ဆဒုံး - ကန်ပိုက်တီ ဒေသတွင်းရှိ အိမ်ထောင် မိသားစုပေါင်း (၁၈၀) ခိုလှုံ နေသော စင်ကြိုင် ကချင် စစ်ပြေးဒုက္ခသည် စခန်းသည် ယမန်နေ့  ဒီဇင်ဘာ (၂၉) ရက်ည (၁၀) နာရီ မှ စတင်ကာ ည (၁၂) နာရီထိ ပြင်းထန်သော မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။
၎င်းမီးလောင်မှုတွင် အိမ်ခြေ (၁၀၀)ကျော် နှင့် ဘုရားကျောင်း တစ်ကျောင်း ၊ ၄င်းဒုက္ခသည် စားခန်း၏ ရိက္ခာဂို ဒေါင် တို့ မီးလောင်သည့်အထဲ ပါသွားကြောင်း သိရှိရပါသည်။
ဝါယာကြိုး ရှော့ ဖြစ်ရာမှ မီးစတင် လောင်ကြွမ်းခဲ့ခြင်း ဖြစ်ပြီး မီးလောင်ရာတွင် လူသူ အသေအပျောက်မရှိသော်လည်း ဆိုင်ကယ် (၆) စီး ပါသွားကြောင်းလည်း ထပ်မံ သိရှိရပါသည်။
ယနေ့ (၃၀.၁၂.၂၀၁၄) ရက်နေ့ နံနက် ပိုင်း တွင် ဦးဝမ်ထည် ဒိုင်ခေါင် ဦးဆောင်သော နယ်ခြားစောင့်တပ်အမှတ် (၁၀၀၃) (ယခင် -NDAK) အဖွဲ့ မှ မီးဘေးဒဏ်သင့် သူများအား ဆန်အိတ် (၇၀) နှင့် အခြား သောအရေးပေါ် လိုအပ်ချက်များအား လာရောက် ကူညီထောက်ပံ့ ပေးပြီး မီးလောင် ပြင်အား ဘက်ဖိုး ဖြင့် လာရောက်ရှင်းလင်း ပေးခဲ့ ကြောင်း ဒေသခံများထံမှ သတင်းရရှိပါသည်။
(By-Lachid Kachin)
https://www.facebook.com/lachid.kachin



No comments:
Post a Comment