Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, December 28, 2014

(2) American English in Burmese - It's a Hair Day! စကားလုံးတွဲ အသုံးပြုပုံ

American English in Burmese - It's a Hair Day! Learn Burmese and English
ဒီဗီဒီယိုမှာတော့ Hair စကားလုံးပါတဲ့ Day စကားလုံးပါတဲ့ အမေရိကန် idiom စကားလုံးတွဲ အသုံးအနှုန်းပုံစံကို ပြောပြပါတယ်။
(၁) Get Out of Your Hair ဆိုတာက သူတစ်ပါး အလုပ်ရှုပ်နေတဲ့အခါ ကိုယ်က အနှောင့်အယှက် မပေးတော့ပါဘူး ဆိုတဲ့ အဓိပ္ပာယ်နဲ့ ပြောတဲ့ စကားလုံးတွဲပါ။
(၂) Hot Mess ဆိုတာကတော့ အစီအစဉ်မရှိ အကုန် ရှုပ်ထွေးပွေလီနေတဲ့ အခြေအနေမှာ သုံးပါတယ်။
(၃) Bad Hair Day ဆိုတာတော့ လူတိုင်းကြုံဖူးမှာပါ။ မနက်မိုးလင်း အိပ်ရာထတဲ့အခါ ဆံပင်တွေ ထိုးထိုးထောင်ထောင် ပုံမကျပန်းမကျ ဖြီးလို့သင်လို့ မရဘဲ ဖြစ်နေတာလေ။ အဲဒီလို မျက်စိနှစ်လုံးပွင့်ကတည်းက တစ်နေ့လုံး အဆင်မပြေဘဲ ကမောက်ကမ ဖြစ်နေတဲ့အခါ “ဒီနေ့ တွတ်ပီ ကံမကောင်း” လို့ ပြောချင်ရင် “Today’s a bad hair day”လို့ တင်စားပြီး သုံးကြပါတယ်။
(၄) Let’s Call It A Day ဆိုတဲ့ idiom စကားလုံးတွဲကတော့ တစ်နေ့တာ လုပ်စရာ အားလုံးပြီးသွားတဲ့အခါ ဘာမှ ဆက်မလုပ်တော့ဘူးဆိုရင် သုံးကြပါတယ်။ အလုပ်မှာ လုပ်စရာဘာမှမရှိတော့ရင် ဒီစကားလုံး သုံးလို့ရပါတယ်။
ကြေးမုံပြောသလို လိုက်ပြောကြည့်ရင် ခေါင်းထဲမှာ အလိုလို မှတ်မိနေတာ တွေ့ရပါလိမ့်မယ်။
http://kabarthit.com/index.php?option=com_content&view=article&id=415:2-american-english-in-burmese-it-s-a-hair-day&catid=39&Itemid=355

No comments:

Post a Comment