Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, December 27, 2014

ဗိုလ်မှူးကျော်စွာဝင်းအမှု ဥပဒေနှင့်အညီဖြစ်ရန် မိသားစုက ဒေါ်အောင်ဆန်းစုကြည်ထံ အကူအညီတောင်းခံ

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးတွင် ပါဝင်လက်မှတ်ရေးထိုးသဖြင့် ထောင်ဒဏ်ချမှတ်ခံရသည့် ဗိုလ်မှူးကျော်စွာဝင်းအမှုတရားဥပဒေနှင့်အညီဖြစ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော ပြည်သူ့လွှတ်တော်တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီကို မိသားစုက အကူအညီပေးရန် တင်ပြထားကြောင်း သတင်းရရှိသည်။
‘‘အဖွဲ့ချုပ် (အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်)ဥက္ကဋ္ဌ တာဝန် ယူထားတဲ့ ကော်မတီကိုလည်း အကူအညီပေးဖို့ တင်ပြထား တယ်။ နောက်ဒေါ်အောင်ဆန်းစု ကြည်ဆီကိုလည်း မိသားစုက အကူအညီပေးဖို့ စာရေးသားပေးပို့လိုက်တယ်’’ဟု ဗိုလ်မှူးကျော်စွာဝင်း၏ မိသားစုအစား ဒေါ်အောင်ဆန်းစုကြည်ထံ အဆိုပါကိစ္စရပ်များတင်ပြခဲ့သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြင်ဦးလွင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သီဟက ပြောကြားသည်။
ပုဒ်မ ၄၃၆ ပြင်ဆင်ရေးတွင် ပါဝင်လက်မှတ်ရေးထိုးသဖြင့် ထောင်ဒဏ်ချမှတ်ခံရသည့် ဗိုလ် မှူးကျော်စွာဝင်းအား အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လူမှုရေး ပိုင်းဆိုင်ရာ အကူအညီများပေး သွားရန်လည်းရှိသည်ဟု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သီဟထံမှ သိရသည်။
ဗိုလ်မှူးကျော်စွာဝင်းအား ဒီဇင်ဘာ ၅ ရက်တွင် ပြင်ဦးလွင် စစ်တရားရုံးက တပ်မတော်အတွင်း ထုတ်ပြန်ထားသည့် ဒေသန္တရအမိန့်ညွှန်ကြားချက်များကို လိုက်နာရန်ပျက်ကွက်ခြင်း ပုဒ်မ ၄၁(င)၊ တပ်မတော်သားတစ်ဦးနှင့်မသင့်လျော်သော ပြစ်မှုပုဒ်မ ၆၅ စသည့်ပုဒ်မများဖြင့် ထောင် ၂ နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ဗိုလ်မှူးကျော်စွာဝင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တွင် တပ်မှူးအဖြစ် တာဝန်ထမ်း ဆောင်စဉ် ၂၀၁၄ ဇူလိုင် ၇ ရက်က ပြင်ဦးလွင်သို့ တပ်တာဝန်ဖြင့် လာရောက်ရာ ပြင်ဦးလွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ၈၈ မျိုးဆက်ပွင့်လင်းလူ့ အဖွဲ့အစည်းတို့ ပူးပေါင်းလုပ်ဆောင်နေသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး၌ ပါဝင်လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
လက်မှတ်ရေးထိုးခဲ့သည့် ဇူလိုင် ၇ ရက်တွင်ပင် ဖမ်းဆီးခံရ ပြီး ပြင်ဦးလွင် တပ်မတော် လျှပ် စစ်နှင့် စက်မှုအင်ဂျင်နီယာသင် တန်းကျောင်း၌ ဖမ်းဆီးချုပ်နှောင် ခံရခြင်းဖြစ်သည်။ ဩဂုတ်တွင် တပ်တွင်းခုံရုံးဖွဲ့စစ်ဆေးပြီးနောက် ဒီဇင်ဘာတွင် ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေ ခံဥပဒေတွင် ဒီမိုကရေစီစံနှုန်းနှင့် မကိုက်ညီသည့်အချက်များပြင်ဆင်နိုင်ရန် ပထမဆုံးအနေဖြင့် ပုဒ်မ ၄၃၆ ပြင်ဆင်ရန် လိုအပ်သည့်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့သည် လက်မှတ်ရေးထိုး ဆန္ဒထုတ်ဖော်သည့်လှုပ်ရှားမှုတစ်ရပ်ကို ပူးပေါင်းပြုလုပ်ခဲ့ကြသည်။
ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရေး အတွက် လက်မှတ်ရေးထိုးဆန္ဒ ထုတ်ဖော်သည့် လှုပ်ရှားမှုမှရရှိလာသည့် လက်မှတ်ငါးသန်းခန့်ကို လွှတ်တော်သို့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့က ပေးပို့ထားသည်။
http://www.7daydaily.com/story/28061#.VJ9sg_8BjA

No comments:

Post a Comment