Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, December 21, 2014

မိန်းမများများ ယူနိုင်သည့် မက်လုံးက အိုင်အက်စ်သို့ ၀င်ရောက်ရခြင်း၏ အဓိက စေ့ဆော်မှုဟုဆို

အိုင်အက်စ် အဖွဲ့သို့ တိုက်ခိုက်ရေးသမားများ အဖြစ် ဝင်ရောက် ကြရာတွင် ရည်ရွယ်ချက်၊ စိတ်ဓာတ် စေ့ဆော်ချက် မျိုးစုံ ရှိနေကြသော်လည်း ယင်းအဖွဲ့သို့ ၀င်ရောက်ရသည့် အဓိက စိတ်ဓာတ် စေ့ဆော်မှုမှာ လိင်စိတ်ကြောင့် ဖြစ်နိုင်ကြောင်း ပညာရှင် တစ်ဦးက ကောက်ချက်ချ ပြောဆိုလိုက်သည်။

"အိုင်အက်စ်တို့ လူသစ်စုဆောင်းရာမှာ လိင်ပိုင်းဆိုင်ရာ ခံစားခွင့်တွေ ကိုလည်း မက်လုံးပေး ထားတယ်။ အဖွဲ့ ဝင်တွေ အနေနဲ့ က မိန်းမ တွေကို လိင်ဆက်ဆံဖို့  အခွင့်အရေး ပိုရနိုင်တယ်။ အရှေ့ အလယ်ပိုင်းနဲ့ အာဖရိက တို့ အပြင် ဒေသတစ်ချို့ က ငယ်ရွယ်သူတွေ၊ လူလတ်ပိုင်းတွေ အတွက် မိန်းမတွေကို လွယ်လွယ်ရရှိပြီး သားမယားအဖြစ် ဆက်ဆံနိုင်မှာ ဖြစ်လို့  လူသစ် စုဆောင်းရာမှာ မက်လုံး တစ်ရပ်လို ဖြစ်နေရတာ ဖြစ်တယ်"ဟု အမေရိကန် နိုင်ငံ ဘရန်ဒီး တက္ကသိုလ် ပါမောက္ခနှင့် အိုင်အက်စ်အဖွဲ့ ကို စောင့်ကြည့်သည့် အနောက် တိုင်း ဂျီဟတ်ဝါဒီ ပရောဂျက် အဖွဲ့ ကို တည်ထောင်သူ ကလော်ဆန်ကပြောသည်။

ပုံမှန်အားဖြင့် မွတ်ဆလင် ဘာသာတွင် အမျိုးသားများ အနေဖြင့် မိန်းမလေးယောက် အထိ တရားဝင် ယူခွင့် ရရှိထားရာ အစွန်းရောက် များ ဖြစ်သည့် အိုင်အက်စ်များ လက်အောက်တွင်မူ ယင်းထက်ပင် ပိုမိုသည်။ အိုင်အက်စ်တို့သည် သိမ်းပိုက်ထားသည့် နယ်မြေများ အတွင်းမှ အမျိုးသမီး ကြီးငယ်ရွယ်လတ် များနှင့် ကလေးငယ်များကို မည်သို့မျှ ကာကွယ်စောင့်ရှောက် ပေးခြင်း မရှိဘဲ အိုင်အက်စ် တပ်သားများ၏ ထင်သလို ပြုမူမှုများကို ခွင့်ပြုထားလေ့ ရှိသည်။ အထူးသဖြင့် မွတ်ဆလင် ဘာသာဝင်များ မဟုတ်သည့် ရာဇီဒီ အမျိုးသမီးများနှင့် ကာ့ဒ် အမျိုးသမီးများမှာ အိုင်အက်စ် တပ်သားများ၏ အဓမ္မ ပြုကျင့်ခြင်း၊ ပြည့်တန်ဆာ အဖြစ် ရောင်းချခြင်း၊ သတ်ဖြတ်ခြင်း များကို ခံကြရသည်။

အိုင်အက်စ် တိုက်ခိုက်ရေးသမား ဖြစ်သူများ အတွက် လိင်ကျေးကျွန်အဖြစ် မိန်းမများ၏ အလုပ်အကျွေး ပြုမှုကို ရရှိနိုင်ခြင်းက ယင်းအချက် အတွက် သက်သေ တစ်ရပ်ပင် ဖြစ်သည်ဟု ယင်းပရောဂျက် အဖွဲ့ က ဆိုသည်။ ယင်း ပရောဂျက် အဖွဲ့သည် အိုင်အက်စ်တို့ ၏ လိင်ကျေး ကျွန်ဖြစ်ခဲ့သူများကို ကူညီပေး နေသည့် အဖွဲ့ တစ်ဖွဲ့ လည်း ဖြစ်သည်။

အိုင်အက်စ် အဖွဲ့သား များက ဖမ်းဆီးထားသည့် အမျိုးသမီး များကို သားမယားအဖြစ် သိမ်းပိုက် နိုင်ခွင့်၊ ရောင်းစား နိုင်ခွင့်နှင့် ဖမ်းမိထား သူများအတွင်း အရွယ်မရောက် သေးသော မိန်းကလေး များကိုပါ ကာမ ဆက်ဆံခွင့် များကို တရားဝင် ရရှိထားကြသည်။ လိင်ခံစားခွင့် များနှင့် အမျိုးသမီး များစွာကို မယားအဖြစ် အတင်း အဓမ္မ သိမ်းပိုက်နိုင်ခြင်း တို့ က အိုင်အက်စ်တို့ ၏ လူသစ် စုဆောင်းသည့် လက်နက်များပင် ဖြစ်ကြောင်း ကလော်ဆန်က ပြောသည်။ "အိုင်အက်စ်တို့ ရဲ့  နယ်မြေတည်ထောင်မှုမဟာဗျုဟာမှာ ဒီလက်နက်ကို အဓိကထား သုံးနေတာပဲဖြစ်တယ်။"ဟု ၎င်းက ဆက်လက် ပြောသည်။

လိင်ခံစားခွင့် များကို လူသစ်စုဆောင်းရေး လက်နက်တစ်ခု ထက်ပင် အိုင်အက်စ်တို့ က ပို၍ အသုံးချနေသည် ဟုလည်း မန်ဆာချုးဆက် တက္ကသိုလ်မှ ရာဇဝတ်မှု ဆိုင်ရာ အမျိုးသမီး ပါမောက္ခ တစ်ဦးဖြစ်သည့် မီယာဘရွန်း ဆိုသူက ပြောသည်။ အမျိုးသမီးများကို စိတ်တိုင်းကျ ရရှိနိုင်သည့် အရသာက တပ်သားများကို တပ်မှ ထွက်မသွား နိုင်စေရန် ဆွဲဆောင် နိုင်ခဲ့ကြောင်း မီယာဘရွန်းက ထောက်ပြ ခဲ့ခြင်း ဖြစ်သည်။ ဤသို့ဖြင့် ရာသက်ပန် သစ္စာရှိမည့် တပ်သားများကို အိုင်အက်စ်တို့ ရရှိခဲ့ကြောင်း ဘရွန်းက ဆိုသည်။

"အိုင်အက်စ် တိုက်ခိုက်ရေးသမား အများစုက အိုင်အက်စ် အဖွဲ့ ထဲဝင်ရင် မိန်းမတွေ တစ်ယောက်မက ရယူနိုင်တယ်ဆိုပြီး ဝင်ကြတယ်။ အဲဒါကလည်း သူတို့ ကို အိုင်အက်စ် အဖွဲ့ကနေ မထွက်နိုင် စေဘဲ သေတစ်ပန် သက်တစ်ဆုံး အဖွဲ မှာ တာဝန်ထမ်းဆောင် သွားစေတဲ့ အချက်တစ်ချက်လည်း ဖြစ်တယ်"ဟု မီယာဘရွန်းက ပြောခဲ့သည်။

Ref: VOA
Mizzima

No comments:

Post a Comment