Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, December 1, 2014

နေထိုင်ရန် အခက်ခဲ ဖြစ်ပေါ်နေသော အိမ်ထောင်စု နှစ်ထောင်ကျော်ကို မြေနေရာများ အခမဲ့ပေးမည်

ရန်ကုန်မြို့တွင် နေထိုင်ရန် အခက်အခဲ ဖြစ်ပေါ်နေသော မိသားစု နှစ်ထောင်ကျော်ကို ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူး မြို့နယ်တွင် အခမဲ့ နေထိုင် နိုင်ရန် အတွက် လာမည့် ဒီဇင်ဘာလတွင် မြေနေရာများ ချထားပေး သွားမည် ဖြစ်ကြောင်း ယင်းမြေနေရာ များကို လှူဒါန်းမည့် သဘာဝ တရား ရိပ်သာ (သန်လျင်) မှ စုံစမ်း သိရသည်။ အဆိုပါ မြေနေရာသည် လှည်းကူး မြို့နယ် ၊ ဖောင်ကြီး ဗဟိုဝန်ထမ်း တက္ကသိုလ် သင်တန်းကျောင်းနှင့် သစ်နီပင် ကျေးရွာ အနီးတွင် တည်ရှိပြီး၊ အိမ်ထောင်စု တစ်စု နေထိုင်ရန်အတွက် မြေနေရာ အကျယ်အ၀န်းကို ပေ (၃၀)၊ပေ(၂၀)သတ်မှတ်ပေးထားပြီး ဖြစ်ကြောင်း သိရသည်။ အဓိက ကတော့ နေထိုင်ဖို့ အခက်အခဲ ဖြစ်နေသူတွေ အဆင်ပြေ၊ စိတ်အေးချမ်းစွာ နေထိုင်နိုင်ပြီး တရားဓမ္မပွားများ နိုင်ဖို့ အတွက် လှူဒါန်း ပေးတာ ဖြစ်ပါတယ် ဟု နေထိုင်ရန် အခက်အခဲ ရှိနေသူ များကို တာဝန်ယူ နေရာ ချထားပေးမည့် သဘာဝ တရားရိပ်သာမှ ဆရာတော် ဦးဝိမလက မိန့်ကြားသည်။

အဆိုပါ မြေနေရာများကို ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် အစောပိုင်းက သာဘာဝတရား ရိပ်သာက ၀ယ်ယူခဲ့ခြင်း ဖြစ်ပြီး လက်ရှိ တွင်လည်း ယင်း မြေနေရာပေါ်တွင် အိမ်ထောင်စု တစ်ရာကျော်ကို နေရာချ ထားပေးပြီး ဖြစ်သည်။ ထိုမြေနေရာတွင် နေထိုင်နိုင်ရန် အတွက် သဘာဝတရား ရိပ်သာသို့ မည်သည့် ငွေကြေး တစ်စုံတစ်ရာမှ ပေးသွင်းရန် မလိုအပ်ဘဲ တရားစခန်း ခုနစ်ရက်သာ ၀င်ရောက် ရကြောင်း အဆိုပါ တရား ရိပ်သာ၏ တာဝန်ခံ ဦးအောင်ကျော် က ပြောသည်။

ဖြစ်နိုင်ရင် ရန်ကုန်မြို့နဲ့ နီးတဲ့နေရာမှာ နေရာ ချထားပေး ချင်ပေမယ့် ရန်ကုန်နဲ့ နီးတဲ့ နေရာဆိုရင် မြေနေရာက အကျယ်ကြီး မရနိုင်ဘူး။ ကျွန်တော်တို့က လူတွေ အများကြီးကို ကူညီချင်တာ ဆိုတော့ မြေနေရာ အကျယ်ကြီး ရနိုင်မယ့် နေရာကိုပဲ ရွေးနိုင်တော့ လှည်းကူး ဘက်မှာ စီစဉ် ဖြစ်သွား တာပါ ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ တရားဝင် ထုတ်ပြန်ချက်များ အရ ရန်ကုန်တိုင်းဒေသကြီးတွင် လူဦးရေ မြင့်တက်မှု နှင့် အတူ မြေဈေး၊ အိမ်ဈေးနှင့် အိမ်ငှားရမ်းခ ဈေးနှုန်း မြင့်တက်မှု တို့ကြောင့် နှစ်စဉ် အိမ်ထောင်စုပေါင်း နှစ်သောင်းဝန်းကျင်ခန့် အိမ်ယာမဲ့ ပြဿနာများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

ပြောင်းရွှေ့ချထားပေးမယ့် အိမ်ထောင်စု နှစ်ထောင်ကျော် အပြင်နေစရာ အခက်အခဲရှိလို့ မြေနေရာ တောင်းရင်း တရားစခန်း လာဝင်တဲ့သူ ကတစ်ပတ်ကို လူ (၂၀) လောက်ရှိတယ်။ ကျွန်တော်တို့ ကတော့ မြေနေရာ ရှိသရွေ့ ပေးသွားဖို့ ဆုံးဖြတ်ထားတယ် ဟု ဦးအောင်ကျော်က ပြောသည်။ လက်ရှိတွင်ဧက (၁၅၀) ကျော်ရှိသော အဆိုပါမြေ နေရာတွင် အိမ်ထောင်စု တစ်ရာ ကျော်သာ နေထိုင်လျက်ရှိ သော်လည်း နောက်တိုး အိမ်ထောင်စု များကို လက်ခံနိုင်ရန် အတွက် အိမ်ခြေ ငါးရာကျော်ကို ထပ်မံ တည်ဆောက်ထားကြောင်း သိရသည်။ အလားတူ မြေလှူဒါန်း ပေးမှုကို ရန်ကုန်တိုင်း ဒေသကြီး သန်လျင်မြို့နယ် တွင်လည်း ဆောင်ရွက်ပေး ထားပြီး ယင်းသန်လျင် မြို့နယ်ရှိ လှူဒါန်းထားသော မြေ နေရာကို စေတနာရွာ ဟု အမည်ပေး ထားကာ လူဦးရေတစ်သောင်းကျော် မှီတင်းနေထိုင်လျက်ရှိကြောင်း သိရသည်။
http://www.messengernewsjournal.com/news/HeadNews/?id=27183

No comments:

Post a Comment