Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, December 9, 2014

ဂျပန်နဲ့ဖက်စပ်ရိုက်မဲ့ကားကို ငြင်းလိုက်ပြီဆိုတဲ့ အိချောပို

ခင်ဆွေသက်
ဂျပန်နဲ့မြန်မာ ဖက်စပ်ရိုက်မဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ပတ်သတ်ပြီး မြန်မာသရုပ်ဆောင်တွေထဲက အိချောပို ကို လျာထားတဲ့ကိစ္စနဲ့ပတ်သတ်ပြီး အိချောပိုက သူမနဲ့မသက်ဆိုင်တော့ကြောင်း ဒီဇာတ်ကားကို လက်ခံရိုက်ကူးဖို့ ငြင်းလိုက်ပြီဖြစ်ကြောင်းကို အခုလိုပဲ ပြောပြလာခဲ့ပါတယ်။ “အဲ့ဒီ ဂျပန်ကိစ္စက လွန်ခဲ့တဲ့ တစ်နှစ်ကတည်းက ဂျပန် မင်းသားနဲ့ ကားရိုက်ဖို့ ရှိတယ်ဆိုပြီး ရက်တွေ တောင်းထားတယ်။ မင်းသားက ဆန်ဒီချီးဘားတဲ့။ ၆ လပိုင်း ၊ အဲ့ဒီကနေ ၈လပိုင်း၊ ၁၀ လပိုင်း ၁၁ လပိုင်း ၁၂ လပိုင်း ထိဖြစ်လာတယ်။ အကောင်အထည်လဲ မဖော်ဖြစ်တော့ အိချောက နောက်ဆုံးချိန် တွေ့ဖြစ်တဲ့အချိန်မှာ ကိုလူမင်းနဲ့အစည်းအရုံးမှာ ကားရိုက်နေတဲ့ချိန် သူလာတွေ့တယ်။ အိချောကို ပြောတယ်။ ကားရိုက်အတွက် ရက်ပေးဖို့ပေါ့။ အဲ့ဒီမှာ အိချောကလဲ ကားရိုက်ဖို့ ရက်မပေးနိုင်တော့လို့ သေသေချာချာဖြစ်အောင် သူ့ကို မေးလိုက်တော့ ဒီကားရိုက်ဖြစ်ရင် စာချုပ်ချုပ်ရမယ်တဲ့။ ဘယ်လိုစာချုပ်မျိုးလဲထပ်မေးတော့ ဆင်းအတိအကျသိရရင် အိချောပိုပြ အကြောင်းပြန်ပေးမယ်လို့ပြောထားတာ၊ အစကတော့ သရဲကားတဲ့။ နောက်ပိုင်းကျတော့ တစ်မျိုးပြောင်းသွားပြန်ရော။ အဲ့လိုလေးတွေပေါ့။ နောက်ဆုံးတစ်ခေါက် သူလာတွေ့တဲ့ချိန်မှာ အစည်းအရုံးမှာပေါ့။ သူကရိုက်တော့မယ်။ စာချုပ်ချုပ်ရမယ်တဲ့။ ဆန်ဒီချီးဘား မင်းသားကြီးကလဲ စာချုပ်ချုပ်ထားတယ်ဆိုပြီး ဂျပန်စာတွေနဲ့စာချုပ်တစ်ခုကို ထုတ်ပြတယ်။ လက်မှတ်လို့ ပြောထားတယ်။ တံဆိပ်ခေါင်းထုထားတဲ့ စာချုပ်ပေါ့။ ဂျပန်စာဆိုတော့ အိချောတို့ကိုယ်တိုင်လဲ နားမလည်ဘူး။ မိတ္တူဆိုတော့ အဲ့ဒါလေး ပေးလိုက် ဘာသာပြန်ကြည့်မယ်ဆိုတော့ အဲ့ဒါလဲ မပေးလိုက်ဘူး။

သူတို့က နိုင်ငံခြားက သူတောင် စာချုပ်ချုပ်ရတယ်ပေါ့။ မြန်မာနိုင်ငံက မင်းသားမင်းသမီးလဲ စာချုပ်ချုပ်ရမယ်လို့ပြောတယ်။ အဲ့ဒီတော့ အိချောက ဘယ်လိုချုပ်ရမလဲလို့မေးလိုက်တော့ တချို့တွေကတော့ ပါချင်လို့ဆိုပြီး ပိုက်ဆံ စပွန်ဆာ ထည့်တယ်တဲ့။ အိချောက မထည့်နိုင်ဘူးလို့ ပြောလိုက်တယ်။ အဲ့ဒီတော့ သူတို့က မထည့်လဲရတယ်။ အိချောကိုတော့ သူတို့ရွေးထားတယ်လို့ပြောတယ်။ ဒါပေမဲ့ စာချုပ်ချုပ်ပေးရမယ်လို့ ပြောတယ်။ ဘယ်လိုစာချုပ်မျိုးလဲလို့ပြောလိုက်တော့ အိချောနဲ့ချုပ်လိုက်တဲ့နေ့၊ ဒီနေ့ကစပြီးတော့ ၂၅ ရာခိုင်နှုန်းပေးရမယ်တဲ့။ ဟုတ်ပြီ ပေးရမယ်ဆိုတာ အစ်ကိုတို့ရှာပေးတဲ့ အလုပ်ကိုလား ဆိုတော့ အဲ့ဒါလဲမဟုတ်ပြန်ဘူး။ အဲ့လိုက နဲနဲသဘာဝကျတယ်လေ။ သူတို့ရှာပေးတဲ့ အလုပ်ဆိုတော့ အဲ့လိုမဟုတ်ဘူး။ ဘာအလုပ်ပဲဖြစ်ဖြစ် အိချောရှာထားတဲ့အလုပ်ကို၂၅ ရာခိုင်နှုန်း ပေးရမှာတဲ့။ အဲ့ဒါဆို အစ်ကိုတို့က ဘာအလုပ်တွေ ရှာပေးမှာလဲဆိုတော့ ဘာမှမရှာပေးဘူးတဲ့။ နောက်မှဖြေးဖြေးချင်း ရှာပေးသွားမယ်တဲ့။ အဲ့ဒါဆို အစကတည်းက စာချုပ်မှာ အတိအကျထည့်ချုပ်ရမယ်လေဆိုတော့ အစ်ကိုတို့ ဘာအလုပ်တွေ ရှာပေးမယ်ဆိုတာ အတိအကျ ထည့်ချုပ်ရမယ်လေဆိုတော့ အဲ့ဒါလဲမဟုတ်ဘူး။ နောက်မှ သူတို့က ရှာပေးမှာ လောလောဆယ်တော့ အိချောဖက်ကို ချုပ်ပေးပါတဲ့။ အဲ့ဒါနဲ့အိချောက စဉ်းစားမယ်လို့ပြောလိုက်တယ်။ သူက အိချောဖက်ကဟာ ပေးရမယ်ဆိုတော့ အကျိုးအမြတ် အိချောအတွက်ဘာရမလဲဆိုတော့ ဇီးရိုးတဲ့။ အဲ့ဒီ ၂၅ ရာခိုင်နှုန်းဘာလို့ယူတာလဲဆိုတော့ နိုင်ငံခြားက သရုပ်ဆောင်တွေလို မန်နေဂျာ ထားပေးမှာမို့လို့တဲ့။ အစအဆုံး သူတို့ပဲစီစဉ်ပေးမှာမို့လို့တဲ့။ တကယ်တမ်း ဒါမျိုးက ကောင်းပါတယ်။ ဒါပေမဲ့ အိချောတို့မြန်မာနိုင်ငံမှာကျတော့ တကယ်တမ်း ကိုယ့်တွက် အလားအလာ အများကြီး ရှိတယ်ဆိုရင်တော့ တစ်မျိုးပေါ့နော်။ ၂၅ ရာခိုင်နှုန်းယူရတာက ကားစီစဉ်ပေးမှာမို့လို့တဲ့။ ကားကတော့ မြန်မာနိုင်ငံမင်းသားမင်းသမီးတွေမှာလဲ ရှိပါတယ်ပေါ့။ မန်နေဂျာက ကိုယ့်အလုပ်တွက် လူယုံလား၊ ဒါမှမဟုတ် သူ့အတွက် လူယုံလားဆိုတာလဲမသိဘူး။ အဲ့ဒီတော့အဆင်မပြေဘူး။ ကိုယ့်ဆီက ၂၅ ရာခိုင်နှုန်းကိုပဲ ပေးရမှာဆိုတော့အဆင်မပြေဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံကို ဆန်ဒီချီးဘားလာတော့ ဆန်ဒီချီးဘားကို မြန်မာတွေနဲ့ ဖက်စပ်ရိုက်ဖို့ ရှိလားဆိုတော့ မရှိပါဘူးတဲ့ ထွက်ဆိုတယ်။ အဲ့ဒီတော့လွဲနေပြီဆိုတော့ အန်ကယ်လေးနဲ့ရိုက်နေချိန်သူကလာတာဆိုတော့ အန်ကယ်လေးလဲသိတယ်။ အဲ့ဒါနဲ့ပဲငြင်းလိုက်ပါတယ်”လို့ သူမက ပြောပါတယ်။
Trend Myanmar

No comments:

Post a Comment