Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, December 28, 2014

(1) အမေရိကန် ဗန်းစကား- နှုတ်ဆက်တဲ့စကားလုံး


အခု ပထမဆုံး အစီအစဉ်မှာ လူငယ်တွေ အချင်းချင်းတွေ့တဲ့အခါ နှုတ်ဆက်ပုံကို ပြောပြထားပါတယ်။ အများသိပြီးသား What’s up? ဆိုတာကို လွတ်လပ် ပေါ့ပါးစွာ ဘယ်လို သုံးကြသလဲ၊ အပြောအဆို လေယူလေသိမ်းကို လေ့လာကြည့်ရင်း၊ တစ်ခြား အသုံးအနှုန်းတူတဲ့ နှုတ်ဆက်ပုံတွေကိုလည်း သိသွားပါမယ်။
“ဟေ့…ဘယ်လိုလဲ” “ဘာထူးသလဲ”ဆိုတဲ့ ဒီလို ဗန်းစကားမျိုးကို လူကြီးမိဘ၊ အထက်အရာရှိတွေကို မသုံးရဘဲ တန်းတူရည်တူ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့သာ ပြောဆိုဖို့လည်း သတိပေးထားပါတယ်။
ပြီးတော့၊ ကိုယ့်ကို သူများက ဒီလိုမေးလာရင် ကြောင်အမ်းအမ်း ဖြစ်မနေဘဲ ဘယ်လိုပြန်ဖြေရမလဲဆိုတာလည်း ပြောပြထားပါတယ်။
ဘာသာစကားတစ်ခုကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ဖို့ဆိုတာ နှုတ်သွက်လျှာသွက် ရဲရဲတင်းတင်း ပြောကြည့်ဖို့ အလွန် အရေးကြီးတယ်လေ။ ဒီတော့၊ ခုလို အလွန်လွယ်ကူတဲ့ စကားလုံးတွေက စပြီး အပြောကျင့်လိုက်ရင် ခဏလေးနဲ့ တတ်သွားမှာပါ။
 http://kabarthit.com/index.php?option=com_content&view=article&id=414:1&catid=39:2014-08-30-20-50-03&Itemid=355
 https://www.youtube.com/watch?v=YDoGLmUIcz4#t=20

No comments:

Post a Comment