနိုင်သော်လည်း လူငယ်စုံတွဲ များကိုယ်တိုင်အနေအထိုင် ဆင် ခြင်ရမည်ဟု မီးရထားဝန်ထမ်းအ ချို့က ပြောသည်။
ယခုအချိန်တွင် နေ့စဉ် နံနက်၆ နာရီခွဲမှစတင် ပြေးဆွဲလျက်ရှိ နေသော အဲကွန်းအထူးရထားသုံး စီးရှိပြီး တစ်ရက်လျှင် ရှစ်ခေါက် နှင့် ကိုးခေါက်ကြားပြေးဆွဲနိုင် ကြောင်း သိရသည်။ ထို့အပြင် ယခုလကုန်တွင် ခရမ်းအမည်ဖြင့် မြို့ ပတ်အဲကွန်းအထူးရထား တစ်စီး ထပ်တိုး ပြေးဆွဲတော့မည်ဖြစ် ကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိသည်။
 

7day daily

No comments:

Post a Comment