Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, December 3, 2014

ကျားဖြူပါတီ အမတ်နှစ်ဦးနှုတ်ထွက် - ကျားခေါင်းပါတီသို့ကူးပြောင်း


ဒီဇင်ဘာ ၃ ရက် ၂၀၁၄

သျှမ်းပြည်တောင်ပိုင်း သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် SNDP (ကျားဖြူ) ပါတီပြည်နယ် လွှတ် တော်အမတ်နှစ်ဦးက ၎င်းပါတီမှ နှုတ်ထွက်ကာ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD (ကျားခေါင်း) ပါတီသို့ ပူးပေါင်း လိုက်သည်ဟု သိရသည်။

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်ဇန်မြို့နယ် ပြည်နယ်လွှတ်တော် အမတ် စိုင်းသူရိန်ဦး၊ လဲချားမြို့ ပြည်နယ်လွှတ်တော် အမတ် စိုင်းကျော်ဇေယျ တို့က သျှမ်း တိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီ SNDP ခေါ် ကျားဖြူပါတီ မှ ၂၀၁၄ ဒီဇင်ဘာ ၂ ရက်နေ့ က နှုတ်ထွက်ကာ သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ခေါ် ကျားခေါင်းပါတီ သို့ ဝင်ရောက်ပူးပေါင်းလိုက်သည်။

“ကျနော့်မြို့နယ်က မြို့နယ်ကော်မတီဝင်၊ ပါတီဝင်တွေက တောင်းဆိုလို့ ကျနော်တရားဝင် ထွက်စာ တင်လိုက်တာပါ။ တမြို့နယ်လုံးလဲ ကျားခေါင်းပါတီ ပြောင်းလိုက်ပြီလို့ပြောရမှာပေါ့” - နမ့်ဇန်မြို့ နယ် မဲဆန္ဒနယ်အမှတ် ၂ ပြည်နယ်လွှတ်တော်အမတ် စိုင်းသူရိန်ဦးက ပြောသည်။

ထို့အတူ မိုင်းကိုင်၊ ကျေးသီး တို့တွင်လည်း ပါတီဝင်များ နှုတ်ထွက်ပြီး ကျားခေါင်းပါတီ သို့ကူးပြောင်း လိုက်ပြီဖြစ်ကြောင်းသိရသည်။ မိုင်းကိုင်မြို့နယ်၊ မိုင်းရှူးမြို့နယ်၊ မိုင်းတုံမြို့နယ် တို့တွင်မူ တမြို့နယ် လုံးပါတီကူးပြောင်းသွားပြီဖြစ်ပြီး ကျောက်မဲ၊ လားရှိုး၊ ပင်လောင်း၊ ဆီဆိုင် မြို့နယ်တို့ရှိကျားဖြူပါတီ ဝင်အများအပြား ကျားခေါင်းပါတီသို့ ကူးပြောင်းကြပါသည်။

သို့သော် ကျားဖြူပါတီဉက္ကဌ စိုင်းအိုက်ပေါင်းက ‘ လက်ရှိ ကျားဖြူပါတီဝင် ၄ သိန်းကျော် ရှိကြောင်း၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ကျားဖြူပါတီ အနိုင်ရရှိကာ အစိုးရဖွဲ့စည်းနိုင်ရမည်ဖြစ် ကြောင်း၊ သျှမ်းပြည်နယ်အစိုးရဖွဲ့စည်းနိုင်မှသာ သျှမ်းပြည်လူထုအရေး၊ သျှမ်းရွှေ့ပြောင်း အလုပ် သမားအရေး ကူညီဖြေရှင်းပေးနိုင်မည်ဖြစ်ကြောင်း’ ပြောသည်။

ကျားဖြူပါတီသည် ၂၀၀၈ ဖွဲ့စည်းပုံနှင့် ပြည်နယ်နှင့်တိုင်း ၁၄ ခုသဏ္ဌာန် ၁၄ ယူနစ်ဖြင့် ပြည်ထောင်စုတည်ဆောက်ရေးမူကိုလက်ခံထားသည်။ ကျားခေါင်းပါတီမှာမူ ပြည်ထောင်စုတည် ဆောက် ရာတွင် ၈ ပြည်နယ် စနစ် သို့တည်းမဟုတ် ၈ ယူနစ်စနစ်ဖြင့် စစ်မှန်သော ဖက်ဒရယ်ပြည် ထောင်စု စနစ်ကို တည်ဆောက်လိုသည်။

အစရှိ အချက်များကြောင့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မှီ သျှမ်းပါတီနှစ်ခု ပေါင်းစည်းနိုင်တော့မည် မဟုတ်ဟု ခေါင်းဆောင်အသီးသီးက ပြောဆိုသည်။ သျှမ်းပါတီ နှစ်ခုပေါင်းစည်းရန် သျှမ်းတပ်မ တော်နှစ်ခု ပေါင်းစည်းရန် သျှမ်းလူငယ် သျှမ်းလူထုနှင့် သံဃာထုက အကြိမ်ကြိမ် တောင်းဆိုနေကြ သည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese

No comments:

Post a Comment