Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, December 20, 2014

သာစည်မြို့နယ် ကွမ်းခြံတောကျေးရွာတွင် ကလေးသုံးမြွှာပူးမွေးဖွား


သာစည် ဒီဇင်ဘာ ၂ဝ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ် ညောင်ရမ်း ကျေးရွာအုပ်စု ကွမ်းခြံတောကျေးရွာတွင် စက်တင်ဘာ ၁၂ ရက် နံနက်က ကျပန်းအလုပ်သမား ဦးကျော် ဝင်းထွန်း၏ဇနီး မကြူကြူစိန် (၃၄)နှစ်က သုံးမြွှာပူးမိန်းကလေး သုံးဦးကို မွေးဖွားခဲ့သည်။

ယခုအခါ မိခင်နှင့်ကလေးသုံးဦးစလုံးမှာ ကျန်းမာစွာရှိနေကြသည်။ မကြူကြူစိန်မီးဖွားရာတွင် အရပ်လက်သည်လည်းမပါ။ ကျေးလက်ကျန်းမာ ရေးဆရာမလည်းမပါဘဲ အိမ်ရှိ အဒေါ်များ၏ အကူအညီဖြင့် ပထမဦးဆုံး အကြီးမိန်းကလေးကို နံနက် ၄ နာရီခွဲအချိန်တွင် လည်းကောင်း၊ ဒုတိယမိန်းကလေးကို နံနက် ၄ နာရီ မိနစ် ၄ဝ တွင်လည်းကောင်း၊ အငယ်ဆုံး မိန်းကလေးကို နံနက် ၄ နာရီ မိနစ် ၅ဝ တွင်လည်းကောင်း တစ်ဦးနှင့်တစ်ဦး ၁ဝ မိနစ်စီခြား၍လွယ်ကူစွာ အခက်အခဲမရှိမွေးဖွားနိုင်ခဲ့ကြောင်း သိရသည်။

ယခုအခါ ကလေးများမှာ သုံးလကျော်အရွယ်သို့ ရောက်ရှိနေပြီဖြစ်ပြီး ကျန်းကျန်းမာမာရှိနေသော်လည်း မိခင်မှာ ကလေးသုံးဦးကို အလှည့်ကျ နို့တိုက်နေရသဖြင့် မိခင်နို့ရည်ဖြင့် မလုံလောက်၍ နို့ဘူးကူတိုက် နေရသောကြောင့် နို့မှုန့်ဝယ်ယူရန် ငွေကြေးအခက်အခဲနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

(မောင်ကို)
The Mirror Daily
https://www.facebook.com/TheMirrorDaily

No comments:

Post a Comment