Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, December 27, 2014

"အချစ်ကြောင့်ဖြစ်တဲ့ ဆင်းရဲ"

"အချစ်ကြောင့်ဖြစ်တဲ့ ဆင်းရဲ"
အံ့သြစရာပဲ နိုင်ရေးခေါင်ဆောင်ဖြစ်ပြီး လူထုခေါင်းဆောင်ဖြစ်တဲ့ ဒကာမကြီးက ဒီနေ့တော့ ကျန်းမာရေးအကြောင်းတွေကို သေချာကျနအောင် လျှောက်ထားလိုက်သလို မိမိအမိန့်ရှိခဲ့တဲ့ လောကုတ္တရာဓမ္မအကြောင်းကိုလည်း သေချာစွာနာယူလို့ပေါ့။
နောက်ဆုံး မှတ်ချက်ချမိတာကတော့ အစစအရာရာ တင်းတိန်ရောင့်ရဲခြင်းဟာ ချမ်းသာတာပဲဘုရားတဲ့။ နေပြည်တော်နဲ့ရန်ကုန်မှာ အိမ်နှစ်လုံးနေရတာ အတော်ပင်းပန်းဆင်းရဲပါတယ်လို့လည်း လျှောက်သွားပါသေးတယ်။
မိမိကလည်း တောင်မြို့၊ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး၏ အချစ်တစ်ခုရှိတော့ ဒုက္ခတစ်ခုရှိကြောင်း၊ အချစ်များများရှိရင် ဒုက္ခလည်း များများရှိကြောင်းကို တဆင့်မိန့်ကြားလိုက်တော့ မှန်လိုက်တာဘုရားတဲ့။ တပည့်တော်လည်း အဲလိုဖြစ်နေထင်ပါရဲ့ဘုရားတဲ့။ ဘာလဲဒကာမကြီးဆိုတော့ တပည့်တော် မြန်မာပြည်သူ/သားတွေကို ချစ်တယ်ဘုရားတဲ့။ ဒါဆို ဆင်းရဲဒုက္ခတွေ အများကြီးပေါ့နော်ဆိုတော့ ရယ်ပါလေရော။
Su Da 




No comments:

Post a Comment