Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, December 21, 2014

အိမ်ရာမဲ့များကို အစားအသောက်ကျွေးသူ ဖမ်းဆီးခံရ

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည် နယ် ဖိုတဲလော်ဒါဒေးမြို့တွင် အိမ်ရာမဲ့များကို အစား အသောက်ကျွေးပေးဝေနေသော အသက်(၉ဝ)အရွယ် ရှိ ဒုတိယကမ္ဘာစစ်ပြန်ဟောင်း အာနိုးအက်ဘော့ဆိုသူ ကို သက်ဆိုင်ရာရဲက ဖမ်းဆီးမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
¤င်းမြို့တွင် ''ပုဂ္ဂလိကအစားအသောက်ပေး ဝေခြင်း''ကို တားမြစ်ထားသော အမိန့်ဥပဒေသစ်တစ် ရပ် ထုတ်ပြန်ထားပြီး ရဲဘက်မှ အဆိုပါဥပဒေချိုးဖောက် မှုနှင့် မစ္စတာအာနိုးကို ယခင်က သုံးကြိမ်သတိပေးခဲ့ ဖူးသည်။ ဥပဒေချိုးဖောက်မှု ပြစ်ဒဏ်အနေနှင့် ဒဏ် ကြေးငွေ အမေရိကန်ဒေါ်လာငါးရာနှင့် အမြင့်ဆုံး ရက် ပေါင်း ၆ဝ အထိ ထောင်ဒဏ်ချခွင့်ရှိကြောင်း သိရ သည်။
အာနိုးက ယခုကဲ့သို့ အိမ်ရာမဲ့များကို ကျွေးမွေးနေသည်မှာ ၁၉၉၁ခုနှစ်က မော်တော်ယာဉ် မတော်တဆမှုကြောင့် သေဆုံးသွားသော ဇနီးသည် ဖြစ်သူမော်ရင်းအတွက် အထိမ်းအမှတ်ဂုဏ်ပြုအခမ်းအနား
အနေနှင့် ကျွေးမွေးနေခြင်း သာဖြစ်ကြောင်း၊ သူ့ဘဝတစ်လျှောက်လုံးတွင် အဖိ နှိပ်ခံလူတန်းစားများအတွက် တိုက်ပွဲဝင်လာခဲ့ကြောင်း ထို့အတွက် အိမ်ရာမဲ့များအတွက် တိုက်ပွဲဝင်ခြင်းသည် အသစ်အဆန်းတစ်ရပ်မဟုတ်ဟု နေရှင်နယ်အင်ကွိုင် ရာစာစောင်သို့ ပြောကြားသွားခဲ့သည်။
Ref : National Enquirer
Yangon Media Group

No comments:

Post a Comment